fbpx

မျိုးချစ်စိတ်ဓာတ် ကင်းမဲ့ခြင်းသည် တိုင်းပြည်နှင့် လူမျိုးအတွက် အကြီးမားဆုံးသောအန္တရာယ်ဖြစ်ကြောင်း မအလပြော

အမျိုးသားရေးလက္ခာဏာနှင့် အမျိုးသားရေးယဉ်ကျေးမှုများ လျော့နည်းလာမည်ဆိုပါက မျိုးချစ်စိတ်ဓာတ်သည် လည်း တိမ်ကောကွယ်ပျောက်သွားမည်ဖြစ်ပြီး မျိုးချစ်စိတ်ဓာတ်ကင်းမဲ့ခြင်းသည် တိုင်းပြည်နှင့် လူမျိုးအတွက် အကြီးမားဆုံးသောအန္တရာယ်ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌက ပြောကြားခဲ့သည်။


ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၃) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအ နားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တက်ရောက်မိန့်ခွန်း ပြောကြားခဲ့သည်။“ဒို့မြန်မာလူမျိုးတွေဟာ မျိုးရိုးဗီဇအားဖြင့် အမျိုးသားရေးများကို အစဉ်လေးစား တန်ဖိုးထားကြသူများ ဖြစ် တယ်။

ဒါကြောင့် ရဲဘော်တို့အနေနဲ့လည်း အမျိုးသားရေးလက္ခာဏာတွေကို ဆက်လက်ထိန်းသိမ်းမြှင့်တင်သွား ကြဖို့ လိုအပ်တယ်။ အမျိုးသားရေးလက္ခဏာနဲ့အမျိုးသားရေး ယဉ်ကျေးမှုများ လျော့နည်းလာမယ်ဆိုရင် မျိုး ချစ်စိတ်ဓာတ်ဟာလည်း တိမ်ကောကွယ်ပျောက်သွားမှာ ဖြစ်တယ်။မျိုးချစ်စိတ်ဓာတ်ကင်းမဲ့ခြင်းဟာ တိုင်း ပြည်နဲ့ လူမျိုးအတွက် အကြီးမားဆုံးသော အန္တရာယ်ဖြစ်တယ်ဆိုတာကို ပြောကြားလိုတယ်။ နိုင်ငံတစ်နိုင်ငံအ တွက် နိုင်ငံသားတို့ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေးဟာ အထူးအရေးကြီးတယ်။ မျိုးချစ်စိတ်ဓာတ်ရှင် သန်ထက်မြတ်ရေး အမျိုးဂုဏ်ဇာတိဂုဏ်ထိန်းသိမ်းရေးဟာ တို့တပ်မတော်သာမက တစ်မျိုးသားလုံးနဲ့ သက် ဆိုင်တဲ့ကိစ္စဖြစ်လို့ အလွန်အရေးကြီးကြောင်း ပြောကြားလိုတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော သည်။ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ် (၆၃)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃၄၅၀၁၊ ဗိုလ်လောင်း ဖြိုးမင်း၊ လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃၄၇၇၂၊ ဗိုလ်လောင်း အောင်နန္ဒ၊စာပေထူးချွန်ဆု (ဝိဇ္ဇာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၄၅၈၉၊ ဗိုလ်လောင်း တေဇ၊ စာပေထူးချွန်ဆု (သိပ္ပံ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၄၇၁၀၊ဗိုလ်လောင်း ဟိန်းဘိုဘိုအောင်၊ စာပေ ထူးချွန်ဆု (ကွန်ပျူတာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၄၇၁၉၊ ဗိုလ်လောင်း အာ ကာဇော်ဝင်းတို့အား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။နေပြည်တော်၊ ဒီဇင်ဘာ- ၇ (People Media)

Add a Comment

Your email address will not be published. Required fields are marked *