
Crime News
ရန်ကုန်-မန္တလေးလမ်းသပြေဝတိုးဂိတ် အနီးမှန်လုံယာဥ်ပေါ်မှထိန်းချုပ်ဓာတု ပစ္စည်းအိတ်များဖမ်းဆီးရမိ
January 29, 2021
|
ဇန်နဝါရီ(၂၉) မန္တလေးတိုင်းဒေသကြီး ရန်ကုန်-မန္တလေးလမ်းဟောင်း သပြေဝတိုးဂိတ်အနီး မိတ္တီလာမူးယစ်တပ်ဖွဲ့စု(၅၅)မှ မူးယစ်ဆေးဝါးနှင့်ထိန်းချုပ်ဓာတု ပစ္စည်းများရှာဖွေစစ်ဆေးစဥ် မှန်လုံယာဥ်ပေါ်မှထိန်းချုပ်ဓာတုပစ္စည်း Ammoniums. Nitrate အဖြူရောင်စေ့ငယ်များပါ အိတ်များရှာဖွေတွေရှိဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ ဇန်နဝါရီ(၂၇)ရက်ည(၁၁)နာရီ ခန့်မိတ္တီလာမူးယစ်တပ်ဖွဲ့စု(၅၅)မှ ရဲအုပ်အောင်ကိုကိုလတ်ဦးစီးတပ်ဖွဲ့ဝင်များမှ မိတ္တီလာမြို့နယ်ရန်ကုန်-မန္တလေးလမ်းဟောင်းသပြေဝတိုးဂိတ်မိုင်တိုင်အမှတ်(၃၁၉/၃)တွင် သက်သေများနှင့်အတူမူးယစ်ဆေးဝါးနှင့်ထိန်းချုပ်ဓာတုပစ္စည်းများရှာဖွေ စစ်ဆေးနေစဥ်မန္တလေးဘက်မှရန်ကုန်ဘက်သို့မောင်းနှင်လာသောယာဥ်အမှတ်MDY 3B/××××× (၆)ဘီးမှန်လုံ ယာဥ်အားရပ်တန့်စစ်ဆေးရှာဖွေရာ ယာဥ်မောင်းထွန်းအောင်ကျော်နှင့် ယာဥ်နောက်လိုက်ခန့်ချော စည်သူထွန်း တို့ဖြစ်ပြီးယာဥ်ပေါ်မှဆင်တံဆိတ်နှင့် တရုတ်စာတမ်းများပါဆာလာအိတ်များအတွင်းထည့်ထားသည့် Ammoniums Nitrate
Read More