နတ်ဆေးတမျှ အစွမ်းထက်လှတဲ့ နှာရည်ယို၊ နှာမွှန် ၊နှာပိတ်(ထိပ်ကပ်နာ)ရောဂါအတွက်….ခရေစေ့

နတ်ဆေးတမျှ အစွမ်းထက်လှတဲ့ နှာရည်ယို၊ နှာမွှန် ၊နှာပိတ်(ထိပ်ကပ်နာ)ရောဂါအတွက်….ခရေစေ့ (မူရင်းတင်သူကို ကျေးဇူးတင် လွန်းလို့ မျှဝေပါသည်)
လွန်ခဲ့တဲ့ ၃/၄ လခန့်ကစပြီး နှာမွှန်ရောဂါ စွဲကပ်လာပါတယ်။ အိပ်ယာထချိန် နံက်အစောပိုင်းဆို အတော်လေးမွှန်ပါသည်။ မနားမနေကိုနှာချေပါသည်။အင်္ဂလိပ်ဆေး.. { စီထရင်း (သိုမဟုတ်)ဘာမီတွန်} သောက်ရင် ပျောက်ပါသည်။ ဆေးအာနိသင် ကုန်တာနှင့် ပြန်ဖြစ် ပါတော့သည်။တကယ် မွှန်တဲ့နေ့ဆို စွတ်ကြယ်ဂျိုင်းပြတ်အကျႌ ၃ ထည်လောက် နှာရည်ညှစ်ဖို့ ဆောင်ထားရပါသည်။ တရားထိုင်ချိန်၊ တရားမှတ်ချိန်ဆို နှာရည်တွေ တောက်တောက်.. တောက်တောက်နဲ့ အောက်ကို စီးကျနေလောက်အောင်ကို မွှန်ပါတယ်။

အနံဆိုးများတော့ မထွက်သေးပါ။ လွန်ခဲ့တဲ့ ၃ လခန့်က fbပေါ်မှာ ဦးဇင်း တစ်ပါးတင် ထားတဲ့ ပိုစ်လေးတစ်ခု ဖတ်ရ ပါသည်။ သူ ၁၄ နှစ်တိုင်တိုင် ငွေ သိန်းချီ ကုန်ပြီး အင်္ဂလိပ်ဆေးနဲ့ ကုသလို့မပျောက်တဲ့ နှာမွှန်ရောဂါကိုခရေစေ့ကို သွေးလိမ်း၊ ခရေစေ့ကို မီးဖုတ်၊ မီးဖုတ်ထားတဲ့အစေ့ကို ငရုပ်ဆုံမှာ ညက်အောင်ထောင်းပြီး အုန်းဆီ စစ်စစ်လေးနဲ့ ငယ်ထိပ်ပေါ် လိမ်းတာ ၃ ရက်နဲ့ ပျောက်တယ်လို့ တင်ထားတာတွေ့တာနဲ့

ခရေသီးမှည့်ချိန် (အခုအချိန်)ကြုံတာနဲ့ခရေသီး အမှည့်ထဲက အစေ့ကို သွေးပြီး ညအိပ်ယာဝင်ချိန် နှာခေါင်းမှ ာနှာတံဆွဲသလိုလိမ်း၊ နှာဖူးထိပ် (မျက်ခုံးရိုး ၂ ခုကြား) မှာ လိမ်းပြီး ခြောက်တော့ အိပ်ယာဝင်တာ နံက် (တစ်ကြိမ်တည်း လိမ်းရုံ) ထူးထူးခြားခြားကို(၉၀ ရာခိုင်နှုံး)ခန့် သက်သာ ပျောက်ကင်းနေတာ အံသြဖွယ် တွေ့ရပါတယ်။

အခု စာရေးနေချိန်မှာ ဆေးလိမ်းချိန် ၁ ရက်နဲ့ တမွန်းတက်သာ ရှိသေးချိန်မှာ ၉၅ ရာခိုင်နှုံးခန့် ပျောက်ကင်းနေပါပြီ။ (မီးဖုတ်လို့ ထောင်းပြီး အုန်းဆီနှ့င် ငယ်ထိပ်ကို မလိမ်းဖြစ်ပါ)ကျတော်ရဲ့ သူငယ်ချင်းမိတ်ဆွေများ နှာမွှန်၊ နှာပိတ် (ထိပ်ကပ်နာ) ဖြစ်ခဲ့လို့ စိတ်ညစ်နေခဲ့ရင် ငွေကုန်ကြေးကျ မရှိတဲ့ ခရေစေ့လေးသာ သွေးလိမ်းကြည့်ကြပါ လို့ ကိုယ်ပျောက်ခဲ့တာလေး ကို ဝမ်းသာအားရ မျှဝေပါရစေ။Edit..စိတ်ပျက်စရာ နှာမွှန်ရောဂါ ကို ကျတော်လိုပဲ ပျောက်ကင်း စေချင်တဲ့ စေတနာ တစ်ခုတည်းနှင့်သာ မျှဝေခြင်း ဖြစ်ပါသည်။
မေတ္တာဖြင့် ပြန်လည် မျှဝေပါသည်။ မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။crd-phot0

 

Tags:

Add a Comment

Your email address will not be published. Required fields are marked *