ဇန်နဝါရီလ (၁၂) ရက် နေ့လည် (၁)နာရီအထိ နောက်ဆုံးရသတင်းများ

ဇန်နဝါရီလ(၁၂)
တပ်ခွဲမှူးဦးစီးတဲ့အင်အား၃၀ရှိ ဘုတလင်ကူတော်ရဲစခန်းကို ဒီပဲယင်းနဲ့ဘုတလင်ညီနှောင်တွေကတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ဘုလင်မြို့နယ်၊ တပ်ခွဲမှူးဦးစီးတဲ့ အင်အား၃၀ရှိတဲ့ ကူတော်ရဲစခန်းကို ဇန်နဝါရီလ၁၁ရက်နေ့ည၁၂နာရီခန့်က ဒီပဲယင်းနဲ့ဘုတလင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲတယ်လို့ ဒေသခံတွေစီကနေသိရပါတယ်။ အဆိုပါတိုက်ခိုက်ခံခဲတာကြောင့် တစ်ခွဲမှုအပါဝင် ရဲဘော်အများအပြားကျဆုံးခဲတယ်လို့သိရပါတယ်။
*ပစ်ကျခတ်ကြတာတော့၁၂နာရီကနေ ၁နာရီခွဲလောက်အထိကြာမယ်။စခန်းကတော့အကုန်နီးပါးလောက်စီးတယ်။ဒီကောင်တွေ အခုမနက် သူတို့စခန်းဖျတ်ခံရလို့ ကူတော်ရွာထဲကို မီးဝင်ရှို့နေတယ်။ဘာတွေရှို့နေတယ်လို့တော့အတိကျမသိရသေးဘူး။မီးခိုးတွေတော့အပြင်ကနေမြင်နေရတယ်လို့ ဒေသခံရွာသားတစ်ကပြောပါတယ်။
အခုလိုနှစ်ဖက်တိုက်ပွဲဖြစ်ပွားတာကြောင့် ‌ကူတော်ကျေးရွာက အိမ်ခြေ၂၀၀ကျော်က ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့လဲအဲဒီရွာသားကပြောပါတယ်။
====
ဟဲဟိုးတွင် တာဝန်ကျသော (၃)ပွင့်အဆင့်အရာရှိက ရှေ့တန်းမထွက်လို၍ လုပ်ကြံဇာတ်လမ်းထွင်၊ ဇာတ်လမ်းထွင်သော်လည်း အရာမထင်ဘဲ နောက်တစ်ရက်အင်းလေး-ဖယ်ခုံနယ်စပ်သို့ အပို့ခံရ
ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက် ညပိုင်းက ဟဲဟိုးမြို့ ထွေအုပ်ရုံးရှေ့တွင် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်ခဲ့ပြီးနောက် သေနတ်သံများ အဆက်မပြတ်ကြားရသည်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမဟုတ်ဘဲ စစ်ကောင်စီဘက်မှ (၃)ပွင့်အဆင့် အရာရှိတစ်ဦး၏ ရှေ့တန်းမထွက်ချင်၍ လုပ်ကြံသော ဇာတ်လမ်းတစ်ခုသာဖြစ်ကြောင်း ခိုင်လုံသောသတင်းရင်းမြစ်များထံမှတဆင့် သိရသည်။ ယင်းသို့ လုပ်ကြံဇာတ်လမ်းထွင်ပြီး နောက်တစ်ရက်(ဇန်နဝါရီ ၁၀)တွင် ၎င်း၏တပ်မမှ လာရောက်ခေါ်ဆောင်သွားပြီး အင်းလေး-ဖယ်ခုံနယ်စပ်သို့ အပို့ခံလိုက်ရကြောင်းလည်း သိရသည်။
===
ဒီဇင်ဘာ ၁၉ ရက်နေ့ကဖမ်းဆီးထားတဲ့ အလွတ်တန်းသတင်းထောက် ကိုဇော်လင်းထွဋ်(ခ)ဖိုးသားနဲ့ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က မဆုရည်လင်းတို့ကို ဇန်နဝါရီ ၁၄ ရက်နေ့မှာ အပြင်သင်္ဃန်းကျွန်းတရားရုံးမှာ ပထမဦး ဆုံးအနေနဲ့ ရုံးထုတ်မယ်လို့ သိရပါတယ်။ အခုလက်ရှိ သင်္ဃန်းကျွန်းရဲစခန်းမှာရှိနေပြီး ၁၄ရက်နေ့ရုံးတင်ပြီးတာနဲ့ အင်းစိန်ထောင်ကိုပို့မယ်လို့လည်းသိရပါတယ်။ လင်းလင်းကို ပုဒ်မ ၃ ခုတပ်ခံထားရတယ်လို့လည်း သတင်းရရှိပါတယ်။
===
ဆီဆိုင်မြို့၊ ဇ၀နာရာမစာသင်တိုက်အတွင်းမှာ စစ်ဘေးရှောင်ပြည်သူများအတွက် ဝါးတဲနှင့် အိမ်သာကိုပအိုဝ်းတိုင်းရင်းသားများမှ တက်ညီလက်ညီ ဆောက်လုပ်ပေး
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ ဇ၀နာရာမစာသင်တိုက်အတွင်း လာရောက်တည်းခိုသော စစ်ဘေးရှောင်ပြည်သူများအတွက် ဘုန်းတော်ကြီးကျောင်းတောင်ဖက်တွင် ဝါးတဲ(၂)လုံးနှင့် အိမ်သာ(၆)ခန်းတစ်လုံးကို ဟော်တောင်ရွာနှင့် ဟော်မြောက်ရွာရှိ ပအိုဝ်းတိုင်းရင်းသားများမှ တက်ညီလက်ညီ အရေးပေါ်ဆောက်လုပ်လှူဒါန်းနေကြပါတယ်။
