Month: April 2021

အလော့ဘွမ်တောင်ခြေတွင် တိုက်ပွဲပြင်းထန်၊ စစ်လေယာဉ်ဖြင့် အကြိမ်ကြိမ်ပစ်ခတ်

မိုးမောက် – ဧပြီ ၃၀၊ ၂၀၂၁။ ကချင်ပြည်နယ် မိုးမောက်မြို့နယ် အလော့ဘွမ်တပ်စခန်းအနီးရှိ မြို့သစ်ကျေးရွာ၊ ကုန်းလောကျေးရွာနှင့် တောင်းကုန်းတွင် ၇ ရက်မြောက် တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။ စစ်ကောင်စီတပ်များက ဂျက်လေယာဉ်များဖြင့် အကြိမ်ကြိမ်လာရောက်ပစ်ခတ်သည့်အပြင် လက်နက်ကြီးများဖြင့်လည်း မနက် ၆ ခွဲလောက်မှ စတင်ပစ်ခတ်နေသည်ဟု ကေအိုင်အို၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
Read More

ကမ္ဘာမီးလောင် သားကောင်ချနင်း

ဘဏ်တွေမှာလူတွေတန်းစီနေတာမြင်တော့ ငယ်ငယ်တုံးက သမဝါယမဆိုင် ရေနံဆီ တန်းစီရတာ သတိရမိတယ်။ ဘဏ်ဝန်ထမ်းတွေကလည်း သမဝါယဝန်ထမ်းတွေလိုပဲ အတော်အပေါက်ဆိုးလာတယ်။ သူတို့အပေါ်ဖိစီးလာတဲ့ ဖိအားတွေကြောင့် ဖြစ်မယ်လို့ ကိုယ်ချင်းစာတွေးပေးပါတယ်။ ဒါပေမဲ့ ကြားသိရသမျှကတော့ ဘဏ်လုပ်ငန်းရှင်ရယ်၊ ဘဏ်ဝန်ထမ်း ရယ်ပေါင်းစားပြီး လုပ်စားခွင် ချဲ့နေတယ်လို့သိရတယ်။ ခရိုနီတွေပြီပြီ မျက်နှာဖုံးတွေကွာကျလာပြီး အတွင်းသရုပ်တွေပေါ်လာတယ်။ ဗဟိုဘဏ်က ဘယ်လိုညွှန်ကြားထားလဲတော့မသိဘူး။ အရေးကြီး စီးပွားရေးလုပ်ငန်းတွေ နှင့်
Read More

ဖယ်ခုံမြို့တွင် ဒလန်ဟု နာမည်ကြီးနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်ကို သေနတ်ဖြင့် ပစ်ခတ်၍ စစ်ကောင်စီက ခန့်ထားသည့် အုပ်ချုပ်ရေးမှူး ဒဏ်ရာရပြီး တူတော်မောင် သေဆုံး

ရှမ်းပြည်တောင်ပိုင်း ၊ ဖယ်ခုံမြို့ ညောင်ပင်သာရပ်ကွက်တွင် ဧပြီလ (၂၇)ရက်နေ့ ညပိုင်းက သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအဖွဲ့မှ ခန့်အပ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဒဏ်ရာရရှိပြီး ၎င်း၏ တူဖြစ်သူမှာ သေဆုံးသွားကြောင်းသိရသည်။ “ဒီသတင်းနဲ့ ပက်သက်ပြီးတော့ သေချာတာ တစ်ခုက အုပ်ချုပ်ရေးမှူး ရဲ့ တူ အပစ်ခံရလို့သေ သွားတယ်။ အုပ်ချုပ်ရေးမှူးက ဒဏ်ရာရတယ်။ ဘယ်သူလဲ ပစ်လဲ
Read More

အာဏာသိမ်းပြီး ရက် ၉၀ နီးပါးကြာလာတဲ့အချိန် နွေဦးတော်လှန်ရေးရဲ့ အခင်းအကျင်း ဟာ ပိုပြီးရုပ်လုံးပေါ်လာပါပြီ

အာဏာသိမ်းပြီး ရက် ၉၀ နီးပါးကြာလာတဲ့အချိန် နွေဦးတော်လှန်ရေးရဲ့ အခင်းအကျင်း ဟာ ပိုပြီးရုပ်လုံးပေါ်လာပါပြီ။ ဘဏ်၊ ကျောင်း၊ ဆေးရုံ၊ ဈေး တွေကို ပုံမှန်အတိုင်း ဘာကြောင့် လည်ပတ်စေချင်တာလဲဆိုတော့ အုပ်ချုပ်လို့မရအောင် ငြင်းဆန်နေတဲ့ ပြည်သူတွေရဲ့စိတ်ဓာတ်အင်အား ကို လုံးဝ ပြိုလဲသွားစေချင်လို့ပါ။ ဒါပေမယ့် ပုံမှန်မလည်ပတ်နိုင်ဘူးဆိုတာ လူတိုင်းသိနေတာကကို မြို့ပြတော်လှန်ရေးရဲ့အရှိန်ကို ထိန်းထားပေးပါတယ်။ အခုအချိန်ထိ
Read More

အာဏာသိမ်းစစ်တပ်၏ တပ်စခန်း အသိမ်းခံရပြီးနောက် KNU တပ်မဟာ (၅) နယ်မြေကို လေကြောင်းမှ တိုက်ခိုက်နေ

