တိုင်းရင်းသားပြည်သူများ အချင်းချင်း သံသယစိတ်ကင်းစွာဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ကြပါလို့ စစ်ကောင်စီဥက္ကဌပြော

တိုင်းရင်းသားပြည်သူများ အချင်းချင်း သံသယစိတ်ကင်းစွာနဲ့ အနာဂတ်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြဖို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားပါတယ်။ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့မှာ ကျရောက်တဲ့ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ယခုလို ပြောကြားထားတာ ဖြစ်ပါတယ်။

“တိုင်းရင်းသား ပြည်သူများအနေနဲ့ အမိနိုင်ငံတော်ကြီးကို အမှန်တကယ် ချစ်မြတ်နိုးပြီး အချင်းချင်း
သံသယစိတ်ကင်းရှင်းစွာဖြင့် အပြန်အလှန် လေးစားညီညွတ်လျက် အနာဂတ်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ကောင်းစေတနာ အပြည့်ဇွဲလုံ့လအပြည့်နဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။ ယင်းအပြင် “နိုင်ငံတော်သာယာဝပြောဖို့၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့” ဆိုတဲ့ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်နဲ့အညီ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဘိုးဘွားအမွေ ဖြစ်တဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် အလေးထား ကာကွယ်စောင့်ရှောက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြဖို့ကိုလည်း ၎င်းက တိုက်တွန်းထားပါတယ်။ PPT

Add a Comment

Your email address will not be published.