လူအခ်င္းခ်င္းလည္း ဂ်င္းထည့္ျခင္း ကင္းရွင္းၾကပါေစ… (ၾကက္ဖႀကီး ဥာဏ္ေကာင္လြန္းတယ္ေနာ္…)

လူအခ်င္းခ်င္းလည္း ဂ်င္းထည့္ျခင္း ကင္းရွင္းၾကပါေစ... (ၾကက္ဖႀကီး ဥာဏ္ေကာင္လြန္းတယ္ေနာ္...)
လူအခ်င္းခ်င္းလည္း ဂ်င္းထည့္ျခင္း ကင္းရွင္းၾကပါေစ… (ၾကက္ဖႀကီး ဥာဏ္ေကာင္လြန္းတယ္ေနာ္…)

လူအခ်င္းခ်င္းလည္း ဂ်င္းထည့္ျခင္း ကင္းရွင္းၾကပါေစ… (ၾကက္ဖႀကီး ဥာဏ္ေကာင္လြန္းတယ္ေနာ္…)

တစ္ေန႔မွာ… လယ္သမားႀကီးဟာ ၾကက္ဖေလးတစ္ေကာင္ကို ေစ်းထဲက ၀ယ္လာျပန္တယ္။ အဲဒီေနာက္ ၾကက္ဖေလးကို သူ႔ရဲ႕ၾကက္ၿခံထဲမွာ လႊတ္ေပးလိုက္တယ္။

ၾကက္ဖေလး ၿခံထဲကို ၀င္၀င္ခ်င္းမွာပဲ ၾကက္မေတြအလယ္ေကာင္မွာ အခန္႔သားေနေနထဲ ၾကက္ဖအိုႀကီးတစ္ေကာင္ကိုေတြ႕လိုက္တယ္။

ၾကက္ဖအိုႀကီးက… “ေဟ့ေကာင္ေလး.. ႀကိဳဆိုပါတယ္” လို႔ ဆီးၿပီး ႏႈတ္ဆက္လိုက္တယ္။ ဒါေပမယ့္လည္း… အိုမင္းေနၿပီျဖစ္တဲ့ ၾကက္ဖႀကီးကို ၾကက္ဖေလးက အဖက္မတန္သလို ေနလိုက္တယ္။

ၿခံထဲမွာရွိတဲ့ ၾကက္မေတြကို သူလိုက္ၿပီးအကဲခတ္ေနတုန္းမွာပဲ ၾကက္ဖႀကီးကဒီလိုေျပာတယ္… “ေကာင္ေလး..ဒီၿခံထဲမွာ ၾကက္မ (၂၅) ေကာင္တိတိ ရွိတယ္။ ငါက အိုလာေတာ့ သူတို႔ ဥဥ ႏႈန္းက်လာတယ္။

ဒါေၾကာင့္ မင္းကို လယ္သမားႀကီးက အသစ္၀ယ္ လိုက္တာပဲ။ ငါ့ကို ငဲ့ညႇာတဲ့အေနနဲ႔ ၾကက္မ (၂၄) ေကာင္ကို မင္းယူၿပီး ငါ့အတြက္ ၾကက္မေလး (၁) ေကာင္ေလာက္ေတာ့ ခ်န္ထားေပးပါကြာ.. ဒီတစ္ခုေတာ့ေတာင္းဆိုပါရေစ”

အဲဒီလို ၾကက္ဖႀကီးေျပာတဲ့အခါ ၾကက္ဖပ်ိဳေလးက မ်က္ခုံးတစ္ဖက္ကို ပင့္လိုက္တယ္။ တဟင္းဟင္းနဲ႔ ရယ္ေမာျပန္တယ္။ ၿပီးေတာ့ ဒီလို ျပန္ေျပာလိုက္တယ္…

“ဘဲရီး..ခင္ဗ်ားအသက္ႀကီးၿပီ။ နားလိုက္ေတာ့…။ ဒီေစာ္ေတြအကုန္ က်ဳပ္ပိုင္တယ္။ ခင္ဗ်ား တစ္ေကာင္ေတာင္ မရဘူးမွတ္”

