အမေရိကန်ပြည်ထောင်စု၏ NUG အပေါ် ပူးပေါင်းဆက်ဆံရေး မြှင့်တင်လာနေသည့်အပေါ် စစ်ကောင်စီက ကန့်ကွက်စာ ပေးပို့မည်
|အမေရိကန်ပြည်ထောင်စု၏ NUG အပေါ် ပူးပေါင်းဆက်ဆံရေး မြှင့်တင်လာနေသည့်အပေါ် စစ်ကောင်စီက ကန့်ကွက်စာ ပေးပို့မည်။
NDAA ဥပဒေကို အမေရိကန်ပြည်ထောင်စုက ပြဌာန်းအပြီး BURMA ACTION ပါဝင်လာပြီး
သည့်နောက်ပိုင်း အမေရိကန်အစိုးရက NUG နှင့်ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်ရန်ခြေလှမ်းပြင်လာခြင်းအပေါ် အကြမ်းဖက်စစ်ကောင်စီအနေဖြင့် လုံးဝကန့်ကွက်ပြီး အမေရိကန်ပြည်ထောင်စု
ထံ ကန့်ကွက်စာပေးပို့မည်ဟု ယနေ့နံနက် မြဝတီသတင်းတွင် ဖော်ပြပါရှိသည်။
crd-နွေဦးမောင်
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်၏ NDAA ဥပဒေအားအတည်ပြုလက်မှတ်ထိုးသည့်အထဲတွင် BURMA ACTION ပါဝင်ထားသည့်အပေါ် စစ်ကောင်စီ ခန့်အပ်ထားသော နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏ မောင်လွင်က လုံးဝလက်မခံနိုင်ကြောင်း ယနေ့ညနေ အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေညာသည် ။
ကုလပဠိညာဥ်စာတန်းတွင်ပါဝင်သည့် အခြေခံမူတွင် နိုင်ငံတကာက နိုင်ငံတစ်နိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက် စွပ်ဖက်ခြင်းမပြုရ ဥပဒေကို အမေရိကန် ကပြောင်ပြောင်တင်းတင်းချိုးဖောက်ရာရောက်နေပြီး ကြီးနိုင်ငယ်ညှင်းအနိုင်ကျင့်ရန်ကြံစည်ခြင်းဖြစ်တယ်လို့ ဝဏ္ဏမောင်လွင်မှ စွပ်စွဲပြောကြားလိုက်ပါတယ်။
ကုလ လုံခြုံရေး ကောင်စီသည် အမေရိကန်ပြည်ထောင်စု၏ NDAA ဥပဒေအား မကန့်ကွက်ခဲ့သည့်အပြင် ထောက်ခံအတည်ပြုပေးလိုက်ခြင်းသည် မြန်မာပြည်သူများနှင့်ပြည်သူ့အစိုးရအပေါ်ရက်စက်သည့်လုပ်ရပ်ကိုကျူးလွန်ခြင်းပင်ဖြစ်တယ်လို့ ဝဏ္ဏမောင်လွင်က ပြောဆိုသည်။