‘စ.စ်ရှောင်တွေအတွက် အနွေးထည်နော်’လို့ အတန်တန်မှာတဲ့ကြားကနေ ရောရာအစုံ အစ.ုတ်အပြ.တ်တွေထည့်ပေးလိုက်တဲ့ ဘေထုပ်သည်လင်မယား
|လူတစ်ချို့ရဲ့ ယ.ုတ်မာမှုတွေကို အသိပေးပြောပြပါရစေ..၊ လုပ်ရက်ကြတယ်ဗျာ။ အောက်မှာပြထားတဲ့ ပုံတွေက စ.စ်ရှောင်တွေအတွက်ရည်ရွယ်ပြီး ဝယ်လိုက်တဲ့ သုံးသိန်းတန်ဖိုးအဝတ်တွေဆိုပြီး ကိုယ်တွေဆီရောက်လာတဲ့ပစ္စည်းတွေ…စ.စ်ရှောင်တွေအတွက် အနွေးထည်တွေ အရမ်းလိုအပ်လို့ဆိုပြီး အနွေးထည်ဝယ်ဖို့စုံစမ်းကြတယ်။ အဲ့မှာ အဲ့ဘေလ်ထုတ်တွေကို online shopပုံစံရောင်းတဲ့အိမ်က သူ့ဆီမှာဝယ်လို့ရတယ်ဆိုပီး ဆက်သွယ်လာပါတယ်။
စဝယ်ကတည်းက “အနွေးထည်ယူမှာနော်၊အနွေးထည်ကို နွေးရင်ရပြီ.. brandဖြစ်နေဖို့မလိုဘူး.. စ.စ်ရှောင်တွေအတွက်လှူမှာမို့ပါ”ဆိုပြီး အတန်တန်ပြောခဲ့တယ်။ ဒီဘက်မှာအရမ်းအေးလို့ “အနွေးထည်ပဲယူမယ်.. နွေးရင်ကိုရပြီ”လို့ပြောခဲ့ကြတယ်။ သူတို့ဘက်ကလည်း အဆင်ပြေတယ်ဆိုပီးပြောတယ်..အထည်50ကို 25000နဲ့ ၊အထည်650ကို 325000ပေးမယ်ဆိုပြီး အဆင်ပြေခဲ့ကြတယ်။(နောက်ပြီးသူတို့က စ.စ်ရှောင်အတွက်မို့ သူတို့လည်း အထည်150ထပ်ဖြည့်ထည့်ပေးလိုက်မယ်ဆိုပြီးပါ ပြောခဲ့ကြလို့ အရမ်းတွေတောင်ကျေးဇူးတင်ခဲ့ရတာ။

တကယ်ကျေးဇူးတင်နေခဲ့တာပါအဲ့အချိန်က)ဈေးအဆင်ပြေပြီး နောက်တစ်ရက်မှာ လူကိုယ်တိုင် သူတို့ဆီသွားပြီး ပစ္စည်းသွားကြည့်ခဲ့ကြတယ်.. အဲ့အချိန်မှာပြတဲ့ပစ္စည်းတွေက အားလုံးအဆင်ပြေတယ်။ ပစ္စည်းတွေကို ဒီဘက်ကိုပို့ပေးတဲ့ ကြားကနေကူညီပေးတဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်အနေနဲ့ကလည်းဒီအထည် 800ကို သူ့အိမ်ကိုသယ်လိုက်၊ နောက်ပြီး ပို့မယ့်လမ်းကြောင်းပေါ်သယ်သွားလိုက်လုပ်ဖို့ကလည်း ရန်ကုန်မှာ အဆင်ပြေတဲ့အခြေအနေမဟုတ်ဘူး။ အဲ့တော့ ပထမအနေနဲ့ တစ်ရက်သွားကြည့်တာအဆင်ပြေတော့ ပို့မယ့်ရက်မှ လာသယ်မယ်ဆိုပီး ပြောခဲ့တယ်

နောက်ရက်မှာ သွားသယ်ခါနီး “ပစ္စည်းတွေရောက်ရင်ကြည့်မယ်.. မပိတ်ထားလိုက်နဲ့”ဆိုပြီးဖုန်းဆက်လိုက်တယ်.. ‘ဟုတ်ကဲ့’လို့ သူတို့ဘက်ကပြောသွားတယ်.. အဲ့တိုက်ခန်းကိုလည်းရောက်ရော သူတို့က ကတ်ဖာတစ်ဖာပဲ အဖုံးဖွင့်ထားပေးတယ်.. အဲ့ဖာကိုတော့ အပေါ်ယံလေးတွေကိုကောင်းတာလေးထည့်ပေးထားကြတယ်..

ကျန်တဲ့ဖာတွေပြန်ထုတ်စစ်ဖို့ကြတော့လည်း “ဪ သူတို့တောင် အထည်150တောင် အပိုပေးသေးတာပဲ”ဆိုတဲ့စိတ်၊ “စ.စ်ရှောင်တွေအတွက်လှူဖို့လုပ်ကြတာမို့ ဘယ်လိုရောင်းသူမှဒါမျိုးည.စ်ပ.တ်မှာမဟုတ်လောက်ဘူး”ဆိုပြီး ယုံကြည်မိတဲ့စိတ်နဲ့ မစ.စ်ကြည့်တော့ပဲ ယူခဲ့လိုက်တယ်..

