စစ်​ကောင်စီကို နှိမ်နင်းရန် တိုက်ခိုက်မည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က တရားဝင်ကြေ ညာ

စစ်​ကောင်စီကို နှိမ်နင်းရန် တိုက်ခိုက်မည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က တရားဝင်ကြေ ညာ

စစ်​ကောင်စီကို အမြစ်ပြတ်နှိမ်နင်းသွားရန် တိုက်ပွဲများ စတင်တိုက်တော့မည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က ယနေ့(ဇန်နဝါရီ ၄ ရက်)ထုတ်ပြန် ကြေညာသည်။
အကြမ်းဖက်စစ်အုပ်စုကို တိုက်ပွဲဆင်နွှဲရာတွင် ဘုံရည် မှန်းချက်တူညီသည့်အဖွဲ့အစည်းများနှင့် မဟာမိတ်ပြုလုပ်သွားမည်ဖြစ်​ကြောင်း၊ နိုင်ငံရေးရည်မှန်းချက်များအ​နေဖြင့် အာဏာရှင် စနစ်ကျဆုံးပြီး ပြည်သူလူထုအားလုံးအဖိနှိပ်ခံဘ၀မှလွတ်မြောက်ရေး၊ လူမျိုးကြီးဝါဒချုပ်ငြိမ်းပြီး တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ ဒီမိုကရေစီနှင့်လူ့ရပိုင်ခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်သစ်တည် ဆောက်ရေးတို့ ဖြစ်​ကြောင်း သိရှိရသည်။
ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ထောင်ရာတွင် ပြည် ထောင်စုအဖွဲ့ဝင် ဗမာဖက်ဒရယ် ယူနစ်(ဝါ) ဗမာပြည်/ဗမာပြည်နယ် သတ်မှတ်ပါဝင်တည်ဆောက်ရေးနှင့် ပြည်သူလူထု၏ လွတ်လပ်မှု၊ လုံခြုံမှုတို့ကို ကာကွယ်စောင့်ရှောက်ရေးတို့ ဖြစ်​ကြောင်း သိရှိရသည်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ကို ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးကာ ၎င်းတို့၏ အကူအညီများဖြင့် ၂၀၂၁ ဧပြီ ၁၇ တွင် စတင်ဖွဲ့စည်းခဲ့​ကြောင်းသိရှိရသည်။ Crd

Add a Comment

Your email address will not be published. Required fields are marked *