Tag: Local News
Local News
နမ္မတူမြို့နယ် ၊ ပန်လုံကျေးရွာအုပ်စုအတွင်းမှာ RCSS/SSA တောင်ပိုင်းတပ်နဲ့ TNLA တအန်း(ပလောင်)၊ SSPP/SSA မြောက်ပိုင်း ပူးတပ်တွေအကြား မတ်လကုန်ပိုင်း စတင်ဖြစ်ခဲ့ပြီး သင်္ကြန်ကာလမှာ တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ရာက ဗုဒ္ဓဟူးနေ့ ညနေခင်းပိုင်းမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့တာပါ။ ဒီတိုက်ပွဲဟာ ပန်လုံကျေးရွာအုပ်စု မန်ကျန်းရွာနဲ့ မန်ဆာရွာတွေမှာ ဖြစ်ပွားနေပြီး နေအိမ်တွေ မီးလောင်နေကြောင်း ပန်လုံဒေသခံက အခုလို
Read More
Local News
အာဏာသိမ်း စစ်ကောင်စီကို လက်မခံကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးနဲ့ ပူးပေါင်းကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က ဒီနေ့ရက်စွဲနဲ့ ကြေညာပါတယ်။ ချင်းအမျိုးသားတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေးနဲ့ ငြိမ်းချမ်းလူ့အဖွဲ့အစည်းတည်ဆောက်ဖို့၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာပါဝင်တဲ့ အဖွဲ့အစည်းတွေနဲ့အတူ နိုင်ငံရေးသဘောတူညီချက် ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး ဖလမ်းမြို့နယ်၊ ချင်းပြည်နယ်ပြင်ပ (ကလေး-ကဘော်)ရှိ ချင်းလူငယ်တွေနဲ့ နိုင်ငံတကာရှိ ချင်းလူမျိုးတွေက ဧပြီလ ၁၃
Read More
Local News
ဖက်ဒရယ်တပ်မတော်ရဲ့ ရှေ့ပြေးအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် People Defense Force ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်ကနေ ဖွဲ့စည်းသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဉီးရည်မွန်က ပြောကြားလိုက်ပါတယ်။ အဲဒီတပ်မတော်ဟာ နောင်တချိန်ဖြစ်လာမယ့် ဖက်ဒရယ်တပ်မတော်ရဲ့ အစိတ်အပိုင်းလည်း ဖြစ်တယ်လို့ သူကဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ တိုင်းချစ်ပြည်ချစ်စိတ်ရှိတဲ့လူငယ်တွေ၊ စစ်အာဏာရှင်ကို လက်မခံဘဲ ဖက်ဒရယ်ဒီမိုကရေစီအတွက် လိုအပ်တဲ့ စွန့်လွှတ်မှုကို ပြုဖို့
Read More
Local News
ဧပြီ ၃ရက် အကြမ်းဖက် စစ်ကောင်စီမှ မြန်မာ-ထိုင်းနယ်စပ်ရှိ (RCSS/SSA) တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်သဖြင့် နယ်စပ်တလျောက် တွင် နေထိုင်သည့် သျှမ်းစစ်ဘေးရှောင် (၆၀၀၀) ကျော် စိုးရိမ်ထိတ်လန့်ကာ ဗုံးခိုကျင်းများ ကြိုတင်ပြင်ဆင် နေကြကြောင်း သတင်းရရှိသည်။ မတ် ၃၀ ရက်တွင် အကြမ်းဖက် စစ်ကောင်စီမှ မြန်မာ-ထိုင်းနယ်စပ်တလျောက်ရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေး
Read More
Local News
ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၅ ရပ်ကွက် ရေပူရွာအနီးရှိ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေး တံတားအောက်နေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရဲတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ယနေ့ ဧပြီလ ၂ ရက် ည ၇း၃၀ အချိန်ခန့် မြဝတီမြို့ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတား
Read More
Local News
