လေးကေ့ကော် တိုက်ပွဲမှ ထူးခြားချက်များ

၁။ BGF မှ တပ်ဖွဲ့ဝင်များစွာ
ပြည်သူ့ဘက်သို့ လာရောက်ပူးပေါင်းခြင်း
(အနည်းဆုံး ရာဂဏန်းခန့် ရှိပါသည်)
၂။ စစ်တပ်ဘက်မှ အင်အားမလုံလောက်တော့သဖြင့်
ပြည်သူ့စစ်များပါ ထည့်သွင်းအသုံးပြု
တိုက်ခိုက်နေရခြင်း၊
(မိမိဘက်မှ ဖမ်းဆီးရရှိသော လက်နက်များအနက်
ပြည်သူ့စစ်များကိုင်ဆောင်အသုံးပြုလေ့ရှိသည့်
ကာဘိုင်သေနတ်များပါ ရရှိထားပါသည်။
အောက်ပုံတွင် ဝိုင်းပြထားသည်)

၃။ ယခုတိုက်ပွဲမှသည်
ထိုင်းစစ်တပ်နှင့် မြန်မာစစ်တပ်
ပြဿနာ မီးပွားစတင်လာခြင်း
(ထိုင်းဘက်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့်
ဆက်သွယ်ဆောင်ရွက်ရန် လိုကောင်းလိုပါလိမ့်မည်။
ထိုအကြောင်း သီးသန့်ရေးပါမည်)
၄။ ယခုတိုက်ပွဲတွင် စစ်ပြေးများစွာ ထွက်ပေါ်ခြင်း
တိုက်ပွဲတွင်း စကစဘက်မှ စွန့်ခွာထွက်ပြေးသူ
များစွာရှိပါသည်။ အချို့လည်း လက်နက်များပစ်ချကာ
ထွက်ပြေးကြသည်။
၅။ ကရင့်လက်နက်ကိုင်လေးဖွဲ့ ပေါင်းစည်းမှုကို
ဖြစ်ပေါ်လာစေနိုင်ခြင်း။
လက်သည်းဆိတ်တော့ လက်ထိပ်နာဆိုသလို
အမျိုးထိသည့်အခါ သွေးက စကားပြောကာ
ယခုတိုက်ပွဲသည် ကရင့်စည်းလုံးရေးကို ဖြစ်စေလိမ့်မည်
ဟု ယူဆမိပါကြောင်းနှင့်
လေးကေ့ကော်မှသည် ကရင်ပြည် လွတ်မြောက်ရေးသို့
ဦးတည်နိုင်ပါစေကြောင်းcrd

Add a Comment

Your email address will not be published.