“မင်းတို့တွေ စစ်တပ်ကို ဘယ်တုန်းက နိုင်ဖူးလို့လဲ” ဟု ပြောခဲ့သည့် အုပ်ချုပ်ရေးမှူး အရက်သောက်နေစဉ် ဖောင်းဒိုင်းခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ဝက်ထီးကန်မြို့နယ်၊ လွှစင်ကျေးရွာအုပ်စု၏ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးအေးစိုးဆိုသူသည် ယမန်နေ့ညနေက ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။ဦးအေးစိုးသည် ဆီဆုံကုန်းကြီးကျေးရွာရှိ အရက်ဆိုင်တွင် အရက်သောက်နေစဉ် သေနတ်သမားများက ၄/ ၅ချက်ခန့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံကပြောသည်။

အုပ်ချုပ်ရေးမှူး ဦးအေးစိုးသည်“မင်းတို့တွေ စစ်တပ်ကိုဘယ်တုန်းကနိုင်ဖူးလို့လဲ ” ဟု ရွာသားများကိုပြောဆိုဖူးပြီး ဖမ်းဆီးခံရသော ရွာသားများထံမှ ငွေညစ်ဖူးသူဟု နာမည်ပျက်ရှိကြောင်း၊ ယင်းအပြင် Psi စလောင်းများဖြုတ်သိမ်းခိုင်းခြင်းနှင့် CDM ဆရာမများကို ခြိမ်းခြောက်ခြင်းတို့လည်း လုပ်ဆောင်ဖူးကြောင်း ဒေသခံကဆိုသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်မြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က ၎င်းတို့လက်ချက်ဖြစ်ကြောင်း ကြေညာထားသည်။ဦးအေးစိုးသည် စစ်ကောင်စီအလိုကျ ပြည်သူလူထု၏ အသက်အိုးအိမ်ကိုပျက်စီးဆုံးရှုံးစေရန် လုပ်ဆောင်နေသည်ဟု အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Photo-CJ ပုံစာ-အုပ်ချုပ်ရေးမှူး ဦးအေးစိုး

Add a Comment

Your email address will not be published. Required fields are marked *