===
ရေစကြိုမှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ်၊ စစ်သား ၆ ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာပြင်းထန်
ရေစကြိုမြို့နယ်ထဲမှာ ဇန်နဝါရီ ၁၁ ရက် မနေ့က နေ့လည် ၃ နာရီလောက်မှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံးခဲ့တယ်လို့ MG6 ပြောက်ကျားတပ် (မြင်းခြံ) ဆီကသိရပါတယ်။ အင်အား ၆၀ လောက်ပါတဲ့ စစ်ကောင်စီတပ်တွေနဲ့ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေယှားရွာနဲ့ လှေခုတ် ကျေးရွာ ကြားမှာတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးသူတွေအပြင် ဒဏ်ရာပြင်းထန်ရသူ ၂၀ ဦးလည်း ရှိခဲ့တယ်လို့ MG6 ပြောက်ကျားတပ်(မြင်းခြံ) တာဝန်ခံက ပြောပါတယ်။ “အကြမ်းဖက်စစ်ကောင်စီဘက်ကအင်အား ၅၇ ယောက်လောက်ရှိမယ်၊ ဒီနေ့သိရတာကတော့ ၆ ဦးသေတယ်၊ အယောက် ၂၀ ကတော့မလှုပ်နိုင်တော့ဘူး၊ ဒီနေ့အယောက် ၂၀ ကျော်ကို ပို့ဖို့စီစဉ်နေတယ်၊ သူတို့စခန်းပို့မလား ဆေးရုံပို့မလားမသိသေးဘူး၊ တိုက်ပွဲကတော့ ၂ နာရီနဲ့ ၃ နာရီကြားမှာဖြစ်တာ” လို့ သူကပြောပါတယ်။
ဒီတိုက်ခိုက်မှုကို MG6 ပြောက်ကျားတပ် (မြင်းခြံ)နဲ့ YLK ပြောက်ကျားတပ် (YSO) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး PDF ရဲဘော်တဦး ထိခိုက်ဒဏ်ရာရခဲ့ပေမယ့် စိုးရိမ်ရတဲ့ အခြေအနေမဟုတ်ဘူးလို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက် ကလည်း MG6 ပြောက်ကျားတပ်နဲ့ ပူးပေါင်အဖွဲ့တွေဟာ မြောင်မြို့နယ်အတွင်းဝင်လာတဲ့ စစ်ကောင်စီတပ်တွေကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ MG6 ပြောက်ကျားတပ်က သတင်းထုတ်ပြန်ထားပါတယ်။
===
ကလေးမြို့ကနေချင်းတောင်သို့တက်တဲ့ ၉ မိုင်ဂိတ်မှာစကစတွေက အိမ်စီးကားတွေကိုတားဆီး
ကလေးမြို့နဲ့ ချင်းပြည်နယ်အစပ် ၉ မိုင်ဂိတ်မှာ ဒီနေ့ ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက အရပ်သားပြည်သူတွေအသုံးပြုတဲ့ကား နဲ့ ဆိုင်ကယ်တွေကို ရပ်တန့်ခိုင်းတယ်လို့သတင်းရရှိပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်သား အချို့ဟာ ခြေလျင်နဲ့ ချင်းတောင်သို့ တက်သွားကြတယ်လို့သိရတယ်။ ကလေးမြို့ဘက်ကနေလည်း ဗိုလ်ချုပ်လမ်းအတိုင်း ချင်းတောင်ဘက်သို့ စစ်ကောင်စီတပ်ကား ၆ စီး ဒီမနက် တက်သွားတယ်လို့သိရတယ်။
မနေ့ ဇန်နဝါရီလ ၁၁ ရက်ည ၈ နာရီလောက်က တီးတိန်မြို့ထဲမှာ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက သေနတ် အကြိမ် ၁၀၀ လောက်ရမ်းသမ်းပစ်ခတ်ကြပါတယ်။ ပြီးတော့ ကနေဒီတောင်ထိပ်မှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေနဲ့ PDF-Zoland တွေ ၃ ရက်ခြားတိုက်ပွဲဖြစ်ပွားကြပါတယ်။
မနေ့ ဇန်နဝါရီလ ၁၁ ရက်ကလည်း နတ်ချောင်းအထက်ပိုင်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဝေဘူလမြို့အနီးမှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ CNDF တပ်တို့တိုက်ပွဲဖြစ်ပွားကြပါတယ်။
===

Add a Comment

Your email address will not be published.