ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနက ဖုန်းခေါ်ဆိုမှုနှင့် Data ဈေးတွေ မကြာမှီ ပြောင်းလဲ သတ်မှတ်ပါတော့မည်ဟု သတင်းများထွက်ပေါ်
|ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနက ဖုန်းခေါ်ဆိုမှုနှင့် Data ဈေးတွေ မကြာမှီ ပြောင်းလဲ သတ်မှတ်ပါတော့မည်ဟု သတင်းများထွက်ပေါ်
လူမှုကွန်ယက် စာမျက်နှာတွင် ပုံပါနှံုးထားအတိုင်း ရှိလာနိုင်ကြောင်း ရေးသားဖေါ််ပြလျှက်ရှိသည်။ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။
၂၀၂၂ တွင် မြန်မာ့လူဦးရေ၏ထက်ဝက်ခန့် ဆင်းရဲတွင်းသို့ သက်ဆင်းမည်ဖြစ်ကြောင်း ကုလ ဆိုထားပြန်သည်။(ဘာသာပြန်)
ရိုက်တာ၊ ဒီဇင်ဘာ ၁။
ကပ်ရောဂါဘေးဆိုက်မှု နှင့် စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲသက်ရောက်မှုအဖြစ် မြန်မာတွင် မြို့ပြဆင်းရဲမွဲတေမှုနှုန်းသည် ၃ ဆဖြစ်လာနိုင်သည့်အနေအထားတွင်ရှိနေပြီး ၂၀၂၂ တွင် နိုင်ငံ့လူဦးရေ၏ ထက်ဝက်နီးပါးမှာ ဆင်းရဲမွဲတေမှုမျဉ်းအောက်ကို ရောက်ရှိနိုင်ကြောင်း ကုလ က ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၁) တွင်ဆိုခဲ့သည်။
ဖေဖေါ်ဝါရီ ၁ ရက်တွင် ငြိမ်းချမ်းရေးနိုဗယ်ဆုရ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းခဲ့ခြင်းသည် တိုင်းပြည်၏ နိုင်ငံရေး နှင့် စီးပွားရေး အခြေအနေများကို ဝရုန်းသုန်းကားဖြင့်ပြိုဆင်းစေခဲ့သည်။ ထို့ပြင် ယင်းအာဏာသိမ်းမှုက ကပ်ရောဂါဘေးကို တိုက်ခိုက်နိုင်ရန် ကြိုးပမ်းမှုများကိုလည်း ထိခိုက်စေခဲ့သည်။
မြန်မာသည် ၎င်း၏ ဒီမိုကရေစီဆိုင်ရာ ပြန်လည်တည်ဆောက်မှုများမပြုလုပ်ရသေးခင် ၂၀၀၅ ခုနှစ်ကတည်းက တိုင်းပြည်၏ချို့တဲ့နွမ်းပါးမှုကို လျော့ကျအောင်လုပ်နိုင်စွမ်းမရှိသေးကြောင်း အိမ်ထောင်စု ၁,၂၀၀ ကိုပြုလုပ်ထားသည့် လေ့လာဆန်းစစ်မှုများကို ကြည့်၍ ကုလ ဖွံ့ဖြိုးမှုစီမံကိန်း (UNDP- U.N. Development Program ) ကဆိုခဲ့သည်။
“ဒီလိုနှုန်းနဲ့ ဆင်းရဲတွင်းထဲ မသိမသာ ကျနေတယ်ဆိုတာ လူလတ်တန်းစား ဆိုတဲ့ လူတန်းစားတစ်ခု ပျောက်သွားတာပါ။ ဘေးအကျပ်အတည်းတွေကနေ ပြန်လည်တည်ထောင်နိုင်ဖို့ ကြိုးစားနေတဲ့ နိင်ငံအတွက် ဒီအချက်က နိမိတ်ဆိုးတစ်ခုပါပဲ” ဟု UNDP ၏ အာရှ နှင့် ဖစိဖိတ်ရေးရာ ညွှန်ကြားရေးမှူးဖြစ်သူ Kanni Wignaraja က ထုတ်ပြန်ချက်တွင် ဆိုခဲ့သည်။
ယင်းနှင့်ပတ်သက်၍ စစ်အုပ်စု၏ပြောခွင့်ရပုဂ္ဂိုလ်ကို ရိုက်တာက ဆက်သွယ်မေးမြန်းသော်လည်း တစ်စုံတစ်ရာဖြေကြားခြင်း မပြုခဲ့ပေ။
