fbpx

ကြွေးပူငွေပူအလုပ်ပူဘာအပူပဲဖြစ်နေနေအဆင်ပြေချောမွေ့စေသောယတြာ

ကြွေးပူငွေပူအလုပ်ပူဘာအပူပဲဖြစ်နေနေအဆင်ပြေချောမွေ့စေသောယတြာ
အပူကပ်ပြီးအအေးဖြစ်စေရန်အိမ်ပူနေတာပဲဖြစ်ဖြစ်ငွေအတွက်ပူနေတာပဲဖြစ်ဖြစ်အလုပ်ကိစ္စပူနေရရင်ပဲဖြစ်ဖြစ်ဘယ်လိုအပူမျိုးပဲဖြစ်နေပါစေအေးငြိမ်းသွားအောင်ပထမဆုံးဖန်ခွက်မတ်ခွက်အဆင်ပြေသောခွက်တစ်ခုထဲသို့ကြိုက် ကြိုက်ဆူနေသောရေနွေးအဖြူထည့်ထားပါ


ထိုထဲသို့လက်ဖက်ခြောက်ခပ်ရင်းပူပန်နေရတဲ့အပူသောကတွေအေးငြိမ်းသွားပါစေလို့ဆုတောင်းနေရင်းထည့်ပါဥပမာကြွေးပူငွေပူစီးပွားရေးအပူတွေအေးချမ်းပါစေပေါ့အချိန် အနည်းငယ်အအေးခံပါပြီးရင်မိမိအိမ်ဘုရားတွင်နမောတသ၃ကြိမ်ရွတ်ဆိုပြီးကပ်လှူပေးပါအခုလိုသက်တော်ထင်ရှားမြတ်စွာဘုရားအားရည်မှန်းပြီးရေနွေးကိုအအေးခံပြီးကပ်လှူရခြင်းဟာဘယ်ကိစ္စအပူလေးတော့ဘယ်လို အေးချမ်းသွားစေချင်လို့ဖြစ်ပါတယ်ဆိုပြီးလေးလေးနက်နက်ဆုတောင်းပါတပတ်လောက်ကိုနေ့စဉ်ကပ်လှူပေးပါအပူကြီးရင်ကြီးသလိုမနက်တစ်ကြိမ်ညတစ်ကြိမ်ကပ်ပါအချိန်နေ့ရက်ရွေးစရာမလိုပါဖူးထိုသို့ကပ်လှူလိုက်ခြင်းအားဖြင့်မိတ်ဆွေတို့ရဲ့ကိစ္စဟာတစ်ပတ်တစ်လအတွင်းအေးချမ်းသွားပါမယ်။


 

Add a Comment

Your email address will not be published. Required fields are marked *