အခုတော့ ရောက်လာတဲ့အထည်တဲ့.. ကိုယ်တွေမှာလိုက်တဲ့ အနွေးထည်တဲ့ဗျာ.. တစ်ပုံချင်းသာကြည့်ကြပါတော့.. တစ်ချို့အထည်တော်တော်များများဆို ဘယ်နားက လက်ပေါက်သျှိုရမလဲတောင် မသိဘူး။ တစ်ချို့အထည်တွေက ကြယ်သီးတစ်လုံးမှမပါဘူး။ တစ်ချို့က ဆ.က်စ.ီလက်တစ်လုံးအစု.တ်အပြ.တ်တွေ.. တစ်ချို့က ဘောင်းဘီမျှော့ကြိုးမကောင်းတော့တာတွေ ၊တစ်ချို့ဘောင်းဘီဆို ဂွပြ.ဲ ဖ.င်ပြ.ဲတွေ..မကောင်းတာတွေချည်း ရွေးပီး ထည့်ပေးလိုက်သလိုပဲ။

ပစ္စည်းတွေရောက်လို့ဖွင့်ကြည့်လိုက်တာ အမောကိုဆ.ို့သွားတာပဲ။ မှာထားတာအနွေးထည်ပါ.. ဘာလို့ဒါတွေဖြစ်နေလဲပေါ့။ အာ့နဲ့အကုန်ဖွင့်စစ်ကြည့်တော့ အနွေးထည်ဆိုတာ ဘယ်ဆီနေမှန်းမသိဘူး.

ဒါနဲ့ ရောင်းတဲ့သူကို ချက်ချင်းဖုန်းဆက်ပြောတော့ တစ်ခုခုလွဲနေပြီတဲ့.. သူတို့ထည့်ပေးတာ အဲ့တာမဟုတ်ဘူးဆိုပီးပြောတယ်. ကိုယ်ကလည်း ဒီကိုရောက်လာတာက ဒါတွေဒါတွေဆိုပြီး ပုံတွေရိုက်ပို့တော့ မကောင်းတာတွေပဲ ရိုက်ပြနေတာကိုတဲ့.. (ကောင်းတာရိုက်ပြရအောင် ကောင်းတာမှမပါတာ ဘယ်လိုရိုက်ပြမလဲ။) ဒါနဲ့ ကိုယ်ကလည်း အထည်၁၅၀ ယူထားမယ်.. ကျန်တာအကုန် Yangonပြန်ပို့ပေးမယ်.. cash သုံးပုံနှစ်ပုံပြန်ပေးပါဆိုတော့

မနေ့ညတုန်းက သူတို့ဖက်က သဘောတူခဲ့တယ်..ဒီမနက်လည်းရောက်ရော.. သူတို့မျက်စိရှေ့ဖြစ်တာမဟုတ်လို့ တာဝန်မယူနိုင်ပါဘူးတဲ့. ဘယ်လိုတောင်လုပ်ရက်တဲ့ လူတွေလဲကွာ. ဒီပိုက်ဆံသုံးသိန်းကျော်ကို ပုံမှန်အခြေအနေမှာဆိုရင် ငါတို့ည့.ံလို့ ခ.ံလိုက်ရတယ်ဆိုပြီးပဲစိတ်ဖြေလိုက်တယ်။ခုက စ.စ်ရှောင်တွေအတွက် အလှူခံထားရတဲ့ငွေတွေ..(အလှူခံရတာ သုံးသိန်းမပြောနဲ့.. သုံးရာတောင်တန်ဖိုးရှိတယ်) ရှာရတာခက်ခဲတယ်..

လှူထားတာလည်း လူတိုင်းရဲ့ချွေးနဲစာတွေချည်းပဲ.. ပိုက်ဆံအပြည့်ပြန်မရတောင် တစ်ဝက်လောက်တော့ပြန်လိုချင်တယ်။ခုက “တာဝန်မယူနိုင်ဘူး”ဆိုတော့ သူတို့ပစ္စည်းမဟုတ်ဘူးပဲ ဗြောင်ငြင်းနေကြတာ။ ကိုယ်တွေတစ်ဖွဲ့လုံး မနေ့ကတည်းက အရမ်း စိတ်တွေည.စ်ကြရတယ်.. အရမ်းလည်းနှမြောတယ်.. လုပ်ရက်လိုက်ကြတာဗျာ.. ပြည်သူတွေလှူထားတဲ့ ငွေနဲ့ဝယ်တာမို့ လ.ိမ်စားတဲ့မင်းတို့တွေ ပြည်သူ့မေတ္တာမဆ.ူးပါစေနဲ့လို့ပဲ ဆုတောင်းပေးလိုက်ပါ

တယ်.. (ကျနော်တို့ကလည်း သေချာလို့ riskယူပီး ဒီပို့စ်တင်တာပါ. အထည်စမှာတဲ့အချိန်ကစပီး လက်ရှိအထိပြောထားတဲ့ Screenshot & Recordingသက်သေ အကုန်ရှိပါတယ်)လိပ်စာ – ကမာရွတ်၊ ဗဟိုလမ်း၊ ဆိုက်ကားဂိတ်မှတ်တိုင်၊ အောင်ကောင်းစံလက်ဖက်ရည်ဆိုင်ရှေ့၊ Good Brother’s ညာဖက်အပေါ် ၃လွှာ (အောက်မှာ ပုံပါပါတယ်) ph no – 09787402530။ အထည်အမျိုးအစားနဲ့ အရေအတွက်လည်း အောက်မှာရေးပေးထားပါ

တယ်.အထည် ၈၀၀ လည်းမပြည့်ပါဘူး.. အားလုံးပေါင်း ၅၃၈ထည်ပဲရှိပါတယ်။… မူရင်းပို့စ်ပိုင်ရှင်အား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ်။ နောက်လူတွေ အလိမ်အညာမမိစေဖို့ ဒီအကြောင်းအရာအား တစ်ဆင့်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်ဗျ။