မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည်
|မြိုင်တွင် စစ်ကား ၇ စီး မိုင်းအလုံး ၁၀၀ ခန့် ထိပြီး ၃၀ ခန့် သေဆုံးကာ ဖောကားဖြင့် အလောင်းလာကောက်ရင်း အော်ဟစ်ငိုကြွေး
မေ ၁၂၊ ၂၀၂၂။
MAPT Media
မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ကိုင်းတောမဘက်မှ စစ်ကြောင်းထိုးလာသော ကား၇ စီးနှင့် စခ ၁၀၀ ခန့်အား တဲကြီးနှင့် နယ်သတ်ရွာအနီးတွင် မိုင်းများဖြင့် -ိုက်-ိုက်ခဲ့ပါသည်။
မိုင်းအလုံးရေ ၁၀၀ ခန့် အောင်မြင်စွာ ခွဲနိုင်ခဲ့ပြီး နောက်ဆုံးပွိုင့်တွင် စခအများအပြားသည် ညနေ ၅:၄၀ ခန့်တွင် မိုင်းကွင်းအတွင်း ရပ်နားခဲ့ပါသည်။
အဆိုပါ မိုင်းကွင်းအတွင်းရှိ အထူးပြုလုပ်ထားသောမိုင်းဖြင့် -ိုက်ခဲ့ပါသည်။ စခ အယောက် ၃၀ ခန့် -ပြီး အများအပြားဒဏ်ရာရှိပြီး အော်ဟစ်ငိုကြွေးလျက် ဘေးဝန်းကျင်အား ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ပါသည်။
ပြည်သူ့ဘက်တော်သားများ ဘေးကင်းပါသည်။ စခများသည် ဖောကားဖြင့် အလောင်းကောက်ကာ သွေးကွက်များဆေးကြောလျက်ရှိကြောင်း သတင်းရရှိပါသည်။
မိဘပြည်သူများအနေဖြင့် သတင်းများကို နားထောင်နားစွင့်လျက် စခများနှင့် ဝေးရာ ရှောင်တိမ်းကြပါရန် သတိပေးအပ်ပါသည်။
အရေးတော်ပုံအောင်ရမည်။