မယုံဘူးဆိုရင် လက်တွေ့ စမ်းသပ်ဖို့ အုတ်ခဲ တစ်ခဲနဲ့ ပုဆိုးတစ်ကွင်းပဲ လိုပါတယ်
|မယုံဘူးဆိုရင် လက်တွေ့ စမ်းသပ်ဖို့ အုတ်ခဲ တစ်ခဲနဲ့ ပုဆိုးတစ်ကွင်းပဲ လိုပါတယ်..။ လုပ်ကြည်ပါ။လက်တွေ့ စမ်းသပ်ဖို့ အုတ်ခဲ တစ်ခဲနဲ့ ပုဆိုးတစ်ကွင်းပဲ လိုပါတယ်..။ညောင်းငြာကိုက်ခဲသူများအတွက်ဆေးထိုးဆေးစား၊အနှိပ်အနင်းမလိုဘဲ လက်တွေ့သက် သာပျောက်ကင်းစေသောနည်းလေးအား တင်ပြလိုက်ပါသည်။
ကိုယ်လက်ညောင်းညာကိုက်ခဲသူများ၊ဒူးနာခါးနာသူများ အတွက် လွန်စွာအသုံးတည့်ပါ သည်။ ကုတင်တစ်လုံးပေါ်တွင် ပက်လက်လှန်အိပ်ပြီး ပုဆိုးတွင်အုတ်နီခဲကျိုး(၁)လုံး (သို့) (၂)လုံးကိုလိပ်ပြီး နဖူးကိုချိတ်ဆွဲပေးခြင်းဖြစ်ပါသည်။ခါးပတ်ပြားကြီးကြီး၊ကြိုးပြားကြီးကြီးများဖြင့်လည်းဆွဲနိုင် ပါသည်။လက်နှစ်ဖက်ကိုဆန့်တန်းထားပြီ ခြေနှစ်ဖက်ကိုစုထားပါ။

မိမိခန္ခာကိုယ်ခံနိုင် ရည်ရှိမည့် အလေးချိန် အ တိုင်းအတာ ကိုဆွဲကြည့်ပါ။ဒူး၊ခါး၊တစ်ကိုယ်လုံး အရိုးအကြောများ တရှိန်း ရှိန်း နှင့်ပါလာပါလိမ့်မည်။(၁၅)မိနစ်၊ နာ ရီဝက်၊(၄၅)မိနစ်စမ်းကြည့်ပါ သိသိသာသာကြီး အကြောအချဉ်များ ပြေခြင်း ၊ဒူးနာ၊ခါးနာများ သက်သာ ပျောက်ကင်းခြင်းကို အမှန်ခံစားရပါမည်။အမှတ်မထင် မိတ်ဆွေတစ်ဦးအိမ်တွင် ခါးနာသူ တစ်ဦးအုတ်ခဲဆွဲနေသည်ကို မြင်ရ၍ မေးကြည့်ရာ အကြောအချဉ်တွေတက်လွန်းပြီး

ခါးနာခြင်း အ တွက် ဆရာဝန်က နဖူးတွင်အုတ်ခဲဆွဲလေ့ကျင့် ခန်း လုပ်ခိုင်း၍ ဆောင် ရွက်နေသည်ဟုဆိုပါ သည်။မိမိကိုယ်တိုင်လည်း စမ်းသပ်လုပ်ကိုင်ကြည့်ရာ အတော်ပင်အကြောတက် ၊ညောင်းညာကိုက်ခဲမှုများ ပြေလျော့သည်မှာအမှန်ပင်ဖြစ်ပါသည်။
နေ့စဉ်အားလပ်ချိန်လေးတွင် ကုတင်လေးပေါ်ပက်လက် လှန်ရင် အုတ်ခဲဆွဲလေ့ကျင့် ခန်းလေးပြုလုပ်ပါက အနှိပ် အနင်း သာ မ က ဒူးနာ၊ခါးနာပါ သက်သာပျောက် ကင်းစေနိုင် ပါ ကြောင်းသိမီသမျှဝေလိုက်ရပါသည်။
Credit:ရဲမျိုးသူ(ဗောဓိမြိုင်)