ပိုက်ဆံချမ်းသာတဲ့ သူတွေမှာ တွေ့ရတဲ့ လက္ခဏာများ
|ပိုက်ဆံချမ်းသာတဲ့ သူတွေမှာ တွေ့ရတဲ့ လက္ခဏာများချမ်းသာသူတွေရဲ့လက်မှာသာတွေ့ရများတတ်သောလက်ဝါးပြင်ပေါ်မှငွေဝင်လမ်းကြောင်အမှတ်သားလူတိုင်လူတိုင်သည်ချမ်းသာချင်ကြ၏သို့သော်လူတိုင်းလူတိုင်းသည်ချမ်းသာချင်းတော့မရှိနိုင်ပေလူတစ်ဦးတစ်ယောက်ဆင်းရဲချင်းချမ်းသာချင်းသည်မိမိအတိတ်ကပြုခဲ့ဖူးသောကံတရားအတိုင်းသာခံစားရပေသည်။ထို့ကြောင်အသက်ဉာဏ်စောင်ဥစ္စာကံစောင်ဟုမြန်မာစကားပုံရှိနေချင်းပင်ဖြစ်သည်လက္ခဏာပညာရပ်တွင်လက်ပုံစံတနည်းလက်ဝါးပြင်သည်မူလဇာတာနှင်တူပြီး၊လက်ဝါးပြင်အတွင်းရိုက်နှိပ်ထားသောလမ်ကြောင်းလေးများကတော့ကောဇာဂြိုဟ်နှင့်တူလှသည်လက်ပုံစံကောင်းမွန်ပြီးလက်မအဆင်မှီကာကောင်းမွန်သောလက်ချောင်လေးများနှင်အတူလက်ဝါးပြင်အရောင်အသွေးကောင်းမွန်ကာဂြိုဟ်ခုံလေးများမို့မောက်ပြည်ဖြိုးကောင်းမွန်ပြီး၊ဖျက်မှတ်ကင်းကာအားရှိနေမည်ဆိုပါကလက္ခဏာရှင်သည်ချမ်သာရန်ကံတရားပါရှိပြီးသူဖြစ်ပေသည်။ထိုပြင်အောက်ပါအမှတ်လက္ခဏာများကလည်းငွေကြေးရှာဖွေရလွယ်ကူချင်စီးစိမ်ဥစ္စာပြည်စုံချင်းကိုဖော်ပြပြီး၊ချမ်သာသောလူတွေရဲ့လက်မှာသာအတွေ့ရများသောငွေဝင်လမ်းကြောင်းတွေဖြစ်တာကြာင်ဒီအမှတ်သားလေးများသင့်ရဲ့လက်မှာပါမပါသေချာလေ့လာကြည့်ဖို့လိုအပ်ပါသည်။
အကယ်၍သင့်ရဲ့လက်မှာသာဒီအမှတ်သားတခုမဟုက်တခုပါလာခဲ့မယ်ဆိုရင်၊သင်သည်လည်းငွေကြေးဥစ္စာပြည့်စုံပြီးချမ်သာသူတယောက်ဖြစ်လာမယ်ဆိုတာအသေချာပါပဲ။(၁)=လက်သူကြွယ်လက်ချောင်းနှင့်လက်ချောင်းခြေရင်းဖြစ်သောတနင်္ဂနွဂြေိုဟ်ခုသည်ချမ်းသာကြွယ်ဝချင်းအနုပညာအောင်မြင်မှုစသည်တို့ကိုဖော်ပြသောလက်ချောင်းဖြစ်သည်ထိုလက်ချောင်းခြေရင်းတနင်္ဂနွဂြေိုဟ်ပေါ်တွင်ကြယ်အမှတ်သား(A)ပါခဲ့မယ်ဆိုရင်၊လက္ခဏာရှင်သည်စီးစိမ်ဥစ္စာပြည့်စုံချင်းငွေကြေးရှာဖွေရလွယ်ကူချင်းဘွဲ့ထူးဂုဏ်ထူးရရှိချင်းအစိုးရဝန်ထမ်းများရာထူးတတ်ချင်းအနုပညာရှင်များအကယ်ဒမီရလွယ်ချင်းတို့ကိုပေးစွမ်းပြီး၊သာမာန်လူတွေမှာပါခဲပြီးအောင်မြင်ချမ်းသာသူတွေရဲ့လက်မှာသာတွေ့ရများသောအမှတ်သားဖြစ်သည်။ထိုအမှတ်သားပါသောလက္ခဏာရှင်သည်တမိပေါက်တယောက်ထွန်းဆိုသကဲ့သို့ ကြီးပွားမည့်အမှတ်သားလက္ခဏာဖြစ်ပေသည်။
