ပခုက္ကူမြို့ (၆) ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် ပျူစောထီးခေါင်းဆောင် တို့ကို စစ်တပ်က ပစ်ခတ်

ဓာတ်ပုံ- သေဆုံးသွားသော ပျူစောထီးခေါင်းဆောင် ရွှေသီး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် စစ်ကောင်စီခန့် အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး တင်ကိုးနှင့် ပျူစောထီးခေါင်းဆောင် ရွှေသီးတို့ကို စစ်တပ်က ဇန်နဝါရီလ ၁၀ ရက်နေ့ ညပိုင်းတွင် ပစ်ခတ်သဖြင့် ရွှေသီးသေဆုံးပြီး တင်ကိုးမှာ ဒဏ်ရာအပြင်းအထန်ဖြင့် ဆေးဝါးကုသမှု ခံယူနေရကြောင်း ကြားသိရပါသည်။ ဖြစ်စဥ်က အမှတ် ၆ အုပ်ကြီး တင်ကိုးနဲ့ ပျူစောထီး ရွှေသီးဟာ ဇန်နဝါရီ ၁၀ ရက်နေ့ ညပိုင်း ကားမောင်းလာတာကို စစ်တပ်က ကားတားတယ်။ အဲဒါသူတို့ကလည်း အချင်းချင်းဆိုတော့ ကားသိမယ်ထင်ပြီး ရပ်မပေးတာ စစ်တပ်က လိုက်ပစ်တယ်။ ရွှေသီးက ပခုက္ကူဆေးရုံမှာ သေတယ်။ တင်ကိုးကလည်း ဒဏ်ရာပြင်းတော့ ပခုက္ကူကနေ ညတွင်းချင်း မန္တလေးဆေးရုံပို့ရတယ်။ သေဖို့များတယ်လို့ရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ပစ်ခတ်ခံရသူ တင်ကိုးနှင့် ပျူစောထီးခေါင်းဆောင် ရွှေသီးတို့သည် စစ်ကောင်စီက ပို့ချသည့် လက် နက်ငယ် သင်တန်းတက်ရောက်ပြီးသူများဖြစ်ပြီး စစ်ကောင်စီတပ်အတွက် လူသူစုဆောင်းနေကြကြောင်း၊ ယခုစစ်တပ်၏ပစ်ခတ်မှုကြောင့် ပျူစောထီးတချို့ နုတ်ထွက်မှုများရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

Add a Comment

Your email address will not be published.