Month: May 2021
knowledge
အာဏာသိမ်းစစ်တပ်ဟာ အဖက်ဖက်က ကြိုတင်ကာကွယ်တားဆီးနေကြောင်းတွေ့မြင်နေရပါပြီ။ ကြည်း၊ရေ၊လေနှင့် ပြည်ထဲရေးကို အပိုင်ရထားသည့်အတွက် မြန်မာပြည်ကို အတွေ့ကြုံရှိရှိ ထိန်းချုပ်နိုင်အောင် ကြိုးစားမှုတစ်ခုပါပဲ။ ရှမ်းပြည်က SSA ကို ထိန်းချုပ်ဖို့ UWSA နဲ့ ပူးပေါင်းထားတာတွေ့ရတယ်။ SSA နဲ့ စစ်ဖြစ်လာရင် UWSA မင်းရှေ့ကသွားတိုက် ငါတို့နောက်ကလိုက်ခဲ့မယ်ဆိုတဲ့သဘောပါ။ နယ်မြေရခဲ့လျှင် မင်းယူဆိုပြီး ခွန်ဆာကို အနိုင်ရခဲ့သလိုမျိုး ပုံစံဖန်တီးနေတော့
Read More
knowledge
နိုင်ငံတကာသတင်းဌာနတွေနဲ့ မြန်မာ့အရေးသုံးသပ်သူတွေက ၊ မြန်မာဟာ ပြည်တွင်းစစ်ဆီကို ဦးတည်နေပါတယ်တဲ့ ။ ဒီလို ပြည်တွင်းစစ်ဆီကို ဦးတည်နေတဲ့အတွက် အကြမ်းဖက်မှု့တွေ ၊ သွေးထွက်သံယိုမှု့တွေနဲ့ ဒုက္ခရောက်သူအရေအတွက်လည်း တိုးပွားလာနိုင်ပါသတဲ့ ။ မြန်မာကို ကုလအနေနဲ့ အမြန်ဆုံးမဝင်နိုင်ခဲ့ရင် ဆီးရီးယားလို ပြည်တွင်းစစ်နဲ့ရင်ဆိုင်ရတော့မယ် ၊ ကမ္ဘာကြီးဟာ မြန်မာကို R2P နဲ့ ကူညီနိုင်ပါသလား ..
Read More
Local News
သံလွင်မြစ်ပေါ်တွင် ပထမဆုံးတည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းကို အစိုးရက ပြည်သူအားချမပြဘဲ တရုတ်ကုမ္ပဏီနှင့် အေးရှားဝေါလ်သို့ အပြီးသတ်လုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း သိရပါသည်။ သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် အထက်သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်ရန် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော Hanergy Group Holding Limited နှင့် အေးရှားဝေါလ်ကုမ္ပဏီတို့ကို အပြီးသတ်လုပ်ခွင့်ပြုလိုက်ပြီး မေလတတိယပတ်က သဘောတူစာချုပ်ချုပ်ခဲ့သည်ဟု လျှပ်စစ်စွမ်းအား၀န်ကြီးဌာနမှ သတင်းရရှိသည်။ Hanergy Group
Read More
Local News
ကယားပြည်နယ်၊ ဒီးမောဆိုမြို့နယ်ရှိ ငုပလော့ကျေးရွာတွင် ၂၀၂၁ ခုနှစ်၊ မေလ (၂၇) ရက်နေ့ နံနက်ပိုင်းက စစ်ရှောင်စခန်းအတွက် ကျေးရွာပြန်၍ ရိက္ခာသယ်သည့် စစ်ရှောင်လူငယ်နှစ်ဦးကို အာဏာသိမ်းစစ်ကောင်စီ၏တပ်က ငုပလော့ဆည်အနီး တွင် ကြိုးတုပ်၍ ပစ်သတ်လိုက်ကြောင်း သိရသည်။ “ဟုတ်တယ်။ စစ်ရှောင်လူငယ်လေး (၂)ဦးကို ဒီမနက် (၅)နာရီနဲ့ (၆)နာရီကြားမှာ စစ်ကောင်စီတပ်ကတွေ့ပြီး ငုပလော့ဆည်နားမှာ ကြိုးတုပ်ပြီး
Read More
knowledge
အခြေခံပညာ အထက်တန်းအဆင့်နဲ့ အဆင့်မြင့်ပညာရေးအတွက် အစားထိုး ပညာရေးတွေကို အများစုက အသည်းအသန်လုပ်နေကြပေမယ့် အခြေခံပညာ မူလတန်းနဲ့ အလယ်တန်းအတွက် အစားထိုးပညာရေးကို သိပ်အာရုံမလာကြပါဘူး။ အာရုံမလာကြ ဘူးဆိုတာထက် လုပ်နိုင်တဲ့ဘောင်က ကျဥ်းလွန်းတာဖြစ်ပြီး မိဘတွေအပေါ်ကို အများကြီး မူတည် နေတာပါ။ ကျွန်တော့်အနေနဲ့ ဒီမှာ မိဘတွေ လုပ်နိုင်ပေးနိုင်တဲ့ ကိစ္စတစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။ 1. English
Read More
Local News
