fbpx

၂၀၂၁ ကမ္ဘာ့အချောဆုံး အမျိုးသား ၁၀၀တွင် ပိုင်တံခွန် နံပါတ် (၁) ရ

ကမ္ဘာ့ နာမည်ကျော် အချောဆုံး အမျိုးသား စာရင်းကို TC Candler နှင့် The Independent Critics တို့က နှစ်စဉ် ထုတ်ပြန်ရာ ယခုနှစ်အတွက် အယောက် ၁၀၀ စာရင်းထဲတွင် မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်သည် နံပါတ် (၁) နေရာတွင် ရွေးချယ် ဖော်ပြခံရသည်။


အမေရိကန်ပြည်ထောင်စု နီဗားဒါးပြည်နယ် လာစ်ဗီးဂက်စ် အခြေစိုက် TC Candler သည် ၁၉၉၀ ခုနှစ်မှ စတင်ကာ ကမ္ဘာ့အချောဆုံး အမျိုးသားနှင့် အမျိုးသမီး စာရင်းအား နှစ်စဉ် ထုတ်ပြန်ရာ ၂၀၂၁ ခုနှစ်အတွက် အချောဆုံး မျက်နှာပိုင်ရှင်များ၏ ပုံရိပ်များကို ၎င်းတို့၏ Youtube Channel နှင့် အင်စတာဂရမ်တို့မှ တဆင့် ယနေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာထားသည်။

မြန်မာမော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်အနေဖြင့် အဆိုပါ The 100 Most Handsome & Beautiful Faces စာရင်းတွင် ဒုတိယအကြိမ် ပါဝင်ခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့်နှစ် ကမ္ဘာ့အချောဆုံး အမျိုးသား အယောက် ၁၀၀ စာရင်းတွင် နံပါတ် ၁၀ နေရာမှ ပါဝင်ခဲ့ခြင်း ဖြစ်သည်။

သရုပ်ဆောင် ပိုင်တံခွန်အား စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခြင်း၊ လူမှုကွန်ရက် စာမျက်နှာကို အသုံးပြု၍ ဆန့်ကျင် လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့်ဟုဆိုကာ ပုဒ်မ ၅၀၅-က ဖြင့် ဧပြီလ ၈ ရက်နေ့မှ စတင်ကာ အချိန် ၈ လကြာ အင်းစိန်ထောင်တွင်း ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ယမန်နေ့က ၎င်းကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်သည်။
ပိုင်တံခွန်အား အမြန်လွှတ်ပေးရန် လူမှုကွန်ရက် စာမျက်နှာများတွင် Free Paing Takhon ကမ်ပိန်း လုပ်ဆောင်မှုများ ရှိနေသလို၊ TC Candler မှလည်း ပိုင်တံခွန်အား အမြန်ဆုံး လွှတ်ပေးရန် ယင်းထုတ်ပြန်ချက် ဗီဒီယိုတွင် ထည့်သွင်း တောင်းဆိုထားသည်။ ဧရာဝတီ၊ ဒီဇင်ဘာ ၂၈ ၊ ၂၀၂၁ ။

Add a Comment

Your email address will not be published. Required fields are marked *