ရွှေညဝါဆရာတော်ကြီး ထောင်ဒဏ်၂နှစ်ချမှတ်ခံရ

28 Dec 2021 By MPA
ရွှေညဝါဆရာတော်ကြီး အရှင်ပညာသီဟကို ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် နိုင်ငံ‌တော် အကြည်ညိုပျက်‌ ‌စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) ဖြင့်ထောင်ဒဏ် (၂) နှစ်ချမှတ်လိုက်ကြောင်း သိရသည်။
ဆရာတော်ကြီးကို ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုထားသော်လည်း ခုခံချေပမှုများအရ ပုဒ်မ၅၀၅(ခ) သို့ပြောင်းလဲပြီး ယခုကဲ့သို့ ထောင်ဒဏ် (၂)နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေ အသိုင်းအဝိုင်းမှ သိရသည်။
“ဆရာတော်ကို အလုပ်ကြမ်းမပါပဲ ထောင်ဒဏ် (၂) နှစ်ချမှတ်လိုက်တာပါ။ ဆရာတော်ရဲ့ ကျန်းမာရေး အခြေအနေကတော့ မကောင်းပါဘူး” ဟုရှေ့နေတစ်ဦးက ပြောသည်။

ဆရာတော်ကြီးသည် အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်း ဇူလိုင်လ (၂၂) ရက်နေ့က အောက်ဆီဂျင်ကျလာသဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပြီး (၁၀) ရက်ကျော်ကြာ ဆေးကုသမှု ခံခဲ့ရသည်။
ရွှေညဝါဆရာတော်ကြီးကို အကြမ်းဖက်စစ်တပ်က ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ဆရာတော်၏ ကျောင်းတိုက်မှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ကျောင်းတိုက်မှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ယခုကဲ့သို့ နိုင်ငံတော် အကြည်အညို ပျက်စေမှုဖြင့် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ပုဒ်မ၅၀၅(ခ)တွင် မည်သူမဆို ဖော်ပြချက်ကို ဖြစ်စေ၊ ကောလာဟလကိုဖြစ် စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင်၊ ထုတ်ပြန်ကြေညာရာတွင်၊ ဖြန့်ချိရာတွင် နိုင်ငံတော်အစိုးရကို ဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တစ်ဦး တစ်ယောက်သောသူအား ကျူးလွန်ချင်လာအောင် အများ ပြည်သူကိုသော် လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကို သော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ် စေရန်အကြံရှိလျှင် သို့တည်း မဟုတ်-ထိုသို့ ဖြစ်စေတန်ရာ ရှိသည့်အကြောင်းရှိလျှင် ထိုသူကို (၂) နှစ်ထိထောင်ဒဏ်တစ် မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည် ဟု ပြဌာန်းထားသည်ကို တွေ့ရသည်။

Add a Comment

Your email address will not be published. Required fields are marked *