ရွှေဈေးတွေ ပြန်တည်ငြိမ်လာလို့ ရွှေတိဂုံစေတီတော်မှာ ရွှေစင်တစ်ကျပ်သားကို ငွေကျပ် ၁၆သိန်း ဖြင့် ပြန်လည် လှူဒါန်းနိုင်ပြီလို့ ဂေါပကအဖွဲ့ပြော

ရွှေဈေးတွေ ပြန်တည်ငြိမ်လာလို့ ရွှေတိဂုံစေတီတော်မှာ ရွှေစင်တစ်ကျပ်သားကို ငွေကျပ် ၁၆သိန်း ဖြင့် ပြန်လည် လှူဒါန်းနိုင်ပြီလို့ စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ပြောကြားလိုက်ပါတယ်။

ယခုအခါတွင် ရွှေဈေးနှုန်းများ ပြန်လည်တည်ငြိမ်လာပြီ ဖြစ်ပြီး ဘုရားဖူး အများပြည်သူအလှူရှင်များအနေဖြင့် ရွှေစင်ပြားများ လှူဒါန်းလိုပါသဖြင့် အလှူရှင်များ လှူဒါန်းနိုင်ရန်အတွက် ရွှေစင်တစ်ကျပ်သားလျှင် ငွေကျပ် ၁၆သိန်း သတ်မှတ်အလှူခံမည့်အကြောင်း

ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်ရှေးဟောင်း ဗုဒ္ဓ ရုပ်ပွား‌တော်များ တန်ဆောင်းမှာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲ အခမ်းအနားတွင် လျှောက်ထားခဲ့ရာ ဩဝါဒါစရိယ ဆရာတော်ကြီးများက သင့်မြတ်ကြောင်း ဩဝါဒကထာများ မြွက်ကြား တော်မူခဲ့ပါတယ်လို့ ဆိုပါတယ်။

ယင်းအခမ်းအနားတွင် သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယ၊ ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ၊အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွာမပရိယတ္တိစာသင်တိုက်၊ ပဓာန နာယကဆရာတော်ထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာကြား၍ ရေစက်ချအမျှပေးဝေခဲ့ပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြ တယ်လို့ဆိုပါတယ်။

Add a Comment

Your email address will not be published.