မိအိုဖအိုတွေကို မကျွေးနိုင်ရင် လမ်းဘေးမပစ်ပါနဲ့ လာအပ်လိုက်ပါ ဆိုတဲ့ ဦးဇင်းလေး

မိအိုဖအိုတွေကို မကျွေးနိုင်ရင် လမ်းဘေးမပစ်ပါနဲ့ လာအပ်လိုက်ပါ ဆိုတဲ့ ဦးဇင်းလေး


ယနေ့ခေတ်မှာ သက်ကြီးရွယ်အိုတွေကို လမ်းဘေးမှာ စွန့်ပစ်သူတွေရှိလာပါတယ်…အကြောင်းအမျိုးမျိုးကြောင့် မကျွေးမွေး မပြုစုနိုင်လို့ ခုလိုစွန့်ပစ်မှုတွေ ဖြစ်လာရတယ်လို့ ဆိုရမှာပါ။

ဒါကြောင့် အဘိုးအဘွားတွေကို မစွန့်ပစ်ဘဲ စောင့်ရှောက်ချင်တယ်ဦးဇင်းတစ်ပါးက ခုလို ပြောပြထားပါတယ်။

“အဖိုးအဖွားများ ကို လမ်းဘေး မစွန့်ကြပါနဲ့ ဦးဇင်းဆီ ကို လာပို့လှည့်ပါ..ဦးဇင်း လာခေါ်ရမယ် ဆိုလည်း လာခေါ်ပါမယ်…ဦးဇင်း ကျောင်းခွဲတည်လိုက်ခြင်းက အဲဒီလို အဖိုးအဖွားများကို စောင့်ရှောက်ချင်လို့ တည်လိုက်ခြင်းပါ။

ဘယ်မှာတွေ့တွေ့ မကျွေးချင်ရင် မပြုစုချင်ရင် လာရောက် ထားနိုင် ပါတယ်..ပေါက်မြို့နယ် ရှားပင်ရေရွာ တောင်ဘက်. သာယာအေးဓမ္မရိပ်သာကျောင်း..”ဆိုပြီး လာရောက်ထားနိုင်တဲ့အကြောင်း ဖော်ပြထားတာပါ။

ဒါကြောင့် အဘိုးအဘွားတွေ ကို လမ်းဘေးမှာ မစွန့်ပစ်ကြပါ နဲ့ …

ဦးဇင်းဆီ ဆက်သွယ်ပြီး ပို့ပေးနိုင် ပါ တယ်နော်။

Credit

Add a Comment

Your email address will not be published.