စစ်ကောင်စီတပ် တပ်သားသစ်တဦးလျှင် သိန်း ၃၀ ဝန်း ကျင်ထိစျေးပေါက်နေပြီး တဦးစု​ဆောင်းနိုင်လျှင် ခွင့်တစ်လခွဲပေး

စစ်ကောင်စီတပ် တပ်သားသစ်တဦးလျှင် သိန်း ၃၀ ဝန်း ကျင်ထိစျေးပေါက်နေပြီး တဦးစု​ဆောင်းနိုင်လျှင် ခွင့်တစ်လခွဲပေး
စစ်ကောင်စီလက်အောက်ခံတပ်များသို့ဝင်ရောက်လိုသူနည်းပါးနေသဖြင့် တပ်သားသစ်တဦးလျှင် သိန်း ၃၀ ဝန်း ကျင်ထိပေး၍ စုဆောင်းနေပြီး လူသစ်စုနိုင်သည့်စစ်ကောင်စီတပ်ဖွဲ့ဝင်အား ခွင့်တလခွဲပေးနေကြောင်း စစ် ကောင်စီတပ် အသိုင်းအဝိုင်းထံကသိရသည်။
လက်ရှိတွင်စစ်ကောင်စီတပ်သားသစ်တဦးလျှင်ရေ တပ် နှင့်လေတပ်အတွက် ၁၅ သိန်းဝန်းကျင်၊ လက်ရုံးတပ်အ တွက် ၂၃ သိန်းဝန်းကျင်နှင့် ခြေလျင်တိုက်ခိုက်ရေးတပ်များအတွက် ၃၀ သိန်းဝန်း ကျင်ထိပေး၍ လိုက်လံစု ဆောင်းနေရကြောင်း သိရသည်။ယခင်က စစ်သားသစ်တဦးလျှင် ရေတပ်နှင့်လေတပ်တွင် ၇ သိန်းဝန်းကျင်၊ လက်ရုံးတပ်အတွက် ၁၀သိန်းဝန်း ကျင်၊ တိုက်ခိုက်ရေးတပ်များအတွက် ၁၅ သိန်းဝန်းကျင်ဖြင့် စုဆောင်းရရှိနေသော်လည်း စစ်အာဏာသိမ်းပြီးနောက် ယခုစျေးနှုန်းများထိပေါက်လာခြင်းဖြစ်သည်။

” စျေးနှုန်းကတပ်မှူးပေါ်လစီပေါ်မူတည်တယ်။ ရဲဘော်သစ်တယောက်ရှိတယ်ဆိုတဲ့သတင်းကြားတာနဲ့ စု ဆောင်းရေးလောကသားတွေကအပြိုင်အဆိုင် စျေးခေါ်ကြတယ်။

အများဆုံးပေးနိုင်တဲ့သူကရတာဘဲ။ ရဲဘော်သစ်စုရတာအရမ်းခက်ခဲတယ်။ အရင်ထဲကမလွယ်တာ။ခုကပိုဆိုးနေတယ်။ အရင်က ကျွန်တော်တို့ ခြေလျင်/ခြေမြန်ဆို ၁၅ သိန်း ၁၆ သိန်းဆိုတာထန်ကုန်ဘဲ။

အရင်ထက်စျေးအများကြီးပေးတာတောင် ဘယ်လိုမှစုလို့ အဆင်မပြေဘူးဖြစ်နေတယ် ။” ဟု နယ်လှည့်စစ်သားစု ဆောင်းရေးလုပ်ဆောင်နေသူတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် စစ်ကောင်စီအကြီးတန်းအရာရှိများက ရသည့်နည်းလမ်းဖြင့် စီမံချက်ရေးဆွဲ၍ စစ်သားသစ်စု ဆောင်းနိုင်ရေး တပ်မှူးများကို ဖိအားပေးစေခိုင်းနေကြောင်း သိရသည်။

” စစ်သားသစ်ကသူတို့(တပ်မှူး)တွေအတွက်အ ရေးကြီးတယ်။ တိုင်းလေးလပတ်အစည်းအဝေး တွေမှာ လေးလနေလို့မှတယောက်မှမစုနိုင်ရင် အပြောအဆိုခံရတယ်။ များများစုနိုင်တဲ့သူက ရာထူးတိုးဦးစားပေးခံရသလိုမြန်လည်းမြန်တယ် ။

ဒါကြောင့်လည်း အပြိုင်အဆိုင်တွေစျေးပေးကြ တာ။” ဟု မကွေးမြို့အခြေစိုက်အမှတ် (၃) စစ်သားစုဆောင်းရေးတပ်နှင့်နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့ပြင် စစ်သားသစ်တဦးရရှိပါက စုဆောင်းလာသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်က ခွင့်တလခွဲ ခံစားခွင့်နှင့် ဆုချီးမြှင့်ခြင်းခံရကြောင်း သိရသည်။

” ရဲဘော်သစ်တယောက်ရရင် ခွင့်တလခွဲရတယ်။ ဒါဘာ (တပ်ရင်းဆန္ဒဖော်ထုတ်ပွဲ)မှာဆုပေးတယ်။အရင်ကဆို တပ်ကထွက်ချင်လို့ ထွက်ခွင့်မြန်ချင် ရင် ရဲဘော်သစ် ၃ ယောက်စုပေးရတာမျိုးရှိတယ်။

ခုနောက်ပိုင်းတော့ ရဲ ဘော်သစ်ကမရတာများပါတယ် ။” ဟု ရန်ကုန်တိုင်းလက် အောက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် စစ်အုပ်ချုပ်ရေးကာလဖြစ်သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကမတရားသည့်နည်းလမ်းများ ဖြင့်ငွေကြေးရှာဖွေနေပြီး အဆိုပါငွေများဖြင့်ပင် ရဲဘော်သစ်ရှာဖွေရာတွင်ပြန်လည်အသုံးပြုနေခြင်းဖြစ်သည်ဟု တပ်မတော်သားဟောင်း တဦးကသုံးသပ်ပြောဆိုသည်။
” ခုခေတ်ကသူတို့(စစ်တပ်)ခေတ်ဘဲ။ သူတို့အတွက်ကပိုက်ဆံက လွယ်နေတာ။ သူတို့အိတ်ထဲကစိုက်ရှာရတာမှမဟုတ်တာ။ရဲဘော်သစ်ကသူတို့ပိုက်ဆံရှိရင် တောင် ရှာလို့မလွယ်ဘူး။ ရမယ်ဆိုရင် သိန်း ၃၀ မဟုတ်ဘူး ၄၀ ဆိုလည်းပေးမှာဘဲ။” ဟု ၄င်းကဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သို့ဝင်ရောက်လိုသူနည်းပါးနေပြီး တာဝန်ထမ်းဆောင်ဆဲတပ်ဖွဲ့ဝင်များ သည်လည်း နေ့စဥ်ထိခိုက်သေဆုံးနေသဖြင့် ၄င်းတို့ ၏စစ်သည်မိန်းမများကို
စစ်သင်တန်းတက်ရောက် ခိုင်း၍လုံခြုံရေးယူခိုင်းနေသည့်အပြင် ရဲတပ်ဖွဲ့၊မီးသတ်၊အကျဥ်းဦးစီးဌာနများမှ ဝန်ထမ်းများ၏ မိန်းမများကို စစ်သင်တန်းပေး၍ အင် အားဖြည့်တင်းရန်ပြင်ဆင်နေကြောင်း သိရသည်။ဟိန်းစံ/ဧရာဝတီတိုင်းမ်

Add a Comment

Your email address will not be published.