သေဆုံး ဝန်ထမ်း များနှင့် ရပ်ကျေး အုပ်ချုပ်ရေးမှူး များကို ဂုဏ်ထူးဆောင်ဘွဲ့/တံဆိပ်များ ချီးမြှင့်ရန် မင်းအောင်လှိုင် ညွှန်ကြား

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် က သေဆုံးသွားသည့် ဝန်ထမ်းများနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်များ ချီးမြှင့်ရန် ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် က အစိုးရ အဖွဲ့ကို ထိုသို့ ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် စာအမှတ် ၅၁၁ (၁၈၃) /၁၂ / ဖြင့် စစ်ကောင်စီရုံးက သက်ဆိုင်ရာ ဌာနများ့ညွှန်ကြား စာထွက်ရှိလာပြီး ယင်းညွှန်ကြားစာတွင် မင်းအောင်လှိုင်၏ ညွှန်ကြားချက် ၉ ချက်ကို အဓိကထားဖော်ပြထားသည်။အဆိုပါ ညွှန်ကြားချက် ၉ ချက်သည် စက်တင်ဘာလ ၂၈ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည့် စစ်ကောင်စီ ၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီအစည်းအဝေး အမှတ် ၅ / ၂၀၂၁ တွင် မင်းအာင်လှိုင် က ပြောဆိုညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။

မင်းအောင်လှိုင် က သေဆုံးသွားသည့် ဝန်ထမ်းများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များ ချီးမြှင့်ရေးနှင့် ကျန်ရစ်သူ မိသားစုဝင်များကို ထောက်ပံ့ရေးအတွက် ပြည်ထဲရေး နှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ၁ တို့ ညှိနှိုင်းဆွေးနွေးပြီး တင်ပြရန် ညွှန်ကြားထားသည်။ထို့ပြင် မြို့ကြီးများတွင် လုံခြုံရေး တင်းကျပ်စွာ ဆောင်ရွက်ရန် အတွက် ပြည်ထဲရေးနှင့် စရဖက စနစ်တကျ ပူးပေါင်း ဆောင်ရွက်ရန်၊ မင်းအောင်လှိုင် က ၎င်း ညွှန်ကြားထားသည့် ကိစ္စရပ်များကို စနစ်တကျ ပိုင်ပိုင်နိုင်နိုင်ဖြင့် နည်းပညာမျိုးစုံသုံး၍ ဆောင်ရွက်သွားရန် ပြောဆိုကြောင်း သိရှိရသည်။

Add a Comment

Your email address will not be published. Required fields are marked *