အဲဒီလို ၾကက္ဖပ်ိဳေလးရဲ႕စကားကိုေျပာတဲ့အခါ ၾကက္ဖႀကီးက ဒီလိုျပန္ေျပာတယ္… “ေအးေပါ့ေလ..။ မင္းက တက္လူ… အဲေလ… တက္ၾကက္၊ ငါက က်ၾကက္ ကိုကြ၊ ဒါေပမယ့္ဒီအတိုင္း ဆုံးျဖတ္မယ့္အစား

မင္းနဲ႔ငါ ၾကက္ၿခံတစ္ပတ္ အေျပးၿပိဳင္ၿပီး ႏိုင္တဲ့လူက ၾကက္မေတြ အကုန္ ယူေၾကးသတ္မွတ္လိုက္ရင္ မေကာင္းဘူးလား၊ ေအးမင္းဇရွိရင္ေတာ့ ငါ့ကို တစ္ေပ ႏွစ္ေပေလာက္ အေၾကာေပးေပါ့ကြာ… ငါက ၾကက္အိုႀကီးကိုး”

အဲဒီလို ၾကက္ဖႀကီးရဲ႕စိန္ေခၚစကားကိုၾကားတဲ့အခါ… ၾကက္ဖပ်ိဳ ေလးက “တစ္ေပႏွစ္ေပတင္မကဘူးအဘိုးႀကီး… ခင္ဗ်ားကို သုံးေပတိတိ အေၾကာေပးတယ္” လို႕ ေျပာၿပီး စိန္ေခၚတာကို လက္ခံလိုက္တယ္။

အဲဒီလိုနဲ႔… ၾကက္အိုႀကီးနဲ႔ ၾကက္ဖပ်ိဳ ၾကက္ဖ ႏွစ္ေကာင္ဟာ အေျပးၿပိဳင္ဖို႔ေနရာယူၾကတယ္။ ၾကက္ဖႀကီးက သုံးေပေလာက္အကြာ ေရွ႕မွာေနရာ ယူတယ္။ ၾကက္ဖေလးကေတာ့ ေနာက္မွာေနရာယူၿပီး စေျပးၾကတယ္။

သူတို႔ရဲ႕ အေျပးၿပိဳင္ပြဲကို ၿခံမွာရွိတဲ့ ၾကက္မေတြကလည္း “ကေတာ္…ကေတာ္” သံေတြ ဆူညံေနေအာင္ အားေပးၾကတယ္။ “ၾကက္ဖႀကီး” ကို အားေပးၾကတဲ့ ၾကက္မေတြထက္ သန္မာဖ်တ္လတ္တဲ့ ၾကက္ဖပ်ိဳေလးကို အားေပးတဲ့ ၾကက္မေတြ ပိုမ်ားေနျပန္တယ္။

ၾကက္ဖႀကီးက ေရွ႕က ဦးေဆာင္ေျပးတယ္။ ၾကက္ဖေလးက ေနာက္ကလိုက္တယ္။ ၾကက္ဖႀကီးက ေခါင္းကိုေရွ႕ကို အစြမ္းကုန္ ဆန္႔ၿပီး ေျပးတယ္။ ၾကက္ဖေလးကလည္း အားက်မခံ ေခါင္းကို ဆန္႔ထုတ္ၿပီး ၾကက္ဖႀကီးေနာက္က အမွီ လိုက္လာတယ္။

ၾကက္ဖႀကီးက ကေတာ္သံ အက်ယ္ႀကီးနဲ႔ ေျပးတယ္… ၾကက္ဖပ်ိဳကလည္း မာန္ဖီၿပီး လိုက္တယ္။ အဲဒီလို ၾကက္ဖႀကီးက ေအာ္ၿပီးေျပး၊ ၾကက္ဖပ်ိဳက မာန္ဖီၿပီး လိုက္ေနတုန္းမွာတင္ လယ္သမားႀကီးရဲ႕ ေလာက္စာလုံးဟာ

ၾကက္ဖပ်ိဳရဲ႕ ေခါင္းတည့္တည့္ကို ထိၿပီး ၾကက္ဖေလးဟာ ေနရာမွာတင္ မာလကီးသြား ရွာတယ္။ အဲဒီလို ေလးခြစာမိၿပီး ေသသြားတဲ့ ၾကက္ဖေလးကို လာၿပီးေကာက္ယူရင္း လယ္သမားႀကီးက ဒီလိုေျပာလိုက္တယ္…

