fbpx

“လမ်းပေါ်နေကလေးများအတွက် သက်မွေးပညာသင်ကြားနိုင်ရန် ဆောင်ရွက်ပေးမည်”ဟု ဒေါ်သက်သက်ခိုင်ပြော

အကြောင်းအမျိုးမျိုးကြောင့် ပညာဆက်လက်သင်ကြားနိုင်ခြင်းမရှိတော့တဲ့ ကလေးတွေအတွက် သက်မွေးပညာ သင်ကြားပေးနိုင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရရှိရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ချိတ်ဆက် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။


“လမ်းပေါ်နေ ကလေးတွေအတွက်ဆောင်ရွက်ရာမှာ အဓိကကတော့ ကလေးတွေ ကျောင်းတက်နိုင်ရေးဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးမျိုးကြောင့် ပညာဆက်လက် သင်ကြားနိုင်ခြင်း မရှိပါက သက်မွေးပညာတွေ သင်ကြားပေးနိုင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရရှိရေးတို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ချိတ်ဆက် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် လမ်းပေါ်နေ ကလေးတွေဖြစ်ရတာကြောင့် သူတို့ရဲ့အခက်အခဲတွေကို ခွဲခြမ်းစိတ်ဖြာနိုင်မှသာ လက်တွေ့ကျစွာ ဆောင်ရွက် နိုင်မှာဖြစ်ပါတယ်” လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောကြားပါတယ်။

လမ်းပေါ်နေကလေးတွေ ပညာသင်ကြားနိုင်ရေးအတွက် စေတနာ့ဝန်ထမ်း (Volunteer) များအား စနစ်တ ကျသင်ကြားလေ့ကျင့်ပြီး ထောက်ပံ့မှုအစီအစဉ်များကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ကျောင်းပညာ ဆက် လက်သင်ကြားနိုင်မယ့် ကလေးသူငယ်များအတွက် လူမှုကာကွယ် စောင့်ရှောက်ရေးအစီအစဉ် Conditional Cash Transfer Program ဖြင့် ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

ဒါအပြင် ကျောင်းပြင်ပပညာ ဆက်လက်သင်ကြားနိုင်မယ့် ကလေးတွေအတွက် Mobile Schools အစီအစဉ်များဆောင်ရွက်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ စီမံချက်နယ်မြေတွေ တိုးချဲ့နိုင်ရေး ဆက်လက်ဆောင် ရွက်မည် ဖြစ်ကြောင်း သိရပါတယ်။လမ်းပေါ်နေကလေးများ ပညာဆက်လက်သင်ကြားနိုင်ရေး စီမံချက်အတွက် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ အပါ အဝင်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်မြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်တို့နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ် တို့ကို ကနဦးစီမံချက်နယ်မြေများအဖြစ်လျာထားသတ်မှတ်ထားပြီးဖြစ်ကြောင်း သိရှိရပါတယ်။ ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *