fbpx

ထော.င်ကလွတ်လာပြီး လမ်းဘေးအထည်ထွက်ရောင်းနေကြတဲ့ မဟာတန်း CDM ကျောင်းသားလေးများ

အပြင်မှာဘယ်သူတွေ ဘာလုပ်နေလဲ ဆိုပြီးလေ့လာနေရင်း Vintage အထည် တွေခေတ်စား လာတာတွေ့တယ်။ Page လေးထောင် ကျောင်းကဂျူနီယာလေးတွေနဲ့ စမ်းလုပ်မယ်ဆိုပြီး Dec 5 မှာတိုင်ပင်ပြီး အစီအစဥ်စွဲ အကောင်ထည်ဖော်ကြတယ်။

စီစဥ်နေရင်း ဆေးကျောင်းက အစ်မတွေ၊ စီးပွားရေးတက္ကသိုလ်က အစ်မတွေ Vintage အထည်တွေ ထရောင်းတာ တွေ့တော့ ပိုပြီအားတက်သွားတယ်။ ပိုပြီးတော့လည်း လုပ်ချင်သွားတယ်။ Page လေးမှာ တင်တော့ အားပေးကြပါတယ်။ ဒါပေမယ့် အားမရကြသေးဘူး။အဲ့တော့…. အခုလိုချရောင်းကြမယ် ။ လုပ်ရဲလားလို့….တိုင်ပင်လိုက်တော့ သူတို့တွေကလည်း အခက်အခဲ တွေကို အခွင့်အလမ်းအဖြစ် ပြောင်းလဲချင်ကြတဲ့ သူတွေဆိုတော့ အားလုံးကသဘောတူကြတယ်။ လုပ်ကြ မယ်ဆိုပြီး… ရဲဆေးတင်ကြတာပေါ့။

စျေးမှာ ချရောင်းဖို့…. မရှက်ဘူးလား။ ဘာညာမေးတဲ့ သူတွေလည်းမေးကြတာပေါ့။ တစ်ချိန်ကျရင် အဲ့လို အလုပ်လုပ်ရမှာ မရှက်ဘူးလား မေးတဲ့သူတွေကဘဲ ပိုက်ဆံလာလာ ချေးကြတာဘဲလေ အသက်မွေးဝမ်းကြောင်း အလုပ်ကတော့ ဆန့်ကျင်ဘက်ကြီးကို ပြောင်းလဲသွားတာပေါ့။

၇ နှစ်တာရင်းနှီးခဲ့ပြီး မက်ခဲ့တဲ့တက္ကသိုလ်ဆရာလည်း မလုပ်ဖြစ်တော့ပါဘူး။ ဒီချိန်မှာ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ဖို့ဆိုတာလည်း ခက်ခဲသလို ကိုယ်တိုင်ကလည်း ထွက်သွားဖို့ ဆိုတာ လိပ်ပြာမလုံဘူးလေ။ တချိန်တုန်းက ကော်လံကတုံး လက်ရှည်ကြီးဝတ်ပြီးကလေးတွေရှေ့မှာ ကိုယ့်မြေကိုယ့်ရေကိုချစ်ဖို့၊ ဂုဏ်ထူးတန်းတွေ မဟာတန်းတွေ ဝင်အောင် ကြိုးစားဖို့၊ ပညာရေးမှာ ရင်းနှီးမြှပ်နှံတယ် ဆိုတာအရှုံးမရှိဘူးဆိုတာတွေကို အာဘောင်အာရင်းနဲ့ ပြောခဲ့တာတွေက ခန့်ခန့်ကြီးနဲ့ ဆန့်ဆန့်ကြီးလေဆိုတော့….

ပြောခဲ့တာတွေလည်း လိမ်ရာမကျအောင် ဒီအချိန်က သင်ခဲ့တဲ့ ပညာတွေထဲကလည်း Problem solving skill တွေကို ထုတ်သုံးဖို့အကောင်းဆုံး အချိန်ဘဲလို့ ထပ်ရွှီးပါရစေဦး။

အတွေ့အကြုံတွေ ဘယ်လောက်များ များရှိပါစေ ပြန်လည်အသုံးချမှုနဲ့ ပြန်လည်ဆန်းစစ်မှု မရှိဘူးဆိုရင်လည်း သင်ယူခဲ့တာတွေက Zero ဘဲဆိုတော့ အခုလို စမ်းကြည့်ကြတာပါ။ Something is better than nothing ပေါ့

Environmental Studies အရ Vintage Thrift အထည်တွေ သုံးတယ်ဆိုတာလည်း သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကို လျှော့ချဖို့အတွက် ရည်ရွယ်တာဆိုတော့

ကျွန်တော့်ရဲ့ Educational background ကိုလည်း support ဖြစ်ပါသေးတယ်။ Carriers ပြောင်းသွားပြီ ဆိုထဲက မတူကွဲပြားတဲ့ Field ကို လေ့လာရတယ်။ ကိုယ့်ရဲ့ Priority Ideal Person တွေ ပြောင်းလဲပြီး စူးစမ်းရတယ်။

အခု ပဲခူးမှာဆို ဘယ်သူ အောင်မြင်လဲ ဘယ်သူ့ပုံစံအတုယူသင့်လဲပေါ့။ ပဲခူးမှာတော့ June Nyein Thu ဆိုတဲ့ ကောင်မလေးကို တကယ်အားကျတယ်။ လေးလဲလေးစားတယ်။

သူ့ကို စသိတုန်းကတော့ သိန်းပေါင်းများစွာ အလိမ်ခံရတာတောင် သူ့အောက်ကလူတွေကို တာဝန်ယူ တာဝန်ခံဖြေရှင်းပေးနိုင်ခဲ့တဲ့ ဆယ်ကျော်သက်ကောင်မလေးပေါ့။ အခုတော့ လေးစားရတဲ့ ဆရာမကြီးဖြစ်နေပြီ။(အသိမပေးဘဲ sis အကြောင်းထည့်ရေးမိလို့ sorry ပါ။) ပြောချင်တာက Carriers Field ပြောင်းလိုက်တော့မယ်ဆိုရင် ကိုယ်ဖြစ်ချင်တဲ့ပုံစံ၊ ကိုယ်စိတ်ကူးထားတဲ့ အိပ်မက်တွေအရ လိုအပ်ချက်တွေ နည်းနမူနာယူစရာတွေ ကိုပါပြောင်းလဲပြီး လေ့လာရမှာပါလို့ ဆိုသည်။ crd

Add a Comment

Your email address will not be published. Required fields are marked *