အမျိုးသား၂ ဦး ဆိုင်ကယ်စီးနင်းခွင့်ရတဲ့ ကယ်ရီ အသင်း ဖွဲ့စည်း

မြိတ်မှာ အမျိုးသား၂ ဦး ဆိုင်ကယ်စီးနင်းခွင့်ရတဲ့ ကယ်ရီ အသင်းဖွဲ့စည်း
ထား၀ယ်၊ နို၀င်ဘာ ၂၉
တနင်္သာရီတိုင်း၊မြိတ်မြို့မှာလစဥ်ကြေး ၅ထောင်ပေးသွင်းပြီ အမျိုးသား ၂ ဦးစီးနိုင်မယ့် ဆိုင်ကယ်ကယ်ရီအသင်းကို နို၀င်ဘာ ၂၈ရက်နေ့မှာဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာ အုပ်စုရှိ အဝေးပြေးကားဝင်းမှ အသင်းဝင်ဦးရေ ၄၀ ကျော်၊ ဆိုင်ကယ်အစီးရေ ၄၀ ကျော်နဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ဖွဲ့စည်းလိုက်တာဖြစ်ပြီး မြို့တွင်းက ဆိုင်ကယ်ကယ်ရီသမားတွေ အဆင်ပြေအောင် စီစဉ်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။
အသင်းဝင်ထားတဲ့ သူတွေအနေနဲ့ ဆိုင်ကယ်မှာအမျိုးသား ၂ ဦး စီးနင်းခွင့်ရမှာဖြစ်ပြီးအသင်းဝင်တွေဟာဆိုင်ကယ်လိုင်စင်၊ယာဉ်မောင်းလိုင်စင်၊မှတ်ပုံတင်မိတ္တူ၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာတွေကို ပေးရမှာဖြစ်ပါတယ်။ဆိုင်ကယ်ကယ်ရီအသင်းဝင်သူတစ်ဦးကို အသင်းဝင်ကြေး၁၀,၀၀၀ကျပ်ပေးဆောင်ရပြီးလစဉ်ကြေးအဖြစ်တစ်လကို ၅,၀၀၀ ပ်ပေးသွင်းရမှာ ဖြစ်ပါတယ်။

SAC တပ်တွေကို နို၀င်ဘာလအစလောက်ထဲက မန္တလေးရန်ကုန်တို့အပါအ၀င်မြို့နယ်တချို့ ဆိုင်ကယ်တစ်စီးကို အမျိုးသား၂ ဦး လိုက်ပါစီးနင်းခွင့် တားမြစ်ပိတ်ပင်ကြောင်း အမိန့်ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *