fbpx

Month: October 2020

အောင်လ ရှုံးလို့ငိုနေတဲ့ကလေးအတွက် ဂုဏ်ပြုလက်ဆောင်စကားပါးလိုက်တဲ့ အောင်လအန်ဆိုင်း

အောင်လ ရှုံးလို့ငိုနေတဲ့ကလေးအတွက် ဂုဏ်ပြုလက်ဆောင်စကားပါးလိုက်တဲ့ အောင်လအန်ဆိုင်း မျှော်လင့်တကြီး စောင့်စားခဲ့ရတဲ့ မြန်မာပရိတ်သတ်တွေအတွက် အသည်းကွဲသွားတဲ့ညတညလို့ဆိုရပါမယ်။မြန်မာဂုဏ်ဆောင်အောင်လအန်ဆိုင်းက ပွဲစချိန်စက္ကန့်ပိုင်းအတွင်းမှာ စိန်ခေါ်သူ ဒီရိုတ်ဒါရဲ့ချုပ်ကွက်မီပြီး အရှုံးပေးခဲ့ရပါတယ်။မြန်မာပရိတ်သတ်တွေအားမလိုအားမရဖြစ်ခဲ့ရပါတယ်။ အောင်လအန်ဆိုင်းကလည်း အနိုင်ရသွားတဲ့ ဒီရိုတ်ဒါကို မကျေပွဲစိန်ခေါ်ထားပါသေးတယ်။ဒီနေ့မှာကတော့ အောင်လက သူရှုံးလို့ငိုနေတဲ့ ခလေးလေးကိုနှစ်သိမ့်စကားဆိုခဲ့ပါတယ်။အောင်လအန်ဆိုင်းက ကျွန်တော်နေကောင်းကျန်းမာပါတယ်၊ ကျွန်တော်မိသားစုလည်းနေကောင်းကျန်းမာကြပါတယ်။ ထို့အတူ ကျွန်တော်အသင်းကလည်း ကျွန်တော်ကိုနောက်ကွယ်ကနေ အကောင်းဆုံးထောက်ပံပေးပါတယ်။ ဘုရားသခင်ကကောင်းမြတ်ပါတယ်။ ကျွန်တော်အသန်မာဆုံး အကောင်းဆုံးပုံစံနဲ့
Read More

တပ်ချုပ်ယာဥ်တန်း ရွှေဘိုနန်းတော်အထွက် ဒေသခံအချို့ NLDမဲဆွယ်သီချင်း သံပြိုင်အော်

ကိုသစ္စာ မုံရွာ၊ အောက်တိုဘာ-၂၉ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ယာဉ်တန်း ရွှေဘိုနန်းတော်မှအထွက် ဒေသခံအချို့ NLDမဲဆွယ်သီချင်းကို သံပြိုင်အော်ဟစ်ခဲ့ကြကြောင်း ဒေသခံများက ပြောသည်။ “ဒေါက်ဖိနပ်လျှောက်သံသီချင်းဖွင့်ပြီး အော်ကြတာ။နန်းတော်က စျေးနားဆိုတော့ လူအုံသွားတာလည်းပါတယ်။ အဝင်က မသိကြဘူး။ အထွက်ကျမှာ စောင့်ပြီး NLD အလံတွေဝှေ့ရမ်းကြတာ”ဟု ရွှေဘိုမြို့ခံ ဦးကျော်က ပြောသည်။ တပ်ချုပ်သည် ယနေ့နံနက်ပိုင်းက ရွှေဘိုမြို့သို့ရောက်ရှိပြီး
Read More

