မိုင်းခွဲခြင်းများ၊ခြုံခိုတိုက်ခိုက်ခြင်းများပြုလုပ်ပါက လျပ်စစ်မီးဖြတ်တောက်သွားမည်ဟု ဇော်မင်းထွန်းပြော

စာ၊နယ်၊ဇင်း တွေ့ဆုံပွဲမှာ ဇော်မင်းထွန်းမှ ပြည်သူများကိုပန်ကြားပြီ (ပြန်လည်ကူးယူဖော်ပြပါသည်)

ပြည်သူများ နှင့် ဖြစ်နေသည့်တိုက်ပွဲများတွင် စစ်တပ်အနေဖြင့် မြေပြင် ကို အပြည့်အဝ မစိုးမိုးနိုင်သေးသောကြောင့် တိုက်ပွဲအဆုံးအဖြတ်ကို ကြိုတင်ခန့်မှန်းနိုင်စွမ်း မရှိသေးပါ။
သို့သော်လည်း ပြည်သူများကို ဝေဟင်မှခြေမှုန်းနိုင်ဖို့


ကြိုးစားဆဲကာလမှာ ပြည်ပမှ စျေးနှုန်းမြင့်မားစွာဝယ်ယူတင်သွင်းထားသည့် လေယာဉ်ဆီ နှင့် လေယာဉ်ဆီ သယ်ဆောင်လာသည့် ကားများကို ဖွဲစည်းပုံ ဥပဒေနှင့်အညီ ခေတ္တခဏ ၊ စံနစ်တကျသွားလာခွင့်ပြုသင့်ကြောင်း ပြည်သူများကို ပန်ကြားထားပါတယ်။
အကယ်၍ လေယာဉ်ဆီတင်ဆောင်သည့်ကားများကိုမိုင်းခွဲခြင်းများ ၊ ခြုံခို တိုက်ခိုက်ခြင်းများပြုလုပ်ပါကပြည်နယ်အလိုက် လျပ်စစ်မီးဖြတ်တောက်သွားမည်ဟုနေပြည်တော် ဇမ္ဗူသီရိမြို့နယ် စာ၊နယ်၊ဇင်း တွေ့ဆုံပွဲမှာ ဇော်မင်းထွန်းမှ ပြောကြားသွားခဲ့ပါတယ်။

Add a Comment

Your email address will not be published.