ငါ့မြို့နယ်ကိုလာမပစ်ရဲပါဘူးလို့ လှောင်ပြောင်စိန်ခေါ်တဲ့ အုပ်ချုပ်ရေးမှူးသေနတ်နဲ့ ပစ်ခံရပြီးမုန့်ဟင်းခါးဖြစ်

ငါမြို့နယ်လာမပစ်ရဲပါဘူးလို့ လှောင်ပြောင်စိန်ခေါ်ခဲ့တဲ့ ဒီနေ့မနက် ၉နာရီလောက်မှာ သေနတ်နဲ့ ပစ်ခံလိုက်ရတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဒလန်အကြီးစားဆိုသူ စစ်တပ်ဘေးမှာနေတဲ့ ဦးကြည်အောင်ဖြစ်ပြီး ပုသိမ်ကြီးလမ်းမကြီး ခလရ ၄ တပ်မ ၃၃ တပ်နဲ့ မလှမ်းမကမ်း‌သူနေတဲ့ ရပ်ကွက်မှာပဲ ပစ်ခံလိုက်ရတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

“နထင်ကိုထိတာ သေပဲ တစ်ချက်ထဲပစ်တာ၊နန်းတွင်းဆေးရုံပဲပို့မယ်ထင်တယ်ဗျသေတာကတော့လုံး၀အ  သေပဲ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။သေနတ်နဲ့ပစ်သတ်ခံလိုက်ရတဲ့ သူက စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး CDM နဲ့ ရပ်ကွက်ထဲက လူငယ်တွေကို ခြိမ်းခြောက်နေသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
“ရပ်ကွက်ကတက်ကြွလှုပ်ရှားနေတဲ့ လူငယ်‌တွေကို မင်းကိုငါချက်ချင်းဖမ်းလိုက်လို့ရတယ်၊ ငါ့ဘာမှတ်နေလဲ ပီးတော့CDM၀န်ထမ်းတွေကိုခြိမ်းခြောက်တယ်၊ ခံ၀န်ကတိထိုးခိုင်းဖို့ပြောတယ်၊ ခံ၀န်ကတိလာထိုးတဲ့ Non CDMတွေကိုမတရား ငွေညစ်တယ်ပြီးတော့ သူကပျူစောထီး‌ခေါင်းဆောင် သူ့ကိုသေနတ်လည်း ပေးထားတော့အရပ်ထဲလိုက်ပြီး‌‌ေတာ့ ဆပ်ကြေးကောက်တယ်အလောင်းကစား၀ိုင်းတွေမှာ ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မန္တလေးမြို့မှာ မနေ့ကဆိုင်ကင်လိုင်စင် သက်တမ်းတိုးနေတဲ့ ကညန ရုံးမှာ ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ခဲ့ပြီးဆိုင်ကယ် ၁၀စီးလောက်မီးလောင်သွားသလို လူထိခိုက်မှုတွေ ရှိခဲ့ပါတယ်။မြေလတ်အသံ – Myaelatt Athan

Add a Comment

Your email address will not be published. Required fields are marked *