သင်ရွေးချယ်လိုက်တဲ့သစ်ပင်က ပြောပြမယ့် မကြာခင် သင်ကြုံတွေ့ရမယ့် အရာများ

လူတစ်ယောက်ချင်းစီရဲ့ စိတ်ထဲမှာ မျှော်လင့်ချက် ကိုယ်စီရှိကြပါတယ်။ ခုဖော်ပြပေးမှာကတော့ သင်ရွေးလိုက်တဲ့ သစ်ပင်လေးက ပြောပြပေးမယ့် သင့်ရင်ထဲက မျှော်လင့်ချက်တွေပဲဖြစ်ပါတယ်။ အကြိုက်ဆုံးသစ်ပင်လေးကိုရွေးပြီး အဖြေကိုကြည့်လိုက်နော်။

(၁) သကြားပင်

သင်ဟာ ခံစားလွယ်သူ တစ်ယောက် ဖြစ်ပါတယ်။ သင့်ရဲ့အချိန်တော်တော် များများကို သင့်ကို လူတွေဘယ်လို ထင်နေလဲ ဆိုတဲ့အတွေးတွေမှာ အကုန် ခံလေ့ ရှိသူဖြစ်ပါတယ်။မကြာခင်မှာ သင့်ဘဝထဲကို ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့၊ သင့်ကို ချစ်ပေးနိုင်မယ့် သင်နဲ့အလိုက် ဖက်ဆုံးသူတစ်ယောက် ရောက်လာတော့ မှာပါ။ သင့်ရဲ့ ပျင်းစရာကောင်းတဲ့ ဘဝကြီးဟာ သာယာ လာတော့မှာပါ။

(၂) သစ်အယ်သီးပင်

သင်ဟာ အရမ်းလက်တွေ့ကျပြီး အားလုံးနဲ့အဆင်ပြေအောင် နေတတ်သူပါ။ သင်ဟာ အရမ်းကို ခင်မင်စရာကောင်းတဲ့သူပါ။ သင်ဟာ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူ တစ်ယောက်ဖြစ်ပေမယ့် သူများတွေက သင့်ကို စိတ်ထိခိုက်လွယ် တယ်လို့ ထင်ကြပါတယ်။ သင့်ဘဝထဲကို သင့်အတွက် အကောင်းဆုံး၊ သင်နဲ့အလိုက် ဖက်ဆုံးသူတစ်ယောက် ရောက်လာတော့မှာပါ။ ကံကောင်းခြင်းတွေလည်း ရောက်လာမှာပါ။

(၃) မာတယ်ပင်

သင်ဟာ ကိုယ့်ကိုယ် ကိုယုံကြည်မှုရှိသူ တစ်ယောက်ပါ။ သင်ဟာ ကိုယ့်ကိုယ်ကို အားကိုးတတ်တဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သင့်အနားမှာနေတဲ့ သူတွေကလည်း သင့်ကိုလေး စားစရာကောင်းတယ်လို့ မြင်ကြသလို၊ သင့်ကို တော်တော်လည်း နှစ်သက် ကြပါတယ်။ ခုချိန်မှာတော့ သင့်ဘဝအတွက် အကောင်းဆုံးတက်လမ်းတွေ ရောက်လာတော့ မှာဖြစ်လို့ အဆင်သင့်ပြင် ထားလိုက်ပါ။

(၄) လင်ဒန်ပင်

သင်ဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး ခင်ဖို့ကောင်းတဲ့သူပါ။ တစ်ခုခုဆို အရမ်းလည်း အလိုက်သိတတ်သူပါ။ ခုချိန်မှာ သင့်အတွက် အကောင်းတွေ ရောက်လာပါပြီ။ အရင်က သင့်ကိုသိပ်ကြည့် လို့မရတဲ့သူတွေတောင်မှ ခုချိန်မှာတော့ သင့်ဖက်မှာ အလိုလို ပါလာပြီး သင့်ရဲ့ဘက်တော် သားတွေ ဖြစ်လာမှာပါ။ လူတွေရဲ့ ဝန်းရံခြင်းကို ခံရတော့မှာပါ။

Add a Comment

Your email address will not be published.