သက်သေခံပစ္စည်း ရွှေ ၁၂.၅၀ ပိဿာ၊ ကျပ်သိန်း ၅၀၀ ခန့်၊ သေနတ်တစ်လက်နှင့်အတူ ထွက်ပြေးသွားသည့် ယင်းမာပင်မြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး ဖမ်းမိ

သက်သေခံပစ္စည်း ရွှေ ၁၂.၅၀ ပိဿာ၊ ကျပ်သိန်း ၅၀၀ ခန့်၊ သေနတ်တစ်လက်နှင့်အတူ ထွက်ပြေးသွားသည့် ယင်းမာပင်မြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး ဖမ်းမိ
၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ မြို့မရဲစခန်းရှိ တပ်ကြပ် ကြီးတစ်ဦးသည် သက်သေခံပစ္စည်း ရွှေ ၁၂.၅၀ ပိဿာ၊ ကျပ်သိန်း ၅၀၀ ခန့်၊ သေနတ်တစ်လက်နှင့်အတူ ထွက် ပြေးသွားခဲ့ရာ လက်ရှိအချိန်၌ ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက People Media ကို အတည်ပြု ပြောဆိုသည်။
၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့က အဆိုပါရဲတပ်ကြပ်ကြီးသည် ဂါတ်စာရေးတာဝန်ထမ်းဆောင်နေစဉ် အမှုနှင့် သက်ဆိုင်သည့် သက်သေခံပစ္စည်း ရွှေ ၁၂.၅၀ ပိဿာ၊ ကျပ်သိန်း ၅၀၀ ခန့်၊ BA 63 သေနတ်တစ် လက်နှင့်အတူ ထွက်ပြေးသွားခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့၌ ဖမ်းဆီးခြင်းခံခဲ့ရသည်။
ရွှေချောင်းများ၊ ငွေများနှင့် လက်နက်တစ်လက်ကို ယူဆောင်ထွက်ပြေးသွားခဲ့သည့် ရဲတပ်ကြပ်ကြီးကို ၎င်း၏ မိသားစုနှင့်အတူ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၌ ဇန်နဝါရီ ၁ ရက်နေ့၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက အတည်ပြုသည်။

အဆိုပါ သိမ်းဆည်းခံရသည့် ရွှေချောင်းများသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့၌ မုံရွာ-ဂန့်ဂေါ-ကလေး ကားလမ်းရှိ သွားလာသောယာဉ်များကို စစ်ဆေးနေစဉ် ယာဉ်တစ်စီးပေါ်၌ ရွှေချောင်းတစ်ချောင်းလျင် ၁၀ ကျပ် သားရှိသည့် ရွှေချောင်း ၁၂၅ ချောင်း၊ ရွှေပိဿာချိန် ၁၂.၅၀ ပိဿာနှင့် ကျပ်ငွေ သိန်း ၄၉၀ တို့ကို ရှာဖွေစစ် ဆေးတွေ့ရှိခဲ့ပြီး ရွှေချောင်းများ သယ်ဆောင်သူနှစ်ဦးကိုလည်း တာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။PeopleMedia

Add a Comment

Your email address will not be published.