Month: January 2021
Local News
ရန်ကုန် ၊ ဇန်နဝါရီ ၃၁ ရန်ကုန်မြို့နေရာတစ်ချို့မှာ အမျိုးသားရေးအမည်ခံ သမားတွေရဲ့ ငြိမ်းစုစီမတင်ဘဲ ဥပဒေမဲ့ ဆန္ဒထုတ်ဖော်မှု တွေကို နည်းစနစ်ပြောင်းကိုင်တွယ် အရေးယူသွားမှာဖြစ်တယ်လို့ ရဲအရာရှိတစ်ဦးထံက သိရပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ ဆန္ဒပြသူတွေနဲ့ထိပ်တိုက်တွေ့ဖမ်းဆီးတဲ့ ပုံစံမျိုးမဟုတ်တော့ဘဲ ငြိမ်းစုစီမတင်ဘဲ ဦးဆောင် သူတွေကို ဓါတ်ပုံမှတ်တမ်းတွေ ရိုက်ထားကာ မှတ်သားဖမ်းဆီး အရေးယူသွားမယ်လို့ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးကပြောပါတယ်။ ”
Read More
Crime News
ဇန်နဝါရီ(၂၉) မန္တလေးတိုင်းဒေသကြီး ရန်ကုန်-မန္တလေးလမ်းဟောင်း သပြေဝတိုးဂိတ်အနီး မိတ္တီလာမူးယစ်တပ်ဖွဲ့စု(၅၅)မှ မူးယစ်ဆေးဝါးနှင့်ထိန်းချုပ်ဓာတု ပစ္စည်းများရှာဖွေစစ်ဆေးစဥ် မှန်လုံယာဥ်ပေါ်မှထိန်းချုပ်ဓာတုပစ္စည်း Ammoniums. Nitrate အဖြူရောင်စေ့ငယ်များပါ အိတ်များရှာဖွေတွေရှိဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ ဇန်နဝါရီ(၂၇)ရက်ည(၁၁)နာရီ ခန့်မိတ္တီလာမူးယစ်တပ်ဖွဲ့စု(၅၅)မှ ရဲအုပ်အောင်ကိုကိုလတ်ဦးစီးတပ်ဖွဲ့ဝင်များမှ မိတ္တီလာမြို့နယ်ရန်ကုန်-မန္တလေးလမ်းဟောင်းသပြေဝတိုးဂိတ်မိုင်တိုင်အမှတ်(၃၁၉/၃)တွင် သက်သေများနှင့်အတူမူးယစ်ဆေးဝါးနှင့်ထိန်းချုပ်ဓာတုပစ္စည်းများရှာဖွေ စစ်ဆေးနေစဥ်မန္တလေးဘက်မှရန်ကုန်ဘက်သို့မောင်းနှင်လာသောယာဥ်အမှတ်MDY 3B/××××× (၆)ဘီးမှန်လုံ ယာဥ်အားရပ်တန့်စစ်ဆေးရှာဖွေရာ ယာဥ်မောင်းထွန်းအောင်ကျော်နှင့် ယာဥ်နောက်လိုက်ခန့်ချော စည်သူထွန်း တို့ဖြစ်ပြီးယာဥ်ပေါ်မှဆင်တံဆိတ်နှင့် တရုတ်စာတမ်းများပါဆာလာအိတ်များအတွင်းထည့်ထားသည့် Ammoniums Nitrate
Read More
Local News
ဖေဖော်ဝါရီလအတွင်း အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့တို့ အပစ်ရပ်စဲရေး ညှိနှိုင်းဖို့ ဆွေးနွေးဖို့ သဘောတူထားအပြီးမှာ တပ်မတော်ဘက်က အပစ်အခတ်ရပ်စဲရေးကို သက်တမ်း ထပ်တိုးလိုက်ပါတယ်။ တပ်မတော်ရဲ့ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၈ ရက်အထိ ရပ်ဆိုင်းပေးမယ်လို့ ဇန်နဝါရီလ ၂၈ ရက် ရက်စွဲနဲ့ တပ်မတော် ကာကွယ်ရေး
Read More
Health News
တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးခြင်းကို အာခေါင်တို့ဖတ် စစ်ဆေးခြင်းအစား ဓာတ်ခွဲအဖြေ ပိုမိုတိကျစွာသိနိုင်သည့် စအိုမှ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခြင်းနည်းလမ်းကို စတင်အသုံးပြုနေပြီဟု တရုတ်အစိုးရသတင်းဌာနမှ ဖေါ်ပြထားကြောင်း သိရသည်။ စအိုမှ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခြင်းသည် ဓာတ်ခွဲအဖြေ ပိုမိုတိကျစွာသိနိုင်သည်ဟု ဆရာဝန်များကဆိုသည်။ စအိုမှ စစ်ဆေးမည်ဆိုသော သတင်းများကြောင့် ဆေးစစ်သူများ ကိုဗစ်စစ်ဆေးရမည်ကို စိုးရိတ်လျက်ရှိနေပြီး အဆိုပါ ဓာတ်ခဲ စစ်ဆေးမှု
Read More
Local News