အဆိုးရွားဆုံးအနေဖြင့် ဆင်းရဲမွဲတေမှုမျဉ်းအောက်ရှိ လူဦးရေသည် ယခင်က ၂၄.၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုအခါ နှစ်ဆတက်လာပြီး ၄၆.၃ ရာခိုင်နှုန်းဖြစ်လာကာ မြို့ပြဆင်းရဲမွဲတေမှုနှုန်းသည် ၂၀၁၉ တွင် ၁၁.၃ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၂ တွင် ယင်း၏ သုံးဆ ခန့်ဖြစ်သော ၃၇.၂ ရာခိုင်နှုန်းထိ ရှိလာမည်ဖြစ်ကြောင်း ကုလ က ခန့်မှန်းပြောကြားသည်။

လေ့လာဆန်းစစ်မှုများပြုလုပ်ထားသော မြို့ပြနေပြည်သူများ၏ ထက်ဝက်ခန့်က ၎င်းတို့တွင် စုဆောင်းထားသောငွေများ မကျန်တော့ကြောင်း၊ သုံးပုံနှစ်ပုံခန့်က ၎င်းတို့အနေဖြင့် ငွေကြေးအဆင်ပြေရန် မိသားစု၏အဓိက သယ်ယူပို့ဆောင်ရေးယာဉ်ဖြစ်သည့် ဆိုင်ကယ်ကို ရောင်းချလိုက်ရကြောင်း ပြောကြားကြသည်။
အိမ်ထောင်စုများတွင် အစားအစာလျော့ပါးလာသည့် ပြဿနာ နှင့် အထက်တန်းအဆင့် ကျောင်းနုတ်ထွက်သည့်နှုန်းမှာလည်း မြင့်မားလျှက်ရှိသည်။
လူလတ်တန်းစားအများစုနေထိုင်သည့် ရန်ကုန်နှင့်မန္တလေးကဲ့သို့သော အဓိကမြို့ကြီးများတွင် အသေးစားစီးပွားရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်းမှသည် လက်လီနှင့် အထည်အလိပ်လုပ်ငန်းအထိ အနှောက်အယှက်များရှိနေခြင်း နှင့် လုပ်ခလစာလျော့နည်းလာခြင်း၊ အလုပ်ဆုံးရှုံးမှုများဖြစ်ပေါ်လာခြင်း တို့ရှိကြောင်း UNDP ကဆိုသည်။

“မည်သည့်အရေးယူဆောင်ရွက်မှုကိုမျှ မပြုလုပ်ဘူးဆိုရင် မျိုးဆက်တစ်ဆက်လုံး ယခုကဲ့သို့ ဘေးသင့်ခံနေရမည်ကို ဆက်မြင်နေရမှာပဲ။ စစ်ကြောင့် မျိုးဆက်တစ်ခုကို ဆုံးရှုံးရရုံသာမက၊ အစာရေစာပျက်လပ်မှု၊ အဟာရချို့တဲ့မှု နဲ့ အလွန်အမင်း ဆင်းရဲမွဲတေမှု့တို့ကြောင့် ဖြစ်ပေါ်လာတဲ့ အဟန့်အတားတွေ နဲ့ ချို့ယွင်းချက်တွေကြောင့်ပါ မျိုးဆက်တစ်ခုလုံးကို ဆုံးရှုံးရမလိုဖြစ်နေတယ်” ဟု ကုလ အရာရှိ Kanni Wignaraja က ထည့်သွင်းပြောခဲ့သည်။
ကိုဗစ် ရောဂါကပ်ဆိုက်မှုရှိခဲ့သော်လည်း မြန်မာ၏စီးပွားရေးသည် တိုးတက်လာနိုင်ချေရှိခဲ့သည်ဟု စစ်အာဏာမသိမ်းခင်က ကမ္ဘာ့ဘဏ်သည် ဟောကိန်းထုတ်ခဲ့သော်လည်း ယခုအခါတွင် မြန်မာ၏စီးပွားရေးသည် ၁၈ ရာခိုင်နှုန်းကျော် ကျုံ့မည် (ကျဆင်းမည်) ဖြစ်ပြီး ၎င်း၏အိမ်နီးချင်းနိုင်ငံများနောက်တွင် များစွာပြတ်တောက်ကျန်ခဲ့မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ကဆိုသည်။ပုံ-The Borgen Project