ရွှေတောင်မြို့တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိမှု

၁၈-၁၀-၂၀၂၀ ရက်နေ့တွင် ရွှေတောင်မြို့နယ်၊ မကျီးပေါက်ကုန်း အုပ်စု၊ ကျောက်ဖူးကျေးရွာနေ မ—–၊အသက် (၅)နှစ်ခန့်သည် တစ်ရွာတည်းနေ ကလေး အဖော်များနှင့် ကစားရာမှ ရေသောက် သွားစဉ် ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးသွားသဖြင့် ၁၉-၁၀-၂၀၂၀ ရက်နေ့တွင် ရွှေတောင်မြို့မရဲစခန်း လူပျောက်အမှတ်စဉ် (၄/၂၀၂၀)ဖြင့် ရေးဖွင့်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ များ၊ ကျေးရွာနေပြည်သူများမှ ပူးပေါင်း၍ လိုက်လံရှာဖွေခဲ့
Read More

ငွေအတု လိမ်လည်ရောင်းသူ ၂ ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး

ငွေအတုရောင်းမယ်ဆိုပြီး အွန်လိုင်းက ကြော်ငြာထားသူ ၂ ယောက်ကို ရဲတပ်ဖွဲ့က ဖုန်းနဲ့ဆက်သွယ်ပြီး ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာမှာ “ငွေအတုသည်” ဆိုတဲ့ အကောင့်က “ငွေအတုဝယ်လိုသော မိတ်ဆွေများ ဆက်သွယ်ရန် ဖုန်းအမှတ် ၀၉- ၆၇၈၅၀၇၅၁၉” လို့ ဖော်ပြထားတာကို အောက်တိုဘာ ၂၂ ရက်မှာ တွေ့ရလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊
Read More

မဲဆွယ်ကာလ ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များ လိုက်နာရန် ကော်မရှင် မေတ္တာရပ်ခံ

၂၀၂၀ ရွေးကောက်ပွဲအတွက် ကျန်နေသေးတဲ့ မဲဆွယ်ကာလ ၁၃ ရက်မှာ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ မဲဆန္ဒရှင်ပြည်သူတွေ ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များ လိုက်နာကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေတ္တာရပ်ခံလိုက်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်တွေနဲ့ နေရာ‌ဒေသအလိုက် ထုတ်ပြန်ချက်တွေကို လိုက်နာဆောင်ရွက်ဖို့ အောက်တိုဘာ ၂၄ ရက်နေ့မှာ ကော်မရှင်က ကြေညာချက် ထုတ်ပြန်ထားတာပါ။ နိုင်ငံရေးပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးရေး
Read More

သာယာဝတီအကျဉ်းထောင်က အကျဉ်းသား ၁၇၀ ကျော်မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိထား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သာယာဝတီအကျဉ်းထောင်က အကျဉ်းသား ၁၅၇ဦး မှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရကြောင်း အောက်တိုဘာလ ၂၂ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း သာယာဝတီအကျဉ်းထောင်က အကျဉ်းသား ၁၆ ဦးမှာ ကိုဗစ်ပိုးကူးစက်ခံထားရကြောင်းစစ်ဆေးတွေ့ရှိရပါတယ်။ ဒါကြောင့် ခုဆိုရင် သာယာဝတီအကျဉ်းထောင်က အကျဉ်းသား ၁၇၃
Read More

ပလပ်ခုံ အပူလွန်ရာမှ ဝါယာရှော့ခ်ဖြစ်၍ နေအိမ် မီးလောင်

မောင်စိန်ချို ပင်လည်ဘူး၊ အောက်တိုဘာ- ၁၇ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် မီးပလပ်ခုံ အပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်မှု ယနေ့ နံနက်အစောပိုင်း ၁ နာရီခွဲခန့်က ဖြစ်ပွားသည်။ အင်းတော်မြို့နယ်၊ နဘားကျေးရွာအုပ်စု၊ ဘူတာရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် မီးလောင်မှု ဖြစ်ခဲ့ခြင်းဖြစ်ပြီး ကားတစ်စီးပါ ဆုံးရှုံးခဲ့သည်။ “မီးအသုံးမပြုမီ ပလပ်ခုံတို့၊ ဝါယာကြိုးတို့ ကောင်း၊ မကောင်း
Read More

