မိုးညှင်းခရိုင်၊ ခမရ ၃၈၃ နှင့် ၃၈၄ တပ်ရင်းကို PDF နှင့် KIA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်သိမ်းပိုက်ရှင်းလင်း

မိုးညှင်းခရိုင်၊ ခမရ ၃၈၃ နှင့် ၃၈၄ တပ်ရင်းကို PDF နှင့် KIA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်သိမ်းပိုက်ရှင်းလင်း

ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကညင်မြိုင်ကျေးရွာအနီး စစ်ကောင်စီတပ်များ အခိုင်အမာ တပ်စွဲ တပ်ချထားသော ဆားမှော် ခမရ ၃၈၃ နှင့် ၃၈၄ တပ်ရင်းကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ယနေ့ နံနက် ၃ နာရီအချိန်တွင် ဝင်ရောက် သိမ်းပိုက်ရှင်းလင်းကြောင်း ကချင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
မိုးညှင်းခရိုင်၊ စစ်ကောင်စီတပ်၏ ဆားမှော် ခမရ တပ်ရင်း၃၈၃၊ ၃၈၄တပ်ရင်းများကို KIAနှင့်PDF ပူးပေါင်းအဖွဲ့က ယနေံ နံနက် ၃ နာရီ နှင့် ၄ နာရီအကြားသိမ်းပိုက်ဖျက်ဆီးခဲ့ကြောင်း၊ တပ်ရင်းကို ဝင်ရောက်ရှင်းလင်းစဉ် လက်နက်များကို သိမ်းဆည်းခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ အထိအခိုက် အသေအဆုံး များရှိကြောင်း သိရှိရသည်။
အဆိုပါတပ်စခန်းများ သိမ်းပိုက်ရှင်းလင်းမှုနှင့်ပတ်သက်ပြီး KIA နှင့် PDF ဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမရှိသေးဟု သိရှိရသည်။
ယင်းနောက် ယနေ့ နံနက် ၅ နာရီအချိန်မှ စတင်ပြီး စစ်ရဟတ်ယာဉ်များ မိုးညှင်းဘက်သို့ ပျံသန်းလာကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဓာတ်ပုံ- ကချင်ပြည်နယ်၊ ပူတာအိုရှိ KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ဝင်တချို့။

Add a Comment

Your email address will not be published. Required fields are marked *