(၂)=လက်သွယ်ကြွယ်ခြေရင်းတနင်္ဂနွဂြေိုဟ်ခုံလို့ခေါ်တဲ့နေရာလေးမှာအလံပုံစံ(B)လေးပေါ်လာခဲ့မယ်ဆိုရင်ဒီအမှတ်သားကိုအောင်လံအမှတ်သားလို့ခေါ်ပါတယ်။ဒီအောင်လံအမှတ်သားပါလာတဲ့လက္ခဏာရှင်ဟာမိဘမျိုးရိုးစဉ်ဆက်ချမ်းသာကြွယ်ဝတတ်ပြီးငွေကိုရေလိုသုံးနိုင်တဲ့လူတွေရဲ့လက်မှာသာတွေ့ရတတ်တာကြောင့်ဒီအမှတ်သားသင့်လက်မှာပါလာရင်မယ်ဆိုရင်အလွန်ကောင်းမွန်တဲ့အမှသားချမ်းမဲ့အမှတ်သားအဖြစ်မှတ်ယူရပါလိမ်မယ်။(၃)=ဦးခေါ်င်လမ်ကြောင်းနဲ့ဉာဏ်လမ်းကြောင်းကြားမှာအောင်လံအမှတ်သားCပါလာရင်တော့သင်ဟာမိဘမျိုးရိုးကချမ်သာသူမဖြစ်နိုင်ပါဘူး။အချိန်တန်အရွယ်ရောက်ကိုယ်လမ်ကိုယ်လျောက်ပြီးကိုယ့်ရဲ့ကြိုးစားမှုကြောင့်ဘဝအထွဋ်ထိပ်ရောက်ကငွေကြေးဥစ္စာပြည့်စုံချင်နှင်အတူချမ်သာသုခရရှိနိုင်သူဖြစ်ပါလိမ့်မယ်။
(၄)=လက်မပထမဆစ်နဲ့ဒုတိယဆစ်ကြားမှာ(D)စပါးစေ့ကဲ့သို့လမ်ကြောင်တွေဟာလူအတော်များများမှာပါလာတတ်ပါတယ်။ဒီစပါးစေ့အမှတ်သားပါသူတွေဟာစားဝတ်နေရေးပြည့်စုံချင်းငွေကြေးရှာဖွေရလွယ်ကူချင်းပြဆိုပါတယ်။ဒီအမှတ်သားကတော့လူတရာမှာရဝ%လောက်ပါတတ်ပါတယ်ဒါပေမဲ့လူအများရဲ့လက်မှာတွေ့ရတဲ့စပါးစေ့ပုံကတော့အတွင်းထဲမှာဟနေချင်းသို့မဟုက်၊အပြင်ဘက်မှာဟနေချင်းသို့မဟုက်အပေါ်တချမ်းအောက်တချမ်းကွဲနေတတ်ပြီးလမ်းကြောင်းနှစ်ခုဆက်ပြီးလုံနေတဲ့စပါးစေ့ကတော့ရှာမှရှားပါပဲလက်မပထမဆစ်နဲ့ဒုတိယဆစ်ကြားမှာပါလာတဲ့စပါးစေ့ဟာဟချင်းကွဲချင်းမရှိလောက်အောင်လှပပြီးလုံနေမယ်ဆိုရင်ငွေလည်းရှာနိုင်သူရှာနိုင်သလောက်လည်းစုဆောင်နိုင်သူဖြစ်တာကြောင့်၊အဲဒီလိုလှပပြီးလုံနေတဲ့စပါးစေ့ကတော့ချမ်းသာသူတွေရဲ့လက်မှာသာမြင်တွေ့ရတတ်တာကြောင့်သင့်ရဲ့လက်မှာသာထိုအမှတ်သားပါလာခဲ့မယ်ဆိုရင်၊သင်ဟာငွေကြေးဥစ္စာပြည့်စုံပြီးချမ်းသာသူတယောက်ဖြစ်လာဖို့ရှိပါတယ်။
(၅)=တနင်္လာဂြိုဟ်ခုံလို့ခေါ်တဲ့လက်ဝါးစောင်းနားလေးမှာအလံကဲ့သို့အမှတ်သားလေးပါလာခဲ့မယ်ဆိုရင်၊Eလက္ခဏာရှင်ဟာအနုပညာစိတ်ကူးစိတ်သန်းကောင်းမွန်းချင်းကြောင့်အကြံကောင်းတော့တသက်ကံကောင်းတော့တချက်ဆိုသလိုအကြံကောင်ဉာဏ်ကောင်စိတ်ကူးကောင်းတွေကြောင့်ပွပေါက်တိုးကာငွေကြေးဥစ္စာရရှိပြီး၊ကြည့်ကြည့်တတ်ချမ်းသာသူတွေဖြစ်လာတတ်ပါတယ်။(၆)=အသက်လမ်းကြောင်းအဆုံးမှာစမူဆာပုံစံတြိဂံအမှတ်သား(F)လေးပါလာခဲ့မယ်ဆိုရင်၊မိဘတွေပေးအပ်သောအမွေအနှစ်စီးစိမ်ဥစ္စာတွေရရှိနိုင်ပြီးမိဘကျေးဇူးမြင့်မိုရ်ဦးဆိုသလိုမိဘတွေရဲ့အထောက်ပံ့တွေနဲ့ကြီးပွားချမ်းသာမဲ့လက္ခဏာပါပဲ။
(၇)=လက်ဝါးအောက်ခြေလက်ကောက်ရစ်လမ်းကြောင်းပေါ်မှာစမူဆာပုံစံတြိဂံအမှတ်သား(G)နှင့်ကြယ်စုံစံအမှတ်သား(H)ပုံပါလာခဲ့မယ်ဆိုရင်၊ငွေအစုလိုက်အပြုလိုက်ဝင်ချင်းအမွေရချင်းထီပေါက်ချင်းစသောငွေကြေးဥစ္စာအလုံးလိုက်အရင်းလိုက်ရရှိပြီး၊ငွေကြေးကံကောင်းကာ ချမ်းသာသောဘဝအောင်မြင်သောဘဝကိုဧကန်မုချရရှိနိုင်ပါလိမ်မယ်သင်ရဲ့လက်မှာဒီအမှတ်သားတွေပါမပါသေချာလေ့လာတိုက်ဆိုင်စစ်ဆေးကြည့်နိုင်ရန်တင်ပြပေးလိုက်ပါတယ်