Single Mother ချင်းအတူတူတောင် သူမကို ပိုပြီး နှိမ်ချင်ပြောချင်နေကြတဲ့ လူအချို့အကြောင်းကို ရင်ဖွင့်ပြောပြလာတဲ့ အဆိုတော် အေသင်ချိုဆွေ…

SINGLE MOM ချင်း တူရင်တောင် သူမကိုဆို ပိုပြောချင် ပိုနှိမ်ချင်တဲ့ လူတချို့အကြောင်းကို ရင်ဖွင့်ပြောပြလာတဲ့ အဆိုတော် အေသင်ချိုဆွေ.. ပရိသတ်ကြီးရေသကြန်သီချင်းတစ်ပုဒ်ကနေ လူသိများလာတဲ့

အဆိုတော် အေသင်ချိုဆွေကတော့ ကိုယ်ပိုင်အမ်ဘမ်များစွာထွက်ရှိခဲ့ပြီး အောင်မြင်နေတဲ့ အဆိုတော် တစ်ယောက်လည်း ဖြစ်ပါတယ်။ အေသင်ချိုဆွေကတော့ အကြောင်း အမျိုးအမျိုးကြောင့်

single mother ဖြစ်ခဲ့ပေမယ့် ဘေးနားက ချစ်ခင်အားပေးတဲ့ သူတွေကြောင့် ရှေ့ဆက်နိုင်တာဆိုပြီး ပြောပြလာတာ ဖြစ်ပါတယ်။ အေသင်ချိုဆွေက အခုချိန် တွေးမိတာလေးပါ၊ ငါအတော် ကံကောင်းတာပဲလို့၊

ဒါပေမယ့် ဒီလိုအချိန်မှာဒီလိုပြောနိုင်ဖို့ဆိုတာကလည်းတချိန်က နွားဖြစ်ခဲ့တဲ့အချိန်တွေမှာလဲရုန်းလိုက်၊နစ်လိုက်နဲ့ကိုယ်လည်းကျော်ဖြတ်ခဲ့ရတာပါပဲ။ ကိုယ့်ရွေးချယ်မှုမှန်ကန်ခဲ့လို့ဆုံးဖြတ်ချက် ပြတ်သားခဲ့လို့

သာခုလိုအေးအေးချမ်းချမ်း အပူမရှိနေနိုင်တာ၊ ၁၅၀၀ အချစ်က ပူလောင်တယ်၊ ၅၂၈ က အေးချမ်းတယ်၊ မိန်းမ တယောက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ရင် ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘူး၊

အခုချိန်ထိ single mother ဖြစ်တာချင်းတူတာတောင် ကိုယ့်ကိုဆို ပိုပြောချင်ဆိုချင်၊ နှိမ်ချင်တဲ့ လူတချို့ကရှိကို နေသေးတာ၊အဲ့ဟာတွေကို သောက်ဂရုကို မစိုက်ပဲနေနိုင်တာကလည်းကိုယ့်ရဲ့ မိသားစုနဲ့

ကိုယ့်ကို ချစ်တဲ့ အသိုင်းအဝန်း၊ ကောင်းမွန်တဲ့ပတ်ဝန်းကျင်လေး ရှိနေလို့ပဲ။ အဲ့ဒီအတွက်အားလုံးကိုတကယ် ကျေးဇူးတင်တယ်ဆိုပြီး ပြောပြလာတာဖြစ်ပါတယ်။

Add a Comment

Your email address will not be published.