မြန်မာ့အာဏာသိမ်းမှုသည် ပြည်တွင်းအရေးသာဖြစ်သောကြောင့် ကြားဝင်မစွက်ဖက်သင့်ဟု အနောက်နိုင်ငံများကိုပြောသော တရုတ်အစိုးရသည် ယခုချိန်တွင် သူကိုယ်တိုင် လျှာရှည်ကြားဝင်စွက်ဖက်နေခြင်းဖြစ်သည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ စစ်တပ်များကို တိုက်ခိုက်သိမ်းပိုက်မှုများ မပြုလုပ်ရန် KIA အား တရုတ်အစိုးရဖိအားပေးပြောဆိုခြိမ်းခြောက်နေကြောင်း သိရသည်။ ဤသို့ ဖိအားပေးခြိမ်းခြောက်မှုကို လက်ခံခြင်းမရှိပါက KIA ထိမ်းချုပ်နယ်မြေဖြစ်သော လိုင်ဇာမြို့ နှင့် မိုင်ဂျာယန်မြို့အား အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ တိုက်လေယာဉ်ဖြင့်အပြင်းအထန်တိုက်ခိုက်မည်ဖြစ်ကြောင်းလည်း တရုတ်အစိုးရမှ ထပ်မံသတိပေးထားသည်။
Read More
Local News
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သပြေအေးရွာမှာ ဧပြီ ၂ ရက် ဒီနေ့မနက် ၃ နာရီခွဲလောက်မှာ အကြမ်းဖက်စစ်တပ်နဲ့ရဲတွေက ဝင်ရောက်ပစ်ခတ်တာကြောင့် ဒေသခံတွေက ပြန်လည်ခုခံတွန်းလှန်ခဲ့ကြပြီး ၄ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ အခင်းဖြစ်နေရာမှာရှိ ရွာသားတဦးက ပြောပါတယ်။ “ပြည်သူတွေက ဝိုင်းပြီးတွန်းလှန်ကြတော့ သူတို့ နောက်ဆုတ်သွားပြီး။ ကျနော်တို့ပြည်သူ ၄ ယောက်ကို သူတို့ဖမ်းခေါ်သွားတယ်။ ၂
Read More
Local News
အာဏာသိမ်းစစ်အစိုးရက မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် အသုံးပြုမှုကို ဒီကနေ့ စတင်ကန့်သတ်ပိတ်ပင်လိုက်ပါတယ်။ ဖေ့စ်ဘွတ်ခ် အသုံးမပြုနိုင်ရေးအတွက်ဆက်သွယ်ရေးအော်ပရေတာတွေ၊ International Gateway ဆောင်ရွက်ခွင့်ရှိသူတွေ၊ ISP (Internet Service Provider)တွေအနေနဲ့ အကြောင်းကြားတဲ့အချိန်ကစပြီး ဖေဖော်ဝါရီ ၇ ရက် အထိပိတ်ထားဖို့ ညွှန်ကြားထားတဲ့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့စာမှာ ဖော်ပြပါတယ်။ လက်ရှိကာလမှာ အဖျက်အမှောင့် လုပ်နေသူတွေက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကို
Read More
Local News
တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းလိုက်သည့်အတွက် နိုင်ငံအတွင်း ဆေးရုံပေါင်း (၇၀)ကျော်တွင် တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပညာရေးအဖွဲ့များက Civil Disobedience Movement Campaign ကို ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၃) ရက်နေ့၌ စတင်ပြီဟု ကြေညာထားသည်ကို တွေ့ရသည်။ အဆိုပါ လှုပ်ရှားမှုမှာ စစ်အာဏာသိမ်းသည့်လုပ်ရပ်အား ကန့်ကွက်သည့်အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သည့်အနေဖြင့်
Read More
Local News
၁။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ပတ်သက်၍ သမာသမတ်ရှိသည့် လူပုဂ္ဂိုလ်များနှင့် စစ်ဆေးပြီး ရလဒ်များ ထွက်ပေါ်လာပါက ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်မည်။ ၂။ ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရန် ပြည်ပမှ မှာယူထားသော ကာကွယ်ဆေးများ ရောက်ရှိလာရေးအတွက် လိုအပ်သည့် လေယာဉ်ဖြတ်သန်းခွင့် ကိစ္စရပ်များအား စည်ကမ်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားရမည်။ ၃။ ဗုဒ္ဓဘာသာ
Read More