ထန်တလန်မြို့ကဆိုရင် အဆောက်အဦးတွေ၊ အိမ်တွေပြန်ဆောက်ရင် အခမဲ့ မေတ္တာဖြင့်လုပ်ပေးမဲ့ Structure Designer တစ်ဦး

ထန်တလန်မြို့က အဆောက်အအုံ Structure Designကို မေတ္တာဖြင့် လုပ်ပေးမယ်ဟုဆို

ချင်းပြည်နယ်၊ ထန်တလန်မြို့က လူနေအဆောက်အဦး ၊ ဘာသာရေးအဆောက်အဦးတွေ ၊ စျေး စတဲ့ Structure Designအားလုံးကို မေတ္တာဖြင့် လုပ်ပေးပါ့မယ်လို့ အင်ဂျင်နီယာ ကျော်သူနိင်က ၎င်းလူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားပါတယ်။
Kyaw Thu Naing အကောင့်ပိုင်ရှင်က ဘဝမှာ ချင်းပြည်နယ်အတွက် မနှစ်က Chruch ကျောင်းတစ်ခုကို Structure Design လုပ်ပေးခဲ့ဖူးတယ်။ အခုချင်းပြည်နယ် ထန်တလန်မြို့အတွက်….
၁။ ဆုတောင်းပေးမယ်…

၂။ ဘာသာရေးအဆောက်အဦးတွေ ၊ အိမ်တွေပြန်ဆောက်ရင် အလှူငွေထည့်ဝင်ပေးမယ်….
နောက်ပြီးတော့ ထန်တလန်ကလို့ပြောရင် Structure Design ကိုမေတ္တာဖြင့် လုပ်ပေးပါ့မယ်…. ဆက်သွယ်ပေးပါခင်ဗျာ…
လူနေအဆောက်အဦး ၊ ဘာသာရေးအဆောက်အဦးတွေ ၊ စျေး စသည်ဖြင့်အားလုံးကို မေတ္တာဖြင့် လုပ်ပေးပါ့မယ်။ကူညီချင်ပါတယ်လို့ရေးသားထားပါတယ်။
https://www.facebook.com/kyaw.t.naing.165

Add a Comment

Your email address will not be published. Required fields are marked *