သမုဒ္ဒဃောသနှင့် မိဖုရား ဥမ္မာဒန္တီတို့ တည်ထားကိုးကွယ်ခဲ့သည့် လောဘသုခစေတီ၏ဌာပနာတိုက် ဖောက်ထွင်းခံရ

သမုဒ္ဒဃောသနှင့် မိဖုရား ဥမ္မာဒန္တီတို့က တည်ထားကိုးကွယ်ခဲ့သည့် လောဘသုခစေတီ၏ဌာပနာတိုက် ဖောက်ထွင်းခံရ

ဒီဇင်ဘာ(၁၁)
ရခိုင်ပြည်နယ် ဂွမြို့နယ် ချင်းကုန်းကျေးရွာနှင့် ၂ ဖာလုံကွာရှိ လောဘသုခစေတီ၏ဌာပနာတိုက်ကို ယမန်နေ့ညက ဖောက်ထွင်းသွားခဲ့ကြရာ စေတီအတွင်း တန်ဖိုးကြီးဌာပနာများရှိသည်အထင်ဖြင့်ဖောက်ထွင်းခဲ့ကြသော်လည်း မည်သည့်ပစ္စည်းမျှ ယူဆောင်နိုင်သွားခြင်းမရှိကြောင်း၊ ဖောက်ထွင်းခံလိုက်ရသည့်ဌာပနာတိုက်အား လက်ရှိတွင် ပြုပြင်မွမ်းမံနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါစေတီကို ကောဇာသက္ကရာဇ် ၆၄၆ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၂၈၄ ခုနှစ်တွင် ဘုရင် သမုဒ္ဒဃောသနှင့် မိဖုရား ဥမ္မာဒန္တီတို့က တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်ဟု သမိုင်းမှတ်တမ်းများကိုကိုးကား၍ ၎င်းကျေးရွာတွင်သာသနာပြုနေသော ကျောင်းထိုင်ဆရာတော်ဦးသုမနမိန့်ကြားချက်ကို ဒေသတွင်းသတင်းတွင်ဖော်ပြထားသည်။

Add a Comment

Your email address will not be published.