ရထားလမ်းမိုင်းပေါက် လို့လာစစ်တဲ့ အကြမ်းဖက်စစ်သားတချို့ မိုင်းထပ်မံပေါက်ကွဲတာကြောင် (၂) ဦးထိမှန်

ဒီဇင်ဘာ(၂၃)ရက်နေ့ မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ပန်းတောင်းမြို့နယ် အတွင်းမှာ ဒီနေ့မနက်ပိုင်းက ရထားသံလမ်းပေါက်ကွဲမှုဖြစ်လို့ စစ်ကောင်စီအဖွဲ့က လာရောက်စစ်ဆေးချိန် နောက်မိုင်းတစ်လုံးထပ်ပြီး ပေါက်ကွဲခဲ့တာကြောင့် စစ်သား(၂)ဦး မိုင်းထိမှန်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ ” ကံပေါက်ရွာနားက သံလမ်းမှာပေါက်တာ၊ စစ်သားတွေလာစစ်ချိန်နောက်ထပ်မိုင်းထပေါက်တာ၊ သူတို့ရှိလို့အနားတော့သွားမကြည့်ရဲကြဘူး၊ လူနာတင်ကားနဲ့ တင်နေတာတွေတွေ့ရတယ်” လို့ဒေသခံတစ်ဦးကပြောပါတယ်။ ကျောက်ပန်းတောင်း-ပျဉ်းမနား ရထားလမ်း မိုင်တိုင်အမှတ် (၃၆၁/၁၁-၁၂) ကြားမှာရှိတဲ့ ရထားခုံးကျော်တံတားကို မိုင်းထောင်ဖောက်ခွဲခဲ့လို့ စစ်ကောင်စီအဖွဲ့ကလာရောက် စစ်ဆေးနေချိန် သံလမ်းမှာ ထပ်ပြီးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ မြစ်ကြီးနား စတဲ့မြို့ကြီးတွေနဲ့ ဆက်စပ်တဲ့ မီးရထားလမ်းတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

Add a Comment

Your email address will not be published.