စစ်တပ်ကိုအဆိုးမဆိုနှင့်ဟု ပြောဆိုအချက်အပေါ် AA ကတော့ ပြတ်သားစွာ တုန့်ပြန်

ရခိုင်စစ်ရေးမှာ စစ်တပ်ကိုအဆိုးမဆိုနှင့်ဟု ပြောဆိုအချက်အပေါ် AA ပျက်ရယ်ပြုလှောင်ပြောင်

မြေလတ်အသံ၊ မေ ၁၉၊ ၂၀၂၂။

ရခိုင်ပြည်နယ်တွင် စစ်ရေးပြဿနာဖြစ်လာပါက စစ်တပ်ကိုအဆိုးမဆိုနှင့်ဟု ခြိမ်းခြောက်ပြောဆို ချက်ကို ရခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခက တစ်ကယ့်ဟာသပဲဟု သူ၏ Facebook လူမူကွန်ကွက်စာ မျက်နှာမှာ ပျက်ရယ်ပြုလှောင်ပြောင် ရေးသားထားပါတယ်။

ရခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခကရဲ့ Facebook စာမျက်နှာမှာ “သမိုင်းတလျောက်မှာ ပြည်သူတွေအပေါ် ကောင်းတာလုပ်ခဲ့တာ တခုမှမရှိဘဲ သူတို့ကို အဆိုးမဆိုနဲ့တဲ့။ တစ်ကယ့်ဟာသပဲ” ဟု သူရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားသည်။

“ဒီအချိန်မှာ ကျနော်တို့ လုပ်နေတာ၊ ထိန်းသိမ်းနေတာက ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာဖြစ်ပါတယ်။ ထပ်ပြောပါမယ် ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာဖြစ်ပါတယ်။

စိတ်ရှည်သည်းခံပြီးတော့ ပြည်ထောင်စုနဲ့ ငြိမ်းချမ်းရေးအတွက် ကျနော်တို့ လုပ်နေတာဖြစ်ပါတယ်။ အဲဒီအတွက် အခုဖြစ်နေတဲ့ ဟာတွေနဲ့ ပတ်သက်ပြီးတော့ ပြဿနာဖြစ်လာရင်တော့ တပ်မတော်ကို အဆိုးမဆိုပါနဲ့” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ခြိမ်းခြောက်ပြောဆိုခဲ့သည်။

နေပြည်တော်၌ ယနေ့ပြုလုပ်သည့်သတင်းစာ ရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရခိုင်ပြည်စစ်ရေးကိစ္စနဲ့ ပတ်သက်ပြီး စစ်တပ်ကိုအဆိုးမဆိုနှင့်ဟု ပြောဆိုခဲ့သည့်အပေါ် ရခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခက မေလ ၁၉ ရက်နေ့ ညနေ ၆ နာရီခန့်က ယခုလိုရေးသားပြောဆိုခဲ့ခြင်းဖြစ်သည်။

#မြေလတ်အသံ

Add a Comment

Your email address will not be published.