ထိုင်းနယ်စပ်ရှိ KNU တပ်မဟာ (၅) နယ်မြေမှ စစ်ကောင်စီတပ်၏ သော်လဲထတပ်စခန်းကို ၂၀၂၁ ခုနှစ် ဧပြီလ (၂၇) ရက်နေ့ နံနက်အစောပိုင်းတွင် KNU က သိမ်းပိုက်လိုက်ပြီးနောက် အာဏာသိမ်းစစ်တပ်က နေ့လည်ပိုင်းတွင် KNU တပ်မဟာ ၅ နယ်မြေအတွင်း တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး အထိအခိုက်မသိရသေးကြောင်း Karen Peace Support
Read More

မိုးကောင်း မှာ စစ်ကောင်စီကား မိုင်းခွဲ ခံရ ပြီး ၃၀ ကျော်သေဆုံးကြောင်းသိရ

မိုးကောင်း မြို့မှ နေ၍ ဖားကန့် မြို့ သို့ အင်အား ဖြည့်တင်းရန် သွားမည့် အာဏာသိမ်း စစ်ကောင်စီ ၏ ယာဉ်တန်း အား သုံးမိုင်ကွေ . ဟု ခေါ်သည့် ဖားကန့် အထွက် တွင် ယမန်နေ့ ညက မိုင်းဆွဲ တိုက်ခိုက် ခံရသည် ဟု မိုးကောင်း
Read More

ကချင်ပြည်နယ် နေရာအနှံအပြားတွင် စစ်ကောင်စီနှင့် KIA တို့တိုက်ပွဲဖြစ်ပွားနေ၊ အချို့မြို့နယ်များတွင် တိုက်ပွဲပြင်းထန်လျက်ရှိ

ကချင်ပြည်နယ်၊ နေရာအနှံအပြားတွင် စစ်ကောင်စီတပ်များ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း (KIO /KIA)သတင်းနှင့်ပြန်ကြား‌ရေးတာ၀န်ခံ ဗိုလ်မှူးကြီးနော်ဘူထံမှ သိရသည်။ ယင်းသို့ တိုက်ပွဲဖြစ်ပွားရာတွင် အလောဘွမ်တစ်လျှောက် နှင့် ဝိုင်းမော်၊ ဒေါ့ဖုန်းယန်၊ဖားကန့်၊တနိုင်း စသည့် မြို့နယ်များတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လျက်ရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA အနေဖြင့်
Read More

အကြမ်းဖက်စစ်အုပ်စုကို တစ်ပြိုင်တည်းဝိုင်းတိုက်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) တိုက်တွန်း

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုကို မြို့နယ်တိုင်း၊ တိုင်းရင်းသားလက်နက်ကိုင်တိုင်းက တစ်ပြိုင်တည်းဝိုင်းတိုက်ကြဖို့ကို မင်းတပ်မြို့ကာကွယ်ရေးတပ်ဖွဲ့မှ လူငယ်ခေါင်းဆောင်တစ်ဦးက တိုက်တွန်းလိုက်ပါတယ်။ ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ဧပြီလ ၂၄ ရက်နေ့က ဆန္ဒပြလူငယ် ခြောက် ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးခဲ့ပြီးနောက် ဒေသခံတွေနဲ့စတင် ပစ်ခတ်မှုတွေဖြစ်ခဲ့တာပါ။ “စစ်ကောင်စီ၊ အကြမ်းဖက်စစ်အုပ်စုကို ကျွန်တော်တို့လိုပဲ မြို့နယ်တိုင်း၊ ပြည်နယ်အားလုံးက တိုင်းရင်းသားလက်နက်ကိုင်တွေရော၊ မထသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံး
Read More

RCSS နဲ့ TNLA တိုက်ပွဲ နမ္မတူ မြို့နယ် ရွာသား၂၀၀၀ ခန့် တိမ်းရှောင်

နမ္မတူမြို့နယ် ၊ ပန်လုံကျေးရွာအုပ်စုအတွင်းမှာ RCSS/SSA တောင်ပိုင်းတပ်နဲ့ TNLA တအန်း(ပလောင်)၊ SSPP/SSA မြောက်ပိုင်း ပူးတပ်တွေအကြား မတ်လကုန်ပိုင်း စတင်ဖြစ်ခဲ့ပြီး သင်္ကြန်ကာလမှာ တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ရာက ဗုဒ္ဓဟူးနေ့ ညနေခင်းပိုင်းမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့တာပါ။ ဒီတိုက်ပွဲဟာ ပန်လုံကျေးရွာအုပ်စု မန်ကျန်းရွာနဲ့ မန်ဆာရွာတွေမှာ ဖြစ်ပွားနေပြီး နေအိမ်တွေ မီးလောင်နေကြောင်း ပန်လုံဒေသခံက အခုလို
Read More

အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ချင်းတော်လှန်ရေးအဖွဲ့သစ်ကြေညာ

အာဏာသိမ်း စစ်ကောင်စီကို လက်မခံကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးနဲ့ ပူးပေါင်းကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က ဒီနေ့ရက်စွဲနဲ့ ကြေညာပါတယ်။ ချင်းအမျိုးသားတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေးနဲ့ ငြိမ်းချမ်းလူ့အဖွဲ့အစည်းတည်ဆောက်ဖို့၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာပါဝင်တဲ့ အဖွဲ့အစည်းတွေနဲ့အတူ နိုင်ငံရေးသဘောတူညီချက် ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး ဖလမ်းမြို့နယ်၊ ချင်းပြည်နယ်ပြင်ပ (ကလေး-ကဘော်)ရှိ ချင်းလူငယ်တွေနဲ့ နိုင်ငံတကာရှိ ချင်းလူမျိုးတွေက ဧပြီလ ၁၃
Read More