မင်းအောင်လှိုင် နှင့် ဇနီးကြူကြူလှတို့ ယနေ့ ရွှေတိဂုံဘုရားတွင် ယတြာချေခဲ့

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့်ဇနီးကြူကြူလှတို့ယနေ့ည၈နာရီခွဲခန့်ကရွှေတိဂုံဘုရားသို့ရောက်ခဲ့ပြီးယတြာချေခဲ့ကြောင်းမျက်မြင်တွေ့ရှိသူများကသတင်းပေးပို့လာသည်။

မင်းအောင်လှိုင်တို့ မိသားစုကို ဝစီပိတ်ဆရာတော်က ဦးဆောင်လာသည်ကိုတွေ့ရပြီး အခြား ဘိုးတော်တစ်ဦးလည်း ပါလာခဲ့သည်ဟု သတင်းရင်းမြစ်က ဆိုသည်။လုံခြုံရေးအင်အား ၂၀ ကျော်ဖြင့် တိတ်တဆိတ်လာရောက်ခဲ့ခြင်း ဖြစ်ပြီး ရှေ့ပြေးယဉ်တန်းပင် မပါခဲ့ဟု သိရသည်။ ည ၉ နာရီခွဲခန့်တွင် ဘုရားပေါ်မှ ပြန်ဆင်းသွားခဲ့ကြသည်ဟု ဆိုသည်။

 

Add a Comment

Your email address will not be published. Required fields are marked *