Month: March 2020
Health News
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ပြည်သူ့ဆေးရုံကို အသက် ၃၀ အရွယ် အမျိုးသား လူနာ တဦး ဒီကနေ့ မတ်လ ၃၁ ရက် မနက်ကရောက်ရှိလာပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်စစ်ဆေး Hospital Quarantine လုပ်ထားစဉ် မွန်းလွဲ ၃ နာရီလောက်မှာ သေဆုံးသွားတယ်လို့ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက ပြောပါတယ်။ “ကုသဖို့ လမ်းညွှန်ချက်
Read More
Local News
ကိုဗစ်၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ ရန်ကုန် မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းက ယုဇနပလာဇာ အပါအဝင် ဈေးဝယ်စင်တာကြီးတွေကို ယာယီပိတ်သိမ်းသွားဖို့ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီက မနေ့က ညွှန်ကြား ချက်ထုတ်ပြန်လိုက် ပါတယ်။မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ ကိုဗစ်၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ နှစ်ဦးတွေ့ရှိပြီးနောက်မှာ ရောဂါပိုးကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ အများပြည်သူ ဝင်ထွက်သွားလာတာကို လျှော့ချကန့် သတ်နိုင်ဖို့ ကော်မတီက ဆုံးဖြတ်ခဲ့တာလို့သိရပါတယ်။ ဈေးဝယ်စင်တာကြီးတွေအတွင်းမှာ ဆန်၊
Read More
Health News
မင်္ဂလာတောင်ညွန့်မြို့နယ် က လူနာအမှတ် ၅ ဟာ ဒီနေ့ မနက် ၇ နာရီ လေးဆယ်က ဝေဘာဂီဆေးရုံမှာ ကွယ်လွန်သွားပြီလို့ သတင်းရရှိပါတယ်။ အဲဒီလူနာဟာ ကင်ဆာရောဂါအခံရှိသူ အသက် ၆၉ နှစ်အရွယ်အမျိုးသားဖြစ်ပါတယ်။ ဩစတြေးလျနိုင်ငံနဲ့ စကာပူနိုင်ငံတွေကနေ ပြန်ရောက်လာပြီး COVID 19 လူနာအဖြစ် ဝေဘာဂီဆေးရုံ အထူးကြပ်မတ်ဆောင်ထဲမှာ ကုသပေးနေချိန် သေဆုံးသွားဖြစ်ပါတယ်။
Read More
Health News
၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၃၀-၃-၂၀၂၀) ရက်နေ့၊ ညနေ (၅:၁၅) နာရီတွင် ထုတ်ပြန်သော ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ(၅၅)ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသော လူနာ (၄) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ)
Read More
International News
မတ် ၃၀ တရုတ်နှစ်သစ်ကူးအားလပ်ရက်အလွန် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားလာချိန်၌ နန်ကျင်းစက်ရုံမှ နည်းပညာရှင်တစ်စုသည် အသင့်စားခေါက်ဆွဲစားကာ ဗိုင်းရပ်စ်စမ်းသပ်ကိရိယာငယ်များ ထုတ်လုပ်ရန် နာရီပေါင်းများစွာ အလုပ်လုပ်နေခဲ့ကြသည်။ ထိုစဉ် ဝူဟန်နှင့်တရုတ်နိုင်ငံတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ပြီးပြီဖြစ်ကာ ဘေကျင်းအစိုးရဆီမှလည်း ဆေးဘက်သုံးပစ္စည်းထုတ်လုပ်ခွင့် ရရှိသည့်လုပ်ငန်းမှာ အနည်းငယ်သာရှိပြီး ရာပေါင်းများစွာသော ကုမ္ပဏီများသည် အဆိုပါ စမ်းသပ်ကိရိယာငယ်များထုတ်လုပ်ရန် အခက်တွေ့လျက်ရှိသည်။ “ကျွန်တော် ပစ္စည်းထုတ်လုပ်ခွင့်ကို တရုတ်အစိုးရဆီ လျှောက်ဖို့ မစဉ်းစားခဲ့ဘူး၊