တိုင်းပြည်ကာကွယ်ရေးမှာ ညာသံပေးနေရုံနဲ့ မရဘဲ လက်တွေ့လုပ်ဆောင်ရမှာ ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ ဒီကနေ့မနက် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးတွေ သင်တန်းသား အရာရှိကြီးတွေကို Video Conferencing နဲ့ တွေ့ဆုံအမှာစကား ပြောကြားရာမှာ ထည့်သွင်း ပြောဆိုခဲ့တာလို့ တပ်မတော်သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရေးအတွက် စည်းကမ်းရှိတဲ့ ဒီမိုကရေစီနိုင်ငံ၊
Read More
Health News
အိန္ဒိယနိုင်ငံက လက်ဆောင်ပေးတဲ့ ကိုဗီရှီး (COVISHIELD) ကာကွယ်ဆေးကို ဇန်နဝါရီလ ၂၇ ရက်မှာ ကျန်းမာရေး ဝန်ထမ်းတွေကို စထိုးပေးတော့မှာပါ။ လူတစ်ယောက်ကို နှစ်ကြိမ် ထိုးရမှာ ဖြစ်ပြီး ဆေးက တစ်သန်းခွဲ လက်ဆောင် ရထားလို့ လူ ခုနှစ်သိန်းခွဲလောက် ကာကွယ်ဆေး ထိုးနိုင်မှာပါ။ ဒါကြောင့် ဦးစားပေး အုပ်စုတွေ ဖြစ်တဲ့ ကျန်းမာရေး
Read More
Local News
ပန်ဝါ၊ ဇန်နဝါရီ (၂၆) ကချင်ပြည်နယ်၊ မြစ်ကြီနားခရိုင်၊ ပန်ဝါမြို့ ၌ ဆောင်းတွင်းကာလ၌ ရေခဲခြင်း၊ နှင်းမိုးရွာသွန်းခြင်း တို့ကြောင့် မြန်မာနိုင်ငံတွင် အထင်ကရမြို့အဖြစ် တည်ရှိနေသည့် ပန်ဝါမြို့ အမှတ်သုံးနယ်စပ်မှတ်တိုင် အနီးရှိ ရေခဲချောင်း၌ လာရောက်အပန်းဖြေသူ များပြားလျက်ရှိကြောင်း သိရသည်။ ယခုလ (၂၁)ရက်မှစ၍ နှင်းမိုးများရွာကျပြီးနောက် နှင်းခဲသည့် ရေခဲချောင်းသို့ လာရောက် လည်ပတ်သူများပြားလာပြီး
Read More
Crime News
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် အုံးဇုံးကျေးရွာအုပ်စု ဆင်မွှေးကျေးရွာရှိ အများသုံးရေကန်အတွင်းမှ ရေကို သောက်သုံးမိ၍ အမျိုးသမီးတစ်ဦး သေဆုံးမှု ဖြစ်စဉ်တွင် အဆိပ်ခတ်သူ နှစ်ဦးကို ဖမ်းဆီးရမိကြောင်း သပိတ်ကျင်းမြို့ မြို့မ ရဲစခန်းမှ ယနေ့ညနေပိုင်းက စုံစမ်းသိရှိ ရသည်။ သပိတ်ကျင်းမြို့နယ် အုံးဇုံးကျေးရွာ အုပ်စု ဆင်မွှေးကျေးရွာတွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၁ ရက်က
Read More
Health News
အိန္ဒိယနယ်စပ်လမ်းကြောင်းမှတစ်ဆင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင် ရောက်လာနိုင်သည့် ကိုဗစ်ကာကွယ်ဆေးကို အမြဲထောက်လှမ်းစုံစမ်းနေကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) တိုင်းဦးစီးမှူး ဒေါက်တာထွန်းလင်းအောင်က ပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီးသည် အိန္ဒိယနိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသော တိုင်းဒေသကြီးဖြစ်ပြီး တရုတ်နိုင်ငံနယ်စပ်လမ်းကြောင်း ကချင်ပြည်နယ်နှင့်ထိစပ်သော ဒေသတစ်ခုလည်း ဖြစ်သည်။ “ကာကွယ်ဆေးလည်းဖြစ်တယ်။ တရားမဝင်လည်း ဝင်လာပြီး လူ့ခန္ဓာကိုယ်မှာ ထိုးမှာဖြစ်လို့ ဒါကို လတ်တလောအမြဲစုံစမ်းနေမှ ာဖြစ်ပါတယ်။ ဈေးကွက်မှာ ပေါ်တင်ရောင်းတာမဟုတ်ဘဲ အွန်လိုင်းကနေတစ်ဆင့်
Read More
Local News
အိမ်ထောင်စုပေါင်း သိန်း ၂၀ ကျော်အတွက် မကြာခင်မှာ ကိုဗစ်ကာလထောက်ပံ့ငွေတွေ ပေးတော့မယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးက ပြောပါတယ်။ အခု နောက်ဆုံးစိစစ်တွေ့ရှိချက်တွေအရ ထပ်တိုးအိမ်ထောင်စု ၂,၀၁၁,၀၉၅ စုအတွက် ငွေကျပ် ၅၆ ဒသမ ၀၇၆၆ ဘီလီယံ (ကျပ်သန်းပေါင်း ၅၆,၀၀၀ ကျော်) ထပ်မံ ထောက်ပံ့ပေးဖို့ အမျိုးသားအဆင့်ဗဟိုကော်မတီက ခွင့်ပြုပေးလိုက်ပါပြီ။ မကြာခင်မှာ ထောက်ပံ့ငွေတွေ
Read More