“ေတာက္… အထီးအခ်င္းခ်င္းလိုက္ေနတဲ့ ေစာင္အေျခာက္ၾကက္ေတြ ၀ယ္မိတာ ဒီတစ္ေကာင္နဲ႔ဆို ၆ေကာင္ရွိၿပီ ဒီေန႔ညေနလည္း ၾကက္သားဟင္းပဲ စားရေတာ့မွာပဲ”

လူအခ်င္းခ်င္းလည္း ဂ်င္းထည့္ျခင္း ကင္းရွင္းၾကပါေစ။ မူရင္းေရသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

လူအချင်းချင်းလည်း ဂျင်းထည့်ခြင်း ကင်းရှင်းကြပါစေ… (ကြက်ဖကြီး ဉာဏ်ကောင်လွန်းတယ်နော်…)

တစ်နေ့မှာ… လယ်သမားကြီးဟာ ကြက်ဖလေးတစ်ကောင်ကို ဈေးထဲက ဝယ်လာပြန်တယ်။ အဲဒီနောက် ကြက်ဖလေးကို သူ့ရဲ့ကြက်ခြံထဲမှာ လွှတ်ပေးလိုက်တယ်။

ကြက်ဖလေး ခြံထဲကို ဝင်ဝင်ချင်းမှာပဲ ကြက်မတွေအလယ်ကောင်မှာ အခန့်သားနေနေထဲ ကြက်ဖအိုကြီးတစ်ကောင်ကိုတွေ့လိုက်တယ်။

ကြက်ဖအိုကြီးက… “ဟေ့ကောင်လေး.. ကြိုဆိုပါတယ်” လို့ ဆီးပြီး နှုတ်ဆက်လိုက်တယ်။ ဒါပေမယ့်လည်း… အိုမင်းနေပြီဖြစ်တဲ့ ကြက်ဖကြီးကို ကြက်ဖလေးက အဖက်မတန်သလို နေလိုက်တယ်။

ခြံထဲမှာရှိတဲ့ ကြက်မတွေကို သူလိုက်ပြီးအကဲခတ်နေတုန်းမှာပဲ ကြက်ဖကြီးကဒီလိုပြောတယ်… “ကောင်လေး..ဒီခြံထဲမှာ ကြက်မ (၂၅) ကောင်တိတိ ရှိတယ်။ ငါက အိုလာတော့ သူတို့ ဥဥ နှုန်းကျလာတယ်။

ဒါကြောင့် မင်းကို လယ်သမားကြီးက အသစ်ဝယ် လိုက်တာပဲ။ ငါ့ကို ငဲ့ညှာတဲ့အနေနဲ့ ကြက်မ (၂၄) ကောင်ကို မင်းယူပြီး ငါ့အတွက် ကြက်မလေး (၁) ကောင်လောက်တော့ ချန်ထားပေးပါကွာ.. ဒီတစ်ခုတော့တောင်းဆိုပါရစေ”

အဲဒီလို ကြက်ဖကြီးပြောတဲ့အခါ ကြက်ဖပျိုလေးက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်တယ်။ တဟင်းဟင်းနဲ့ ရယ်မောပြန်တယ်။ ပြီးတော့ ဒီလို ပြန်ပြောလိုက်တယ်…

“ဘဲရီး..ခင်ဗျားအသက်ကြီးပြီ။ နားလိုက်တော့…။ ဒီစော်တွေအကုန် ကျုပ်ပိုင်တယ်။ ခင်ဗျား တစ်ကောင်တောင် မရဘူးမှတ်”

အဲဒီလို ကြက်ဖပျိုလေးရဲ့စကားကိုပြောတဲ့အခါ ကြက်ဖကြီးက ဒီလိုပြန်ပြောတယ်… “အေးပေါ့လေ..။ မင်းက တက်လူ… အဲလေ… တက်ကြက်၊ ငါက ကျကြက် ကိုကွ၊ ဒါပေမယ့်ဒီအတိုင်း ဆုံးဖြတ်မယ့်အစား

