fbpx

ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆရာတော်ကြီးများ၏ သဘောထားအမြင်များ

ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆရာတော်ကြီးများ၏ သဘောထားအမြင်များ

ဆရာတော်ကြီးများ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထားအမြင်များအကြောင်း အပြည့်အစုံကို ဆောင်းပါးမှာဖတ်ရှုနိုင်ပါပြီ။

ဒကာမကြီးရေ တောင့်ထားအုံး၊ တကာမကြီးလဲလို့ မဖြစ်ဘူး ၊ တကာမကြီးလဲရင် တိုင်းပြည်ပျက်မှာ။ ” လို့သက်တော်ရှည် ဝါဆိုဆရာတော်ကြီးက မိန့်ဆိုခဲ့ဖူးပါတယ်။

“ ဒီဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်လို စွန့်လွတ်ရဲဖို့၊ ပေးဆပ်ရဲဖို့ဆိုတာ မလွယ်ဘူးနော်။ သူတော်ကောင်းဆိုတာ သာမာန်လူတွေစွန့်လွတ်နိုင်ခဲတဲ့ စွန့်ခြင်းကြီးတွေနဲ့ပါရမီဖြည့်ကြတယ်။ ” ဟု မဟာဗောဓိမြိုင်ဆရာတော်ကြီးကလည်း မိန့်ဆိုခဲ့ဖူးပါတယ်။

ပါချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသကတော့ “ ဘာသာတရားကိုင်းရှိုင်းပြီး တိုင်းပြည်ကို ချစ်မြတ်နိုးသည့် အမျိုးကောင်းသမီး သင်မျှော်မှန်းသည့် ငြိမ်းချမ်းရေးရပါစေ။ ” လို့ မိန့်ကြားဖူးပါတယ်။

ရှိတော့ရှိတယ် ရှားတယ်၊ တုနိူင်းမမှီ လူ့တိုင်းပြည်ကို အသက်ကိုစွန့် မရွံ့စိတ်ထား မေတ္တာများဖြင့် တ ရားဓမ္မသစ္စာချ၍ အုပ်ချုပ်သည် အမေစုလို ထိုထိုကမ္ဘာ လူများစွာမှာ ရှိတော့ရှိတယ် ရှားတယ်။ ဟု ကင်းဝန်မင်းကြီးဆရာတော်က မိန့်ကြားဖူးပါတယ်။

နိုင်ငံရေးမှာလည်း ဓမ္မကိုသင်ယူရတယ်၊ ဒေါ်အောင်ဆန်းစုကြည် ဓမ္မကိုတတ်လို့သာ ဓမ္မကြောင့်မကော င်းတဲ့ စိတ်နေစိတ်ထားတွေကိုဖယ်ရှားနိုင်တယ်။

ဘယ်လောကဓံနဲ့တိုက်တိုက်သူကခံနိုင်ရည်ရှိတယ်။ ဓမ္မမပါလို့ကေတာ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သာ မန်စုကြည်ပဲဖြစ်မှာပေါ့။ ” လို့ မြဝတီမင်းကြီးဆရာ တော်က မိန့်ကြားဖူးပါတယ်။

ဝန်းရံကြ – ဝန်းရံကြ သူမမှာ အိပ်မက်လှလှတွေ များစွာရှိတယ် ကျန်တာတွေ မယ်မယ်ရရ ငါမသိပေမယ့်အဲ့ဒါတော့ ငါအတိအကျ သိပါတယ်။ ” လို့ဗားကရာမစိုးရိမ်ဆရာတော်ကြီးက မိန့်ဆိုခဲ့ဖူးပါတယ်။

ဓမ္မပီယဆရာတော် အရှင်သံဝရာလင်္ကာရကတော့ သူတော်စင်လို့ အာမမခံနိုင်ပေမယ့် သူတော်ကောင်းဆိုတာ အကြွင်းမဲ့ယုံကြည်တယ် ယနေ့မြန်မာနိုင်ငံရေးမှာ။

သူသည် အတော်ဆုံး၊ အကောင်းဆုံး ဒါကြောင့် ကျု ပ်တို့သည် သူ့တစ်သက် ကိုယ့်တစ်သက် ထပ်တူညီမှ ဖြစ်မယ်။ ” လို့ မိန့်ကြားဖူးပါတယ်။

ပြန်လည်မျှ‌ေ ဝပါသည်။ သင်လဲ Share သွားပေးပါ။ ကျေးဇူးတင်ပါသည်။

Add a Comment

Your email address will not be published. Required fields are marked *