ကိုယ်ပိုင်အိမ်မရှိတဲ့သူတွေက အိမ်တစ်လုံးဆုံးရှုံးရတဲ့ ခံစားချက်ကို ဘယ်သိမလဲလို့ ဒဲ့ပြောလိုက်တဲ့ ပိုင်ဖြိုးသု

ပရိသတ်ကြီးရေ ရုပ်ရှင်လောကမှာ အောင်မြင်ကျော်ကြားပြီးတော့ ‌ပျော်ရွှင်ဖွယ်အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးချော ပိုင်ဖြိုးသုကို သိကြမယ်ထင်ပါတယ်။ သူမဟာဆိုရင်တော့ ၂၀၁၇ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲတွင် ” သရဲမ၊ဘီလူးမ နှင့် မိန်းမပျို ” ရုပ်ရှင်ဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့သူလဲ ဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူးရာတွင် ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့အပြင် သူမရဲ့စိတ်ဓာတ်ဟာလည်း အတုယူအားကျစရာကောင်းလောက်ပါတယ်။ လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူထုလှုပ်ရှားမှုများကို ဖေဖော်ဝါရီလကတည်းမှ စတင်ပြီး ပါဝင်ခဲ့သူ ဖြစ်ပြီး နေ့စဉ်ရက်ဆက် မမောနိုင် မ မပန်းနိုင်အောင် လမ်းမပေါ်ထွက်ကာ ပြည်သူတွေနဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် ပုဒ်မ၅၀၅(က)ဖြင့် တရားဆွဲခံထားရပြီး လက်ရှိမှာလွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပါတယ်။

သူမဟာ လွန်ခဲ့တဲ့နာရီပိုင်းလောက်က ရင်တွင်းဖြစ်ပေါ်နေတဲ့ မခံမရပ်နိုင် ခံစားချက်အချို့ကို သူမရဲ့အကောင့်မှာ ရေးသားထားပါတယ်။” သမာအာဇီဝလုပ်အားနဲ့စီးပွားရှာရတဲ့လူ‌တွေအတွက် ကိုယ်ပိုင်အိမ်တစ်လုံးပိုင်ဆိုင်ဖို့ဘယ်လောက်ခက်ခဲတယ်ဆိုတာကိုသူတို့ဘယ်သိပါ့မလဲ….ပြည်သူဆီက ခိုးထားဝှက်ထားတဲ့ငွေတွေနဲ့ ထားစရာမရှိအောင်ချမ်းသာနေကြတာကိုး….ကိုယ်ပိုင်အိမ်တစ်လုံးတောင်မပိုင်တဲ့သူတို့လက်အောက်ခံထားရာနေစေရာသွားတွေကလည်း သူတို့ခိုင်းသမျှလုပ်မှာပဲ….သူတို့မှအိမ်မပိုင်ဘူးတာ….ချွဲနည်းစာနဲ့ဆောက်ထားတဲ့အိမ်လေးကိုဆုံးရှုံးလိုက်ရတဲ့ခံစားချက်သူတို့ဘယ်သိပါ့မလဲ….စစ်အာဏာရှင်စနစ်အမြန်ဆုံးကျရှုံးပါစေ။ ” လို့ ပိုင်ဖြိုးသု ဟာသူမရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားမျှဝေထားပါတယ်။ သူမဟာအခုဆိုရင် ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်‌မြေမှာ ရောက်ရှိနေတယ်လို့ အနုပညာအသိုင်းအဝိုင်းမှတစ်ဆင့် သိရပါတယ်။

ပရိသတ်ကြီးရေ ချင်းပြည်နယ် ထန်တလန်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှု့သတင်းကြောင့် အနုပညာရှင်များနဲ့ မြန်မာပြည်သူပြည်သား သွေးချင်းများအားလုံးဟာ စိတ်မကောင်းဖြစ်နေကြပါတယ်။ မီး‌လောင်မှု့မှာ ပါဝင်ခဲ့တဲ့
အိမ်ထောင်စုတွေအတွက်လည်း ထောက်ပံ့ကူညီမှု့တွေ လုပ်ဆောင်ဖို့ စီစဉ်နေကြပါတယ်။ မြန်မာပြည်ကြီး အာဏာရှင်ဘေးမှ အမြန်ဆုံးကင်းဝေး‌ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

 

Add a Comment

Your email address will not be published. Required fields are marked *