မင်းနဲ့ငါ ကြက်ခြံတစ်ပတ် အပြေးပြိုင်ပြီး နိုင်တဲ့လူက ကြက်မတွေ အကုန် ယူကြေးသတ်မှတ်လိုက်ရင် မကောင်းဘူးလား၊ အေးမင်းဇရှိရင်တော့ ငါ့ကို တစ်ပေ နှစ်ပေလောက် အကြောပေးပေါ့ကွာ… ငါက ကြက်အိုကြီးကိုး”

အဲဒီလို ကြက်ဖကြီးရဲ့စိန်ခေါ်စကားကိုကြားတဲ့အခါ… ကြက်ဖပျို လေးက “တစ်ပေနှစ်ပေတင်မကဘူးအဘိုးကြီး… ခင်ဗျားကို သုံးပေတိတိ အကြောပေးတယ်” လို့ ပြောပြီး စိန်ခေါ်တာကို လက်ခံလိုက်တယ်။

အဲဒီလိုနဲ့… ကြက်အိုကြီးနဲ့ ကြက်ဖပျို ကြက်ဖ နှစ်ကောင်ဟာ အပြေးပြိုင်ဖို့နေရာယူကြတယ်။ ကြက်ဖကြီးက သုံးပေလောက်အကွာ ရှေ့မှာနေရာ ယူတယ်။ ကြက်ဖလေးကတော့ နောက်မှာနေရာယူပြီး စပြေးကြတယ်။

သူတို့ရဲ့ အပြေးပြိုင်ပွဲကို ခြံမှာရှိတဲ့ ကြက်မတွေကလည်း “ကတော်…ကတော်” သံတွေ ဆူညံနေအောင် အားပေးကြတယ်။ “ကြက်ဖကြီး” ကို အားပေးကြတဲ့ ကြက်မတွေထက် သန်မာဖျတ်လတ်တဲ့ ကြက်ဖပျိုလေးကို အားပေးတဲ့ ကြက်မတွေ ပိုများနေပြန်တယ်။

ကြက်ဖကြီးက ရှေ့က ဦးဆောင်ပြေးတယ်။ ကြက်ဖလေးက နောက်ကလိုက်တယ်။ ကြက်ဖကြီးက ခေါင်းကိုရှေ့ကို အစွမ်းကုန် ဆန့်ပြီး ပြေးတယ်။ ကြက်ဖလေးကလည်း အားကျမခံ ခေါင်းကို ဆန့်ထုတ်ပြီး ကြက်ဖကြီးနောက်က အမှီ လိုက်လာတယ်။

ကြက်ဖကြီးက ကတော်သံ အကျယ်ကြီးနဲ့ ပြေးတယ်… ကြက်ဖပျိုကလည်း မာန်ဖီပြီး လိုက်တယ်။ အဲဒီလို ကြက်ဖကြီးက အော်ပြီးပြေး၊ ကြက်ဖပျိုက မာန်ဖီပြီး လိုက်နေတုန်းမှာတင် လယ်သမားကြီးရဲ့ လောက်စာလုံးဟာ

ကြက်ဖပျိုရဲ့ ခေါင်းတည့်တည့်ကို ထိပြီး ကြက်ဖလေးဟာ နေရာမှာတင် မာလကီးသွား ရှာတယ်။ အဲဒီလို လေးခွစာမိပြီး သေသွားတဲ့ ကြက်ဖလေးကို လာပြီးကောက်ယူရင်း လယ်သမားကြီးက ဒီလိုပြောလိုက်တယ်…

“တောက်… အထီးအချင်းချင်းလိုက်နေတဲ့ စောင်အခြောက်ကြက်တွေ ဝယ်မိတာ ဒီတစ်ကောင်နဲ့ဆို ၆ကောင်ရှိပြီ ဒီနေ့ညနေလည်း ကြက်သားဟင်းပဲ စားရတော့မှာပဲ”

လူအချင်းချင်းလည်း ဂျင်းထည့်ခြင်း ကင်းရှင်းကြပါစေ။ မူရင်းရေသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Add a Comment

Your email address will not be published.