စစ်ကောင်စီတပ်က PDFများအယောင်ဆောင်ကာ ခရီးသွားပြည်သူများအား တားဆီးစစ်ဆေးနေ

စစ်ကောင်စီတပ်က PDFများအယောင်ဆောင်ကာ ညောင်ပင်ကြီး- -ဆားလင်းကြီးလမ်းပိုင်း၌ ခရီးသွားပြည်သူများအား တားဆီးစစ်ဆေးနေ

ရဲခေါင်/People’s Spring

အကြမ်းဖက်စစ်ကောင်စီတပ်က PDFများအယောင်ဆောင်ကာ ညောင်ပင်ကြီး- -ဆားလင်းကြီးလမ်းပိုင်း၌ ခရီးသွားပြည်သူများအား တားဆီးစစ်ဆေးနေကြောင်း ဒေသခံတော်လှန်ရေးအဖွဲ့များက သတိပေးထုတ်ပြန်သည်။

ယနေ့(မေ ၂၅ ရက်)နံနက်ပိုင်းကစ၍ စစ်ကောင်စီတပ်သားများက အနက်ရောင်တူညီဝတ်စုံဖြင့် စစ်ဆေးနေခြင်းဟု ဆိုသည်။

“လယ်တီရွာနားလောက်မှာ။ဟန်ပြ အင်အားက ၇ ယောက်လောက်ရှိတယ်။လောလောဆယ် ကျွန်တော်တို့ အနေနဲ့ စောင့်ကြည့်နေတယ်”ဟု ဆားလင်းကြီး PDF တပ်ဖွဲ့ဝင်တစ်ဦးက People’s Springသို့ ပြောသည်။

ခရီးသွားပြည်သူများအနေဖြင့် သတိထားရန်လိုအပ်ပြီး လက်ရှိ လမ်းပိုင်းကို ရှောင်လွှဲရန်လည်း တိုက်တွန်းသည်။

ယခုကဲ့သို့ PDF အယောင်ဆောင်၍ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်က လမ်းပိုင်းပိတ်ဆို့စစ်ဆေးမှုကို မေလ ၁၄ ရက်က ပြုလုပ်ခဲ့ဖူးသည်။

အထူးသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများ အားကောင်းသည့် စစ်ကိုင်းတိုင်းတွင် အကြမ်းဖက်စစ်တပ်က ပြည်သူလူထုနှင့် PDF များကြား သွေးကွဲစေမည့် လုပ်ရပ်များစွာ ဖန်တီးနေသည်။

Add a Comment

Your email address will not be published.