NLD ပါတီကို တည်ထောင်ခဲ့သူ စစ်သားအိုကြီးတစ်ဦး နှင့် ဒေါ်အောင်ဆန်းစုကြည်

NLD ပါတီကို တည်ထောင်ခဲ့သူ စစ်သားအိုကြီးတစ်ဦး နှင့် ဒေါ်အောင်ဆန်းစုကြည်
စစ်သားအိုကြီးလို့ကျွန်နော်သုံးနှုန်းထားတဲ့သူကတော့ မြန်မာနိုင်ငံရဲ့ပထမဆုံးရွေးကောက်ခံ သမ္မတကြီး ဦးထင်ကျော် ရဲ့ဇနီး ဒေါ်စုစုလွင်ရဲ့ဖခင်ကြီး ဦးလွင် ပဲဖြစ်ပါတယ်။
ဦးလွင် ဟာ NLDကိုစတင်တည်ထောင်ခဲ့သူတဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ပံ့ပေးခဲ့တဲ့အမာခံ လူတယောက်ဖြစ်ခဲ့ပါတယ်။ ဦးလွင်ဟာဆယ်တန်းဖြေပြီးနောက် အိမ်မှထွက်ပြေးကာ တပ်မတော်ထဲဝင်ရောက်ပြီး ဒုတိယကမ္ဘာ စစ်ကြီးအတွင်းမှာ ရီကူဂွန် ရှိကန်ဂက်ကို မှာစစ်သင်တန်းတက်ရောက်ခဲ့ပြီး စစ်သားဘဝအနေနဲ့တာဝန်ထမ်းဆောင်ခဲ့တယ်။ အဲ့ဒီနောက်အမေရိကန်နိုင်ငံဆိုင်ရာစစ်သံမူး ထို့နောက် စီမံကိန်း နှင့် ဘဏ္ဏာရေးဝန်ကြီးအဖြစ် အဲ့ဒီနောက် ဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံတော် ကောင်စီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဆိုရှယ်လစ် လမ်းစဉ်ပါတီကာလအုပ်ချုပ်ရေးကို သဘောမကျသောကြောင့် ၁၉၈၀ မှာရာထူးကနှုတ်ထွက်ခဲ့ပါတယ်။
၁၉၈၈နောက်ပိုင်းမှာတော့ NLDရဲ့ဘဏ္ဏာရေးမှူးတာဝန်ယူခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လမ်းညွှန် ပြသ ဆုံးမသူ တဦးလဲဖြစ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဦးလွင်နဲ့ပတ်သတ်ပြီး ‘letters from Burma’ စာအုပ်မှာ ‘ဦးလွင်ဟာ အမြဲနှိမ့်ချပြောဆိုတက်သူလူတယောက်ဖြစ်ပြီး သူက ဘာသာရပ်တွေ အစုံအပေါ် လေးစားဖွယ်ရာ ခြုံငုံ သိသူလဲဖြစ်ပါတယ်။ အသံစနစ်အကြောင်း စိုက်ပျိုးရေးအကြောင်း ဝိပဿနာ အကြောင်း သူပြောပြတဲ့အခါ နားထောင်ကောင်းသလို သူ့ရဲ့မွေးကင်းစဗမာ့တပ်မတော် ထဲစစ်မှုထမ်း ခဲ့တဲ့အမှတ်တရတွေပြောတဲ့အခါလဲ နားထောင်လို့မငြီးခဲ့ပါဘူး’လို့ ဒေါ်အောင်ဆန်းစုကြည်က ဦးလွင်နဲ့ပတ်သတ်ပြီးပြောဖူးပါတယ်။
ဦးလွင်ဟာ NlD ပါတီကို တည်ထောင်သူတဦးဖြစ်ခဲ့သော်လဲ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်လို သဘောထားပြီး မယိမ်းမယိုင်သစ္စာ စောင့်သိခဲ့ပါတယ်။ သူက ဒေါ်အောင်ဆန်းစုကြည်ကို သမီးလို ဆိုဆုံးမခဲ့သော်လည်း သူရဲ့ခေါင်းဆောင်ဆိုတဲ့အသိကို မဖျောက်ခဲ့ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ကျိုးနွံစွာ ဆက်ဆံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်တော့ ဦးလွင်ကို ချက်ချင်းသွားရောက် တွေ့ဆုံခဲ့ပါတယ်။ ထို တွေ့ဆုံခဲ့ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးလွင်ရဲ့နောက်ဆုံးတွေ့ဆုံခြင်းဖြစ်ခဲ့ပြီး ဦးလွင်က ထိုအချိန်တွင်ကျန်းမာရေးတော်တော်ကျဆင်းနေပြီဖြစ်ပါတယ်။ ဦးလွင် က ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့တွေ့ခြင်းပဲ ပြောပါတယ်’ လေးလံလှတဲ့ဝန်တွေကြားက သူ့ကို အခုလိုတကူးတက လာရောက်တွေ့ဆုံ တဲ့အတွက် ကျေးဇူးတင်ပါကြောင်း အထပ်ထပ်အခါခါ ပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကန်တော့ပီးတဲ့အချိန်မှာ လေးနက်လှတဲ့ဆုတွေကိုတလုံးခြင်းဆို ခဲ့ပါတယ်။
ဦးလွင် ဟာ ဗမာ့တပ်မတော်မှာ ၁၉နှစ်ကြာ တာဝန်ထမ်းဆောက်ခဲ့ပြီး စီမံကိန်းဝန်ကြီး အဖြစ် ဒုတိယဝန်ကြီးချုပ်အထိ တက်လှမ်းခဲ့သော လူတယောက်ဖြစ်သော်လည်း ဆိုရှယ်လစ်လမ်းစဉ်ရဲ့အုပ်ချုပ်ရေးကို မကြိုက်သောကြောင့် ဘာကိုမှမငဲ့ဘဲ ရာထူးက နှုတ်ထွက်ပီး အရပ်သားဘဝဖြင့် NLDပါတီကိုထူထောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကြီးအကဲရာထူးထားကာ သစ္စာရှိ လူယုံအဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင်သဖွယ် လက်အောက်ငယ်သား သဖွယ် နေရင်း စစ်အစိုးရကို သေသည်အထိ တွန်းလှန်သွားခဲ့သူဖြစ်ပါတယ်။
ဦးလွင်သည် ဒီမိုကရေစီစနစ် အတွက် ပြည်သူတွေအတွက် နိုင်ငံအမြင့်ဆုံးရာထူးကို စွန့်ပြီး နှစ်ပေါင်းများစွာ ဆင်းရဲကြီးစွာ စစ်အစိုးရကို တွန်းလှန်ခဲ့သော်လည်း NLD ရွေးကောက်ပွဲအောင်နိုင်သည့် ကာလ လေးကိုပင်မမြင်သွားရဘဲ ရယူခဲ့ခြင်း တခုမရှိဘဲ ပေးဆပ်ခြင်းသပ်သပ်ဖြင့် (၂၀၁၁) ခုနှစ် ဒီဇင်ဘာလတွင် ဆုံးပါးသွားခဲ့သည်။
NitinNoria
သုန္ဒရီနှင်း🇲🇲
Via:Thetdwe Aung

Add a Comment

Your email address will not be published. Required fields are marked *