ကြက်သွန်နီအလှူခံသည့် တန်ဖိုးနည်းထမင်းဆိုင်များသို့ အခမဲ့ပေးပို့လှူဒါန်းမည်ဟု ဒေါ်ကြင်မေပွဲရုံပိုင်ရှင် ပြောကြား
|မြန်မာတနိုင်ငံလုံးရှိ ကျပ်ငါးရာကျပ်တန် တန်ဖိုးနည်းထမင်းဆိုင်များတွင် ဟင်းချက်ပြုတ်ရန်အတွက် ကြက်သွန်နီလိုအပ်ပါက အခမဲ့ပေးပို့လှူဒါန်းပေးမည်ဖြစ်ကြောင်း ပြင်ဦးလွင်မြို့၊ ဒေါ်ကြင်မေပွဲရုံမှ သိရသည်။
“ကျမတို့ပွဲရုံ မိသားစုနဲ့အတူ ပြင်ဦးလွင်က စေတနာရှင်တွေရဲ့ စေတနာ မျှဝေတဲ့ပေါင်းကူးအလှူတော်ပါ။ ပြင်ဦးလွင်ကနေ ကားဂိတ်ရှိတဲ့မြို့တွေကိုသာပေးပို့ပေးနိုင်မှာဖြစ်ပြီး ကားခသာလျှင် ထမင်းဆိုင်ဘက်ကနေ ကျခံပေးရမှာဖြစ်ပါတယ်။ လောလောဆယ်တော့ ရန်ကုန်မြို့က တန်ဖိုးနည်းထမင်းဆိုင်နှစ်ဆိုင်စီကို ပိဿာချိန်၅၀၀စီ ပေးပို့ထားလိုက်ပါပြီ။ ကျမတို့ပွဲရုံမှာ လှောင်ထားတဲ့ကြက်သွန်တွေမကုန်မချင်းပဲ လှူဒါန်းပေးသွားဖို့ရှိပါတယ်။ လှူပေးတဲ့အချိန်အတိုင်းအတာတခုကျော်သွားရင်လည်း တန်ဖိုးနည်းထမင်းဆိုင်တွေကမှာရင် အရင်းအတိုင်းရောင်းပေးတာမျိုး၊ ဈေးလျှော့ပေးတာမျိုးတွေ ဆက်လုပ်ပေးဖို့ ရှိပါတယ်”ဟု ဒေါ်ကြင်မေပွဲရုံမှ ပိုင်ရှင် သီဟဗလဒေါ်ခင်ထွေးက မန္တလေးသတင်းကွန်ရက်သို့ ဒီဇင်ဘာ၃ရက် ည၈နာရီခွဲအချိန်ပြောသည်။
ပြင်ဦးလွင်မြို့၏ အကြီးဆုံး ပွဲရုံကြီးဖြစ်သည့် ဒေါ်ကြင်မေပွဲရုံသည် ဈေးကြီးမြောက်ဘက်၊ ကုန်သည်လမ်း၊ သီဟဗလတိုက်တွင်တည်ရှိရာ ကြက်သွန်နီအလှူခံလိုသည့် တန်ဖိုးနည်းထမင်းဆိုင်များအနေဖြင့် ဖုန်းနံပါတ် ၀၈၅၂၀၂၂၄၀၈၊ ၀၈၅ ၂၀၂၃၀၉၉ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
ျမန္မာတႏိုင္ငံလုံးရွိ က်ပ္ငါးရာက်ပ္တန္ တန္ဖိုးနည္းထမင္းဆိုင္မ်ားတြင္ ဟင္းခ်က္ျပဳတ္ရန္အတြက္ ၾကက္သြန္နီလိုအပ္ပါက အခမဲ့ေပးပို႔လႉဒါန္းေပးမည္ျဖစ္ေၾကာင္း ျပင္ဦးလြင္ၿမိဳ႕၊ ေဒၚၾကင္ေမပြဲ႐ုံမွ သိရသည္။
“က်မတို႔ပြဲ႐ုံ မိသားစုနဲ႔အတူ ျပင္ဦးလြင္က ေစတနာရွင္ေတြရဲ႕ ေစတနာ မွ်ေဝတဲ့ေပါင္းကူးအလႉေတာ္ပါ။ ျပင္ဦးလြင္ကေန ကားဂိတ္ရွိတဲ့ၿမိဳ႕ေတြကိုသာေပးပို႔ေပးႏိုင္မွာျဖစ္ၿပီး ကားခသာလွ်င္ ထမင္းဆိုင္ဘက္ကေန က်ခံေပးရမွာျဖစ္ပါတယ္။ ေလာေလာဆယ္ေတာ့ ရန္ကုန္ၿမိဳ႕က တန္ဖိုးနည္းထမင္းဆိုင္ႏွစ္ဆိုင္စီကို ပိႆာခ်ိန္၅၀၀စီ ေပးပို႔ထားလိုက္ပါၿပီ။
က်မတို႔ပြဲ႐ုံမွာ ေလွာင္ထားတဲ့ၾကက္သြန္ေတြမကုန္မခ်င္းပဲ လႉဒါန္းေပးသြားဖို႔ရွိပါတယ္။ လႉေပးတဲ့အခ်ိန္အတိုင္းအတာတခုေက်ာ္သြားရင္လည္း တန္ဖိုးနည္းထမင္းဆိုင္ေတြကမွာရင္ အရင္းအတိုင္းေရာင္းေပးတာမ်ိဳး၊ ေဈးေလွ်ာ့ေပးတာမ်ိဳးေတြ ဆက္လုပ္ေပးဖို႔ ရွိပါတယ္”ဟု ေဒၚၾကင္ေမပြဲ႐ုံမွ ပိုင္ရွင္ သီဟဗလေဒၚခင္ေထြးက မႏၲေလးသတင္းကြန္ရက္သို႔ ဒီဇင္ဘာ၃ရက္ ည၈နာရီခြဲအခ်ိန္ေျပာသည္။
ျပင္ဦးလြင္ၿမိဳ႕၏ အႀကီးဆုံး ပြဲ႐ုံႀကီးျဖစ္သည့္ ေဒၚၾကင္ေမပြဲ႐ုံသည္ ေဈးႀကီးေျမာက္ဘက္၊ ကုန္သည္လမ္း၊ သီဟဗလတိုက္တြင္တည္ရွိရာ ၾကက္သြန္နီအလႉခံလိုသည့္ တန္ဖိုးနည္းထမင္းဆိုင္မ်ားအေနျဖင့္ ဖုန္းနံပါတ္ ၀၈၅၂၀၂၂၄၀၈၊ ၀၈၅ ၂၀၂၃၀၉၉ သို႔ ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။