NUG ငွေတိုက်စာချုပ်ဝယ်ယူမှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထားရသည့် ဗိုလ်ကြီး ဝင်းကိုကိုအုန်း၏ ဇနီးဖြစ်သူကိုပါ ဖမ်း ဆီးရန် စစ်​ကောင်စီရှာဖွေနေ

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်အခြေစိုက် အမှတ်(၁၁) ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ(၁၁)မှ ဗိုလ်ကြီး ဝင်းကိုကိုအုန်းကို အမျိုးသားညီညွတ်ရေးအစိုးရ-NUGထံမှ ငွေတိုက်စာချုပ် ဝယ်ယူမှုနှင့်ပတ်သက်သည့် အထောက် အထားများ တွေ့ရှိသည်ဟုဆိုကာ နိုဝင်ဘာလ ၂၃ ရက်နေ့က စွပ်စွဲဖမ်းဆီးပြီးနောက်အဆိုပါစစ်တပ်တာဝန်ရှိသူများက ၎င်း၏ဇနီးဖြစ်သူကိုပါ ဖမ်းဆီးစစ်ဆေး ရန်ရှာဖွေနေကြောင်း သတင်းရရှိသည်။အဆိုပါ ဗိုလ်ကြီး ဝင်းကိုကိုအုန်း၏ ဇနီးသည် တပ်ပြင်ရှိရန်ကုန်မြို့အတွင်း မြို့နယ်တခုတွင် နေထိုင်သူဖြစ်ပြီး ၎င်းကို NUGအစိုးရ ထောက်ခံသူ NLDပါတီအမာခံဖရဲ သီးတဦးဟုစွပ်စွဲကာ ဖမ်းဆီးရန်ရှာဖွေနေခြင်း ဖြစ် ကြောင်း သိရသည်။” သူ့အမျိုးသမီးက တပ်ထဲမှာနေတာမဟုတ်ဘူး။ ရန်ကုန်မှာနေတာ။ သူ့အမျိုးသမီးကိုလည်းNLD ပါတီ အမာခံ တပ်တွင်းဖရဲသီးလုပ်တယ်လို့ စွပ်စွဲ ပြီးလိုက်ရှာနေတာ။
NUG ထောက်ပံ့တယ်၊ ငွေ တိုက်စာချုပ် ဝယ်တာတွေနဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဖို့ရှာနေတာ” ဟု ကပစ (၁၁)နှင့်နီးစပ်သူတပ်တွင်းသတင်းရင်းမြစ်တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။ အဆိုပါ ဗိုလ်ကြီး ဝင်းကိုကိုအုန်းကို တပ်တွင်းသတင်းများပြင်ပသို့ပေးပို့နေသည့် တွပ်တွင်းဖရဲသီးဟုဆိုကာကပစ(၁၁) အကြီးတန်းစစ်အရာရှိများက စောင့်ကြည့်မှုများပြုလုပ်နေခဲ့ကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ဘက်မှရပ်တည်၍ ဝါဒဖြန့်ရေးသားမှုများပြုလုပ်နေသည့် ”ဟန်ငြိမ်းဦး”ကလည်း ဗိုလ်ကြီး ဝင်းကိုကိုအုန်း သည် တပ်တွင်းဖရဲသီးတဦးဖြစ်ပြီး စစ်တပ် တာဝန်ရှိသူများမှအရေးယူပေးပါရန်ဟုဆိုကာ ရေးသားတိုင်ကြားခဲ့ကြောင်း သိရသည်။

တပ်မတော်နည်းပညာတက္ကသိုလ်(DSTA)အပတ်စဉ် – ၁၄ ဆင်း ဗိုလ်ကြီး ဝင်းကိုကိုအုန်း ကို ကပစ(၁၁)တာဝန်ရှိသူများက နိုဝင်ဘာ ၂၃ရက်နေ့တွင် ရုတ်တရက် ဖမ်းဆီးထိန်းသိမ်းပြီးနောက် ၎င်း၏စမတ်ဖုန်းအတွင်းမှ NUG ငွေတိုက်စာချုပ်ဝယ်ယူမှုနှင့်ပတ်သက်သည့် အထောက် အထားများတွေ့ရှိသည်ဟုဆိုကာ တပ်တွင်းဗဟိုကင်းအချုပ်ဖြင့်ဖမ်းဆီးပြီး စစ်ခုံရုံးဖွဲ့ စစ်ဆေးရန်စီစဉ်နေခြင်းဖြစ်သည်။
စစ်ကောင်စီသည် ၎င်းတို့၏ တပ်တွင်းကိစ္စရပ်များ ပြင်ပသို့မပေါက်ကြားစေရန် သတင်းများဖုံးဖိအမှောင်ချနိုင်ရေးအတွက်၎င်းတို့ လက် အောက်ရှိ အရာရှိ/စစ်သည်မိသားစုများကို ညွှန် ကြားချက်များအမျိုးမျိုးထုတ်၍ ကန့်သတ်မှုများ ပြုလုပ်နေပြီး တပ်တွင်းဒီမိုကရေစီ လိုလား သူ(ဖရဲသီး)များကိုလည်း ၎င်းတို့ကိုဆန့်ကျင်သည်ဟုဆိုကာ အကြောင်းအမျိုးမျိုးဖြင့် ရှာဖွေ ဖမ်းဆီးမှုများပြု လုပ်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။ပုံစာ – စစ်ကောင်စီ၏ဖမ်းဆီးခြင်းခံထားရသည့် ကပစ (၁၁)မှ ဗိုလ်ကြီး ဝင်းကိုကိုအုန်း

 

 

 

Add a Comment

Your email address will not be published.