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်နေသည့် ပြည်သူများအား အသွင်ယူကာ သွေးကွဲအောင်ဖန်တီးပြီး စစ်တပ်နှင့်ရဲတို့ဖြင့် ချိတ်ဆက်၍ ဖမ်းဆီးရမိရေး၊ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ပျူစောထီးအဖွဲ့က ၎င်းတို့၏ အဖွဲ့ဝင်များအပေါ် ညွှန်ကြားစာအား ၂၀၂၁ခုနှစ် မေလ(၁၄)ရက်နေ့ ရက်စွဲဖြင့် ထုတ်ထားသည့်စာ ထွက်ပေါ်လာသည်ကို တွေ့ရသည်။ ညွှန်ကြားချက်တွင် ပျူစောထီးအဖွဲ့အနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက် စစ်တပ်နှင့်ရဲတပ်ဖွဲ့များ၏ နောက်ကွယ်တွင် သတင်းအချက်အလက်များ ကူညီပေးရေး၊ စစ်အာဏာရှင်ကိုမထောက်ခံသည့်
Read More
Crime News
ချင်းပြည်နယ် မင်းတပ်မြို့တွင် ဖြစ်ပွားနေသော တိုက်ပွဲအတွက် စစ်ကောင်စီက အင်အားအများအပြား ဖြည့်ထားပြီး ဖိညှပ်၍ တိုက်နေသဖြင့် အခြားမြို့များမှ ပူးပေါင်းထကြွပေးရန် မင်တပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တောင်းဆိုသည်။ ယမန်နေ့ မေလ ၁၄ ရက်၌ မင်းတပ်မြို့ အရှေ့ဘက် ၊ အနောက်ဘက် နှင့် မြို့တွင်း နေရာများ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်သားများ
Read More
knowledge
ပြောလို့မှ မဆုံးသေးခင် မင်းတပ်မှာတူမီးအဖွဲ့ကို လေယာဉ်နဲ့တိုက်သွားတယ်။ တူမီးကို ဘာကြောင့် လေယာဥ်နဲ့ တိုက်ရသလဲ။ စစ်ပညာ သဘောတရားနဲ့အညီ စနစ်တကျ လုပ်တာပါ။ ဒါဟာ တန်ပြန်ပြောက်ကျားစစ် သေနင်္ဂဗျူဟာအရ လုပ်တာပဲ။ စစ်ရဲ့တရားတွေဟာ အသေမဟုတ်ဘူး။ အမြဲတမ်းရှင်သန် တိုးတက်နေတယ်။ ကိုယ့်ဖက်ကချည့် တိုးတက်တာ မဟုတ်ဘူး။ သူ့ဖက်ကလည်း တိုးတက်နေတာပါ။ ပြောက်ကျားစစ် သေနင်္ဂဗျူဟာနဲ့ ဆော်ထည့်လိုက်တာ
Read More
Health News
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအပြီး (၇) ရက်အတွင်း သေဆုံးသွားသောကျန်မာရေးဝန်ထမ်းအမှုနှင့် ပတ်သက်ပြီး ကာကွယ်ဆေးဘေးထွက်ဆိုးကျိုးကြောင့်သေဆုံးခြင်းဟုတ်မဟုတ်အတည်ပြုနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ပညာရှင်ကော်မတီထံပို့ဆောင်ပေးထားသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ဒု-အတွင်းဝန်ကဆိုသည်။ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီး (၇) ရက်မြောက်နေ့တွင် ဖရာ့နန့်ကလောက်ဆေးရုံ၌ အသက်သေဆုံး ခဲ့သောအမျိုသမီးတဦး၏အမှုနှင့်ပတ်သက်ပြီး ဖရာ့နန့်ကလောက်ဆေးရုံအုပ်ထံဆက်သွယ်မေးမြန်ရာ တွင် သေဆုံးသူသည်ပြည်သူ့ကျန်းမာရေးစီမံအုပ်ချုပ်ရေးဌာနမှဖြစ်ကြောင်း၊ နှလုံးအားနည်းရောဂါဖြင့် ဆေးရုံသို့ရောက်ရှိလာခဲ့ကြောင်း လူနာမှတ်တမ်းအရလွန်ခဲ့သည့် (၇)ရက်တွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားကြောင်း ဒု-အတွင်းဝန်ကဆိုသည်။ ၎င်းအမျိုးသမီးတွင်
Read More
Crime News
ယနေ့ချောင်းဦးဖြစ်စဥ် 13-5-2021 ကြာသပတေးနေ့ ယနေ့နံနက် ၄နာရီခန့် အားလုံး အိပ်မောကျချိန်မှာ ဖြစ်သွားခဲ့တာပါ။ချောင်းဦးGZတွေရဲ့တည်နေရာ မယ်သယ်ကြိုးကွင်းကို စကစတွေလူအင်အားများစွာနဲ့သူပုန်စခနိးဝင်စီးသလိုဝင်ရောက်စီးနင်းခဲ့ပါတယ်။ အငိုက်မိခြင်း လူအင်အားလက်နက်အင်အားမမျှခြင်းတို့ကြောင့် နောက်ဆုတ်ပေးခဲ့ရပါတယ်။ သေနတ်သံတွေဆူညံနေအောင် နှစ်ဘက်လုံးပစ်ကြပြီး စကစဘက်မှာတော့ ၅ ဦးကျဆုံးတယ်လို့ သိရပီးGZတွေဘက်မှာနှစ်ယောက်ဖမ်းခံထိသွားပါတယ်။ ကျည်ဆံသံတွေတဝီဝီကြားမှာအသက်မသေပဲလွတ်အောင်ပြေးခဲ့ရရှာတာပါ။ သဘာဝချောင်းရိုးကြီးရဲ့ကျေးးဇူးကြောင့်လွတ်မြောက်ခဲ့တာပါ။ ဒလန်ကိစ္စကတော့ပါမယ်လို့တထစ်ချယူဆလို့ရပါတယ်။ လက်နက်တွေထားတဲ့နေရာကို အရင်ဆုံး ဝင်စီးခံရလို့ပါ။ လက်နက် ကွန်ပျုတာ ပရင့်တာ
Read More