လီဗာပူးလ်ကိုအနိုင်ယူပြီး အားလုံးကို သတိပေးမယ်လို့ ဆိုခဲ့တဲ့ ဒန်ကန်ဖာဂူဆန်

ကစားခဲ့ပြီးတိုင်း ပွဲတိုင်းကိုလည်း အနိုင်ရရှိထားပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေကာ အဲဗာတန်က ဖျက်မြင်းအဆင့်ထက်ပိုတဲ့ အသင်းဖြစ်လာပြီလို့ သက်သေပြနိုင်ခဲ့ပါတယ်။ အဲဗာတန်အသင်းရဲ့ နည်းပြအဖွဲ့ဝင်ဖြစ်တဲ့ ဒန်ကန်ဖာဂူဆန်က ဒီနေ့ကစားရမယ့် မာဆေးဆိုက်ဒါဘီပွဲမှာ လီဗာပူးလ်ကို အနိုင်ယူပြခဲ့မယ်ဆိုရင် သူတို့အသင်းက ဘာလဲဆိုတာ အားလုံးကို ကြေညာပြီးသားဖြစ်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ အဲဗာတန်ကတော့ နည်းပြအန်ဆယ်လော့တီလက်အောက်မှာ ခြေစွမ်းပြနေပြီး ဒန်ကန်ဖာဂူဆန်က အသင်းဟောင်းကို ကူညီပေးနေကာ ကစားသမားသစ်တွေနဲ့အတူ
Read More

မြင်းမူမြို့တွင် NLD အောင်နိုင်ရေး လှည့်လည်ရာ၌ ပါဝင်သူတဦး ဓာတ်လိုက်သေဆုံး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မှာ အောက်တိုဘာ ၁၆ ရက်နေ့က NLD ပါတီ အောင်နိုင်ရေး လှည့်လည်ရာမှာ ပါဝင်ခဲ့တဲ့ အမျိုးသား ၁ ဦး ကားခေါင်းမိုးပေါ်မှာ ပါတီအလံကို ဝှေ့ယမ်းရာမှ ဓာတ်ကြိုးနဲ့ စတီးအလံတိုင် ထိမိပြီး ဓာတ်လိုက်သေဆုံးမှု ဖြစ်ခဲ့တယ်လို့ မြင်းမူမြို့မရဲစခန်း တာဝန်ရှိသူတဦးက DVB ကို ပြောပါတယ်။ သေဆုံးသူဟာ မြင်းမူမြို့၊
Read More

သောကြာနေ့ညပိုင်း ၈ နာရီလောက်တွင် ထိုင်းနိုင်ငံ ဆန္ဒပြသူများကို ရေပိုက်များဖြင့် လူစုခွဲခဲ့ စနေနေ့ထပ်မံပြမည်

ထိုင်းနိုင်ငံ ရဲများက သောကြာနေ့ညနေတွင် Pathumwan လမ်းဆုံရှိ ဆန္ဒပြပွဲနေရာ Khana Ratsadon 2563 (People’s Party 2020) ဟုခေါ်သောဆန္ဒပြသူများကိုရှင်းလင်းရန် ရေအမြောက်များအသုံးပြုပြီးလူစုခွဲခဲ့ပါသည်။ ထိုရေများနှင့်ထိတွေ့ပါက မျက်စိနှင့်အရေပြားကိုယားယံစေသည့်အရာ ဝတ္ထုများရေနှင့်ရောထားသောကြောင့် လူစုလူဝေးများ ကွဲခဲ့ကြပါတယ်။ သို့သော်ရဲများက ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများဖြင့်ပစ်ခြင်းများမပြုလုပ်ခဲ့ပါ။ ရေပိုက်များကိုအသုံးပြုပြီးနောက် ရဲများသည် Pathumwan လမ်းတစ်လျှောက်ချီတက်လာပြီး ဆန္ဒပြသူများကို ပိတ်ဆို့ဖယ်ရှားခဲ့ကြပါတယ်။
Read More