Read More
Health News
ရန်ကုန် ၊ မတ် ၃၀ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ရေး ၊ ကုသရေး လုပ်ငန်းများ နှင့် ရောဂါရှာဖွေရေး လုပ်ငန်းများတွင် ပါဝင် ဝိုင်းဝန်း ကူညီဆောင်ရွက်ရန် တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊
Read More
International News
မဲဆောက်နယ်စပ်မှတဆင့် မြန်မာနိုင်ငံဘက်ကို ခိုးဝင်ဖို့ ကြိုးစားတဲ့ တရုတ်နိုင်ငံသား ၄ ဦးကို မနေ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ရဲတပ်ဖွဲ့က ဆိုပါတယ်။ အဲဒီတရုတ်အမျိုးသား ၄ ယောက်ကို အမှတ် ၄ ခြေလျင်တပ်ရင်းက ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကင်းလှည့်စစ်ဆေးချိန်မှာ ဖမ်းမိခဲ့တာဖြစ်ပြီး မဲဆောက်ခရိုင် မယ့်ကုဒေသထဲက ရွာတရွာမှတဆင့် သောင်ရင်းမြစ်ကို လှေနဲ့ဖြတ်ပြီး မြန်မာနိုင်ငံဘက်ကို
Read More
Local News
ရန်ကုန်၊မတ်၂၉ ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့လာရောက်မည့် နိုင်ငံခြားသားများအား မည့်သည့်ပြည်ဝင်ဗီဇာအမျိုးအစားမဆို ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။ ယနေ့မတ်လ ၂၉ ရက်နေ့မှ ဧပြီ ၃ဝရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် နိုင်ငံခြားသားအားလုံးကို ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ခြင်းလည်းဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က “ပြည်ပကဝင်လာတဲ့သူတွေကိုပဲ တားဆီးလိုတဲ့ရည်ရွယ်ချက်နဲ့ထုတ်တာပါ။ ကျန်တဲ့ရောက်နေတဲ့သူတွေကတော့ ရောက်နေတဲ့အတိုင်းပဲပေါ့။”ဟု ပြောသည်။ လက်ရှိ ပြည်ဝင်ခွင့်
Read More
Local News
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ မတ်လ ၂၇ရက်နေ့ ည ၈နာရီခန့်က ကိုသန်းမြင့်မှာ လမ်းဘေး၌ ဓါးထိုးသတ်ခံရကြောင်း ၎င်း၏ ညီမဖြစ်သူက ရဲတပ်ဖွဲ့ထံ အကြောင်းကြားလာ၍ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးပြီး ပြစ်မှုကျူးလွန်သူများကို အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ ၅၉လမ်းနှင့် ယောမင်းကြီးလမ်းထောင့်တွင် ကိုသန်းမြင့်မှာ လည်ပင်း ထိုးသွင်းဒဏ်ရာ ၂ချက်၊ ဝမ်းဗိုက်
Read More
Local News
ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားနေစဉ် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာပြီးနောက် မင်္ဂလာလက်ထပ်ပွဲကျင်းပခဲ့သည့် အမျိုးသားတစ်ဦးသည် ၂၀၁၃ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူဥပဒေအရ အမှူဖွင့်ခံခဲ့ရသည်။ တမူးခရိုင်၊ တမူးမြို့နယ်၊ ခမိတ်ကျေးရွာအုပ်စု ခွန်မွန်းနွံကျေးရွာနေ အမှူဖွင့်ခံရသူအမျိုးသားသည် အမေရိကန် နိုင်ငံမှ မြန်မာနိုင်ငံသို့ယခုလ ၁၇ ရက်တွင် ပြန်လည်ရောက်ရှိလာခဲ့ပြီး တမူးမြို့ မြို့မ(၁၃) ရပ်ကွက်နေ အသက် ၃၂ နှစ်အရွယ် မ—(ခ)—
Read More