ကမ္ဘာမှာ အသက်ငယ်ဆုံးဓားစာခံ (၂) နှစ်သမီးလေး အင်းစိန်ထောင်မှ လွတ်မြောက်နိုင်ခြေမရှိသေးဟု သိရ

၂ နှစ်ကျော်သမီးငယ်ကို ချီပိုးထားသဖြင့် ကပိုကရိုဖြစ်နေသော အသက် ၃၀ ကျော်အရွယ် အမျိုးသမီးသည် လက်တစ်ဖက်က ပြေကျတော့မည့် ထဘီကို ထိန်းရင်းအင်းစိန်ထောင်၊ အမျိုးသမီးအချုပ်ဆောင်ကို ရောက်ရှိလာသည်။

အတူဖမ်းဆီးခံရသည့် ကလေး၏ အဘွား၊ ထိုအမျိုးသမီး၏ အသက် ၅၀ ကျော်အရွယ် ယောက္ခမလည်း အခြားအခန်းတစ်ခုသို့ ရောက်ရှိသွားသည်။မတ်လ ၃၀ ရက်နေ့က မြေးအဘွား ၃ ယောက် ထောင်ထဲဝင်လာသည်ကို တွေ့ရသည့် အကျဉ်းသားများ ခဏတာ ဆွံ့အသွားကြသည်။
Myanmar Now မှ တင်ထားသည့်ပုံ 

ကလေးငယ်ကို နံရံလေးဘက်ထဲတွင် တွေ့လိုက်ရသဖြင့် စိတ်မချမ်းမမြေ့ဖြစ်ရသည်ဟု ထောင်မှ ပြန်လွတ်လာသည့်အမျိုးသမီးတစ်ဦးက ပြောသည်။“ရောက်ရောက်ချင်းမှာ သူ့တို့ သမီးယောက္ခမနှစ်ယောက်ကို

အတူတူမထားဘဲ အခန်းခွဲထားတယ်။ စိတ်ညစ်ညူးစရာတွေ ပြည့်နေတဲ့ ကျွန်မတို့လို အဖမ်းဆီးခံပြည်သူတွေက သူတို့သားအမိကို မြင်ရတော့ ပိုပြီး သောကဖြစ်ရတယ်” ဟု ထိုအမျိုးသမီးက ဆိုသည်။သူတို့ ထောင်ထဲရောက်လာကြခြင်းမှာစစ်ကောင်စီတပ်က ဖမ်းဆီးလိုသည့် ကလေး၏ ဖခင်ဖြစ်သူ စည်ပင်သာယာရေးဌာနဝန်ထမ်းကို ရှာမတွေ့သဖြင့် သူတို့ကို ဓားစာခံလုပ်လိုက်ခြင်းပင်။

စစ်ကောင်စီက ဇွန်လကုန်ပိုင်းနှင့် အောက်တိုဘာလလယ်ပိုင်းတွင် ထောင်နှင့်ချီသော အကျဉ်းသားများကို ပြန်လွှတ်ပေးသော်လည်း ထိုအမျိုးသမီး ၃ ဦးမှာ နာမည်ကျော် အင်းစိန်ထောင်ထဲတွင်သာ ဆက်ရှိနေသည်။

Add a Comment

Your email address will not be published. Required fields are marked *